အခန်း ၂၇ အပိုင်း ၂
အစေခံထွက်သွားသည်နှင့် တပြိုင်နက် ယွမ်ကော်၏ မျက်နှာက ဒေါသအပြည့်ဖြင့် နီရဲလာသည်။ "သူ(မ)က သူကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ။ ဒါက သခင်မလေးကို အကျဉ်းသားလို ဆက်ဆံတာ မဟုတ်ဘူးလား။ ပြီးတော့ သခင်မလေးကို ခေါ်ဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့တယ်တဲ့လား!"
ရှောင်းယိုနဥ်က မင်းသမီး ဟွေ့ကျင့်နှင့် ပတ်သတ်၍ ဘာတွေဖြစ်နေသည်ကို အမှန်တကယ် မသိသော်လည်း သူမကို အရှက်ရစေရန် ရည်ရွယ်ထားကြောင်း သူမ ခံစားခဲ့ရသည်။
"အဲဒီလူက ထွက်သွားပြီလား၊ မသွားဘူးလားဆိုတာကို သွားမေးကြည့်လိုက်ပါ။ သူထွက်သွားရင် မြန်မြန်ပြန်လာပြီး 'ဆေးဆရာ'ရှာဖို့ ငါ့ကို အပြင် ခေါ်သွားပေး"
သူမက မျက်စိမှိတ်ပြလိုက်ပြီး ယွမ်ကော်ကလဲ နားလည်သည်။ သူမက ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်ပြီး စုံစမ်းမေးမြန်းရန် နံနက်ခင်း၏လေနုအေးထဲသို့ အေးအေးဆေးဆေး တိုးဝင်ကာ ထွက်သွားသည်။
မင်းသမီးဟွေ့ကျင့်က ရှောင်းယိုနဥ်ကိုခေါ်ဖို့ တစ်စုံတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ စေလွှတ်လိုက်ကြောင်း သခင်မကြီးရှောင်းက ကြားသိရသောအခါ သူမကအနည်းနှင့်အများ မပျော်ခဲ့ပေ။ သူမ၏မိသားစုအမည်မှာလည်း ရှောင်းဖြစ်သည်။ မင်းသမီး ဟွေ့ကျင့်က သူတို့၏အိမ်တော်ခွဲကို ဂရုမစိုက်ဘူးလား။
ရှောင်းယိုနဥ်မှာ ခေါင်းကိုက်ပြီး မထနိုင်ကြောင်း အဘွားကြီးရှောင်းက ကြားသိရသောအခါတွင် သူမက တခုခုမှားနေသည်ကို ခံစားလိုက်ရသော်လည်း အနည်းငယ် ပိုပျော်သွားသည်။ အခြေအနေကို ရှင်းပြဖို့ ဧည့်သည်ကို ကိုယ်တိုင်ဖိတ်ခေါ်လိုက်ပြီး တခြားသူတွေကို နေအိမ်ကို ပြန်သွားခိုင်းလိုက်သည်။ တစ်ဖန်၊ ပွဲသို့သွားမည့် မျိုးဆက်သစ်လူငယ်များကို အကြီးဆုံးမင်းသမီးအိမ်တော်သို့ ရောက်လျှင် စကားကို သတိထားပြောရန် မှာကြားခဲ့သည်။
ယွမ်ကော်က ထိုဧည့်သည်အား ပြန်လိုက်ပို့လိုက်သည်ကို မြင်လိုက်ရသည်နှင့် သူမတို့နေထိုင်သည့် ခြံဝင်းဆီသို့ အရှိန်ဖြင့် အမြန်ပြန်လာခဲ့သည်။ သူမက ရှောင်းယိုနဥ်ကို ရိုးရိုးရှင်းရှင်း ဝတ်စားဆင်ယင်ပေးပြီး အပေါ်ဝတ်ရုံကို ၀တ်ပေးလိုက်သည်။ ရှောင်းယိုနဥ်က ထိုနေရာမှ ထွက်ခွာသွားကြောင်း မည်သူ့ကိုမျှ သတင်းမပို့ခဲ့ပေ။
YOU ARE READING
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...