အမုန်းလေးများ ကျေပါစေ♥️
အပိုင်-9&&&&&&&&&&&&&&
ညို ဖုန်းလေး ကောက်ကိုင်ပြီး သူဌေးဟူသော နာမ်စားလေးကို နှိပ်လိုက်လေသည်။
ဘဝင် ရေချိုးရန်အတွက် အင်္ကျီ ချွတ်နေတုန်း.....ဒူ ဒူ ဒူ.....
လူရိုးကြီးဟုပင် ပြောရလောက်အောင် ဘာသံမှ မထည့်ထားပေ။
ဖုန်းမျက်နှာပြင်မှာပေါ်တဲ့ နာမ်စားလေးကတော့
ချာတိတ် တဲ့*ဟယ်လို ....*
တစ်ဘက်မှ ဦးရဲ့ အသံကြားလိုက်ရသောကြောင့်
ညို စကားပြောရန် အားယူနေရသည်။
ဒီအသံ လေး မကြားရတာ ကြာတော့ ပိုပြီး နားထောင်လို့ ကောင်းနေသလိုပင်။*မနက်ဖြန် သမီး အလုပ်ပြန်ဆင်းလို့ရပြီလို့ လှမ်းပြောတာပါရှင့် *
*အေး လုပ်လေ မင်းမရှိတော့ င့ါအိမ် မှာ အဝတ်တေလည်းပုံနေပြီ မနက်ဖန်အလုပ်ဆင်းတော့လည်းကောင်းတာပေါ့ **
*ဟုတ်ကဲ့ *
ညို ပြောပြီးသည်နှင့် ဖုန်းချက်ချင်း ချပစ်လိုက်သည်။
အဲ့လူကြီး ချေသလို ပြန်ချေပြလိုက်ချင်သည်။
ညို အတွေးတို့ကို သိမ်းကာ ဆေးသောက်ပြီး
အိပ်စက်လိုက်လေတော့သည်။မနက်အစောညိုထတော့ မီးဖိုထဲတွင် တကုတ်ကုတ်နှင့်
ချက်ပြုတ်နေသော သူတစ်ယောက်ကို တွေ့လိုက်ရသည်။
မည်သူမျှမဟုတ်ပေ...ညို့ရဲ့ ချစ်သူငယ်ချင်း ချိုပင်ဖြစ်သည်။ညို့မျက်လုံးလေးတွေ အံ့ဩ မှင်သက်သွားရကာ
မီးဖိုထဲသို့ အမြန်ပင် ပြေးလာခဲ့လိုက်ရသည်။*ချို ဘာတွေချက်နေတာလည်း ထူးထူးဆန်းဆန်း*
*ညိုကလည်း ချိုလည်း ချက်တတ်ပါပြီနော်ဟွန့်*
နှစ်ယောက်သား စကားပြောလိုက် ရီလိုက် လုပ်နေလေသည်။ ဧည့်ခန်းတွင် ထိုင်နေသော မေမေ့ကိုတော့ ဘယ်သူမျှ သတိမရကြပေ။
*အဟက် အဟက်
ညည်း တို့ ငါ့ကိုရော မြင်ကြလား ဒီမာထိုင်နေတာ အတော်ကြာပြီ တစ်ယောက်မှ မမြင်ကြဘူး တကယ်ပါဘဲအေ
ဒီမအေကြီးကို ဂရုမစိုက်ကြတော့ဘူးတော်ရေ...*
YOU ARE READING
အမုန်းလေးများ ကျေပါစေ(Completed)
Romanceစာဖတ်သူတွေက ဦးကို ပိုကြိုက်ကြတယ် ထင်တယ်နော် 🥲🥲 ထပ်ရေးနေတာလေး မိတ်ဆက်ပေးမယ်နော် {အမုန်းလေးများ ကျေပါစေ.....} ~~~~~~~~~~~~~~~~ ဇာတ်လမ်းအကျဉ်း...... *ဦး ဘယ်လောက်ဘဲ မုန်းနေပါစေ ပြည့်တန်ဆာရဲ့ သမီးဟာသမီးဘဲ ပြောင်းလဲ သွားတာရှိလာမှ မဟုတ်ဘူး သိရဲ့လား ... ...