အပိုင်း - ၁၁၇ ( ညကြီးသန်းခေါင် ဘယ်သွားနေတာလဲ )
(မင်း ငါ့ဆီကနေ သိုင်းပညာသင်မလား )
T/n : First half of chapter 117.
"ဘာလို့ သူများဘက် စိုက်ကြည့်နေတာလဲဟမ်"
ကျောက်ယွဲ့မှ ဝမ်းလျိုနျဲန်အား မေးလာသည်။
ဝမ်းလျိုနျဲန်လည်း ခေါင်းခါပြလိုက်၏။ မိမိအပြုအမူမှာ အနည်းငယ် ရိုင်းပြရာကျမှန်းလည်း သတိပြုသွားသည်မို့ တစ်ဖက်သို့ပြန်လှည့်ကာ စားစရာဟင်းများ ရောက်လာဖို့သာ ထိုင်စောင့်နေလိုက်သည်။အရိပ်တပ်သားများက စိတ်ထဲမှ တွေးနေမိကြ၏။
အစားအသောက်အပေါ်ထားသော အမတ်မင်း၏ စိတ်အားထက်သန်မှုမှာ ဘယ်သောအခါမှ မှေးမှိန်မသွားပါ။ ယန်ချွန်းခေါက်ဆွဲဖြစ်စေ၊ ဘုန်းကြီးတံတိုင်းခုန်ကျော်သည့်မုန့်ဖြစ်စေ တည်ကြည်မြိန်ယှက်စွာ စားသောက်ပြနိုင်သဖြင့် မြင်ရသူအပေါင်းကိုပါ စားချင်သောက်ချင်စိတ် လိုက်လံပေါက်ဖွားလာစေသည်။ ဧကရာဇ်ဘက်မှ နန်းတော်ထဲ မကြာခဏ အစားအသောက်ခေါ်ခေါ်ကျွေးနေသည်မှာ အံ့ဩစရာသိပ်မရှိပါချေ။
သခင်မကြီးဝမ်းက ခင်ပွန်းဖြစ်သူအား သတိပေးလာ၏။
"ဒါဆို ကျွန်မ ဆိုင်တာဝန်ခံလု ဒီမှာရှိနေလားလို့ ဝန်ထမ်းလေးကို မေးကြည့်လိုက်ဦးမယ်ရှင်။ ထမင်းဖိုးပေးချင်သလို ကျေးဇူးလည်းတင်ချင်လို့"
"မေမေ"
ထိုစဥ် ဝမ်းလျိုနျဲန်က နှာခေါင်းကို အရှက်ပြေပွတ်လိုက်ကာ ပြောပြလာ၏။
"ထမင်းဖိုးကျသင့်တဲ့ ငွေကို ပြန်ပေးစရာ မလိုတော့ပါဘူးခင်ဗျာ"
"ဘာလို့လဲ၊ သား ရှင်းပေးလိုက်ပြီလား"
သခင်မကြီးဝမ်းက တွေဝေသွား၏။
"မဟုတ်ပါဘူး။ ရှန်းဟိုင်ဆိုင်က နဂိုကတည်းက သားတို့ပိုင်တဲ့ ဆိုင်ပါ"
"သားတို့ပိုင်တဲ့ ဆိုင်?"
သခင်မကြီးဝမ်းမှာ အံ့အားသင့်သွားလေသည်။
အရိပ်တပ်သားများက တညီတညာတည်း ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...