"သို့
Mr. Ethan Leeအေးချမ်းစွာနေရစ်ပါ။ ဒီအတောအတွင်း ကျေးဇူးတင်ပါတယ်။
မှ
Jongseong Lee"-🚂
"အစ်ကိုလေး Jongseong ရယ်... သေချာပြန်စဉ်းစားပါဦး။ စိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ့။"
မျက်စိမျက်နှာတွေပျက်ပြီး သူ့ကို တားနေတဲ့ ဂျပန်ကပြားကောင်လေး Riki ကို ကြည့်ပြီး Jongseong ကရုဏာသက်မိသည်။
"အစ်ကို အကြာကြီး စဉ်းစားဆုံးဖြတ်ခဲ့တဲ့ ကိစ္စပါ။ Rikiရဲ့ အမြင်မှာ ၃နှစ်တာက နည်းများနည်းနေလို့လားဟင်။ အစ်ကို ဆက်နေနေလည်း ဘာမှထူးမယ် မထင်ပါဘူး"
"သခင်ကြီးက အစ်ကိုလေးကို သံယောဇဉ်ရှိရှာပါတယ်"
ဒီစကားကို ကြားချိန်တွင်တော့ သူ ဟန်မဆောင်နိုင်ပဲ ပြုံးမိလိုက်လေသည်။
"အင်း။ ရှိချင်လည်း ရှိမယ်။ မရှိချင်လည်း မရှိဘူး။ ဒါက သူ့စိတ်လေ...။ အစ်ကိုက ဘယ်လိုများ သိနိုင်ပါ့မလဲ"
"သခင်ကြီး ပြန်လာလို့ အစ်ကိုလေး ရှိမနေမှန်းသိရင် ကျွန်တော် သေမှာဗျ"
"မင်းရဲ့ သခင်ကြီး အဲ့လောက်မရက်စက်မှန်း မင်းသိပါတယ် Riki...။ ပြီးတော့ ပြဿနာတစ်ခုရှိလာရင် ဘေးလူကို ပတ်ရမ်းပြီး ဖြေရှင်းတာမျိုး သခင်ကြီး Ethan Lee ရဲ့ သမိုင်းမှာ ဘယ်တုန်းကများ ရှိခဲ့ဖူးလို့လဲ"
ဘယ်လိုပဲ တားသည်ဖြစ်စေ စိတ်ပိုင်းဖြတ်ထားပြီးသားပုံရသည့် အစ်ကိုလေး Jongseong ကြောင့် Riki အကျပ်ရိုက်ရသည်။
"မင်းရဲ့ သခင်ကြီးနားမှာနေရတာ အစ်ကို ပင်ပန်းတယ် သိလား။ ကိုယ် တောင်းဆိုဖူးခြင်းမရှိတဲ့ ဘဝမှာ ကိုယ်တိုင်ခြေချုပ်မိနေပြီး တစ်ပါးသူရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီးနေရတဲ့ ဘဝ။ အစ်ကို သိပ်ပင်ပန်းတာပဲ"
"...."
"အစ်ကိုလည်း ကိုယ့်အတွက်ကိုယ် တစ်ခါလောက် လူပီပီသသ ရှင်သန်ချင်မိတယ်။ အထင်သေး အမြင်သေးကြတဲ့ အမျိုးသမီးတွေရဲ့ မျက်လုံးတွေ ကွယ်ရာမှာလေ..."
ဒီလိုကျပြန်တော့လည်း သူတို့အစ်ကိုလေးရဲ့ ဘဝက သနားစရာ။ Riki မတားရက်ပြန်တော့။ သူကိုယ်တိုင်ကလည်း အစ်ကိုလေးကို လွတ်လပ်စေချင်တဲ့ စိတ်ရှိလို့ အခုလို ဘူတာအထိ အထုတ်ဆွဲ လိုက်ပို့ခဲ့တာကိုပဲ ကြည့်လေ။
YOU ARE READING
𝐖𝐚𝐲 𝐁𝐚𝐜𝐤 𝐇𝐨𝐦𝐞...༄
Fanfiction"ကိုယ်မင်းကို ပြန်လာခေါ်တာ Jongseong.... ကိုယ်တို့ အိမ်ပြန်ကြရအောင်" -HeeJay short story