နန်းတို့hot potဆိုင်ရောက်တော့နန်းတို့စားစရာတွေယူပြီးတော့စားစရာတွေကိုစားပွဲပေါ်တင်လိုက်ပြီးခုံတွေယူပြီးထိုင်လိုက်တယ်။ကျွန်တော်အသားတွေကိုအကင်ဖိုတင်ပြီးကင်လိုက်တယ်။ကျွန်တော်ကင်ပြီးသားတွေကိုမမနန်းတို့ယူပြီးစားကြတယ်။
နန်း"အရသာကတော်တော်ကောင်းတာပဲ။အကင်နံ့လေးဆိုမွှေးနေတာပဲ။ကင်ပေးတာကျေးဇူးပဲနော်၊စိုင်း။နန်းတို့သူငယ်ချင်း၃ယောက်လုံးအကင်မကင်တတ်ဘူးလေ။"
စော"ဟုတ်တယ်။စော၃ယောက်ကင်ပြီဆိုင်ရင်တူးတာကများနေတယ်။အဲ့တာကြောင့်waiterတွေကိုအကူအညီတောင်းပြီးကင်ခိုင်းလိုက်တာများတယ်။"
မိုး"အခုမှအကင်နံ့မွှေးမွှေးလေးနှင့်စားရတော့တယ်။"
စိုင်း"အဲ့တာဆိုများများစားကြနော်။မမတို့အတွက်ကျွန်တော်အများကြီးကင်ပေးမယ်။"
စိုင်းစကားအဆုံးမှာနန်းအပါအ၀င်နန်းတို့သူငယ်ချင်းတွေအားလုံးသွားလေးတွေပေါ်အောင်အထိပြုံးလိုက်တယ်။ကျွန်တော့်အကင်တွေကင်နေတုန်းမမနန်းကကျွန်တော်ကြိုက်တဲ့၀က်သားကင်ကိုခွံပြီးကျွေးတယ်။
နန်း"စိုင်း၊စားလို့ကောင်းလား။"
မမနန်းစကားဆုံးတော့ကျွန်တော်ခေါင်းငြိမ့်ပြလိုက်တယ်။မမနန်းကကျွန်တော်ဗိုက်ဆာမှာဆိုးလို့ကျွန်တော့်ကိုခွံပြီးကျွေးနေတယ်။ကျွန်တော်တို့၂ယောက်ကိုကြည့်ပြီးတော့မမနန်းရဲ့သူငယ်ချင်းတွေကကျွန်တော်တို့ကိုစပါလေရော။💮💮💮💮💮💮💮💮💮💮💮💮💮💮
စော"ဒီမောင်နှမတွေကတော့ပြောကိုမပြောချင်တော့ဘူး။မျက်စိတွေကိုနှောက်နေတာပဲ။"
မိုး"အေးလေ။စောပြောလည်းပြောချင်စရာပဲ။"
နန်း"မျက်စိနှောက်လည်းမျက်စိမှိတ်ပြီးသာနေကြသူငယ်ချင်းတို့ရယ်။ကို့မောင်လေးကိုဂရုစိုက်တာမနာလိုမဖြစ်ကြပါနှင့်သူငယ်ချင်းလေးတို့ရယ်။"
မိုး"ဟုတ်ပါပြီ၊ဟုတ်ပါပြီ။ကျွန်မတို့မျက်စိလေးပိတ်ပါးစပ်လေးပိတ်ပြီးအေးဆေးစားပါ့မယ်ရှင်။"
စော"မိုးပြောသလိုတို့လည်းပါးပိတ်ထားလိုက်ပါပြီရှင့်။"
စကားပြောပြီးတော့ပါးစပ်ကိုတန်းပြီးစိလိုက်တဲ့စောကြောင့်နန်းတို့အားလုံးရယ်လိုက်တယ်။နန်းပြည်ကြီးငါးကင်ကိုတူနှင့်ယူလိုက်ပြီးစောနှင့်နန်းကိုခွံကျွေးလိုက်တယ်။
နန်း"အခုကျေနပ်လိုက်တော့နော်။"
နန်းစကားဆုံးတော့မိုးနှင့်စောတို့ကပြိုင်တူခေါင်းငြိမ့်ပြတယ်။နန်းတို့စားပြီးတော့နန်းပိုက်ဆံရှင်းလိုက်တယ်။စောနှင့်မိုးတို့ကကားမပါတော့နန်းလိုက်ပို့ပေးလိုက်တယ်။ပြီးတော့မှနန်းတို့မောင်နှမနှစ်ယောက်အိမ်ပြန်လာခဲ့တယ်။ကျွန်တော်တို့၂ယောက်အိမ်ပြန်လမ်းမှာမမနန်းရဲ့ဖုန်းကဖုန်းလာတယ်။
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...