╬ - 14

75 8 12
                                    

ပြိုင်ပွဲနေ့ရောက်လာခဲ့ပြီ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲဆိုတော့ အကြိတ်အနယ် စည်ကားလှတယ်။ ထိုထဲတွင်မှ basketball final ပြိုင်ပွဲကတော့ အကျော်ကြားဆုံးပဲ

Yeonjun Hyung အကြောင်းကိုမသိတဲ့သူ မရှိဘူးလေ ရုပ်ရှိရေလျှံလေးဆိုတော့ နာမည်အကြီးဆုံးဖြစ်နေတော့တယ် သတင်းထောက်တွေအပြင် Yeonjun Hyung ရဲ့ မိဘတွေပါ လာကြည့်ဦးမှာဆိုတော့ ဘယ်ပြောကောင်းမလဲ ခဏပဲဆိုပေမဲ့ လာတယ်ဆိုကတည်းက လူတွေရဲ့ပါးစပ်ဖျားက မချနိုင်စရာပဲလေ။ မလာရမနေရဟု အမိန့်ထုတ်စရာမလို မလာရမှာပင် စိုးရိမ်နေကြသူတွေကြည့်ပင်။

ဟူးးး အဲ့တာက အရေးမကြီးဘူး ပွဲနေ့ကို အထူးသတိထားရမယ် မကြာခင် ရွေးကောက်ပွဲလဲ နီးနေပြီ လူများလေ အခွင့်အရေးများလေးဆိုတော့ တစ်ချက်‌ကလေးမှ လက်လွတ်ခံလို့ မဖြစ်ဘူး စောင့်ကြည့်နေရမယ်

*Kang TaeHyun မျက်စိလျင်လျင်ထားစမ်း* ဟု ကိုယ့်ကိုယ်ကိုသတိပေးနေသော ကောင်လေးကို မြတ်မြတ်နိုးနိုးဖြင့်ကြည့်ကာ အားမွေးနေတဲ့ ကောင်လေးကတော့ မျက်နှာမှာ အပြုံးတွေနဲ့ မသိတဲ့သူတွေကတော့ ချိုသာလွန်းတဲ့ အပြုံးတွေဟာ သူတို့အတွက်များလားပေါ့
ကွင်းထဲ ပြိုင်ပွဲဝင်တွေ ဝင်လာတာနဲ့ အော်ဟစ်အားပေးသံတွေဟာလည်း ကျယ်လောင်လာခဲ့တယ်

"အခုချိန်မှာတော့ ဖိုင်နယ်ပြိုင်ပွဲ စ-----"

**အယ် ကြော်ညာတဲ့သူဘာဖြစ်တာလဲ ဝင်စီးခံရတာလား လုပ်ကြံမဲ့သူတွေရောက်လာတာများလားဟု ဗျာများနေတုန်း ထွက်ပေါ်လာတဲ့ ကြောညာချက်တစ်ခု

"အားလုံးပဲ တိတ်တိတ်နေပေးကြပါ
Kang TaeHyun ဒီပွဲပြီးတာနဲ့ မင်းက ငါ့အပိုင်ပဲ!"

**What???? အလန့်တကြားပြေးသွားလိုက်ပေမဲ့ ရောက်နေတာက Yeonjun Hyung ပင် ကြော်ညာသူရဲ့လက်ထဲက မိုက်ကိုလုပြီးယူပြောနေတာပဲ

"Hyung! ဘာလုပ်တာလဲ လန့်သွားတာပဲ ပြိုင်ပွဲကိုပဲ အာရုံစိုက်ပါ"

"ဟုတ်ပါပြီ ချာတိတ်လေး သေချာစောင့်ကြည့်နေနော် မင်းက ကိုယ့်အပိုင်ဖြစ်လာဖို့ နည်းနည်းပဲလိုတော့တယ် "

"လေကြီးချက် သွားတော့ ပြိုင်ရတော့မဲ့ဟာကို "

"ဟုတ်ကဲ့ပါဗျ"

I Still Do ¶TaeJun¶Where stories live. Discover now