Part 74

2.1K 190 13
                                    

လွမ်ယုကျိသည် ရှန်းရှ၏အကူအညီတောင်းခံမှုကို ငြင်းဆန်ခဲ့ပြီး အခန်းတံခါးကိုပိတ်လိုက်သည်။ 

လွမ်ချာချာလည်း အပြင်မထွက်လာခဲ့ဘူး။  ရှန်းစုရှင်းနှင့် ရှန်းတကျိတို့သည် ပြစ်မှုနှင့် ထိုက်တန်ပြီး သူမက မည်သို့မျှ မကူညီနိုင်ပေ။

လွမ်ယုကျိသည် မျက်ရည်များကိုထိန်းကာ ရှန်းစုရှင်းနှင့် ရှန်းတကျိတို့၏ လွမ်ချာချာအပေါ် နောက်တစ်ကြိမ် ထပ်လုပ်ခဲ့တဲ့ မကောင်းမှုတွေကို မြင်တဲ့အထိ ကြည့်ခဲ့တယ်။

လွမ်ယုကျိက အချက်အလက်ပါတဲ့ စကားလုံးတွေကို စူးစူးစိုက်စိုက်စိုက်ကြည့်ရင်း ရုတ်တရက် သူလက်ထဲက အချက်အလက်အားလုံးကို ဆုတ်ဖြဲလိုက်ပြီး ခေါင်းကို ဆုတ်ကိုင်လိုက်တယ် ။ ဘာလို့လဲ!!  သူ့အမေက ဘာကြောင့်လဲ။  ဒါက သူ့ဦးလေးလား ။ ဘာကြောင့်လဲ။

လက်ထောက်က လွမ်ယုကျိကို ဆက်ခေါ်ပေမယ့် လွမ်ယုကျိက ဖုန်းမကိုင်ပေ ။ လက်ထောက်သည် လက်ထဲမှာရှိသော စာရွက်စာတမ်းများကို ကြည့်လိုက်ပြီးနောက် လွမ်ယုကျိတစ်ခုခုဖြစ်သွားမှာကို ကြောက်၍ လွမ်ရဲ့အိမ်ဆီ ပြေးလာကာ စာရွက်စာတမ်းတွေကို လွမ်ယုကျိထံကိုယ်တိုင် ပေးလိုက်ခြင်းဖြစ်တယ် ။

"ဒါက လင်းမိုယွီ တကယ်ကိုပဲ ။ သူက လူ့အခွင့်အရေးဆိုတာကို နားမလည်ပုံရတယ် "  လင်းမိုယွီသည် ဤကဲ့သို့နတ်ဆိုးတစ်ဦးဖြစ်ကြောင်း လက်ထောက်က မယုံနိုင်ဖြစ်ခဲ့သည်။

လွမ်ယုကျိသည် စာရင်းထဲရှိအချက်အလက်များကို လှန်ကြည့်ကာ ဓာတ်ပုံများကို တစ်ခုပြီး တစ်ခု လှန်ကြည့်ရင်း ပိုကြည့်လေ ခန္ဓာကိုယ်က တုန်လာလေဖြစ်ပြီး နောက်ဆုံးတွင် မမြင်လိုသဖြင့် ဖိုင်တွဲကို ပိတ်လိုက်သည်။

"ခွင့်မလွှတ်နိုင်ဘူး "  လွမ်ယုကျိက လင်းမိုယွီအား လက်စားချေခြင်းနှင့် ပြစ်ဒဏ်ပေးရန်အတွက် ကျိန်ဆိုလိုက်သည်။

လက်ထောက်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်သည်။ ဒါဟာ အလွန်ကြောက်စရာကောင်းခဲ့တယ်။ သူက ပိုက်ဆံအတွက်နဲ့ ဒီလိုစီးပွားရေးလုပ်နိုင်တဲ့လူလို့ တွေးလို့တောင် မရဘူး။ ဘယ်လိုတောင် လူကုန်ကူးမူမျိုးလဲ ။

The Green Tea Female Partner With the Male Lead ( Complete )Where stories live. Discover now