ထယ်ယောင်း အပေါ်ထပ်ကဖုန်းနား သို့သွားလိုက်သည်။ အလွတ်ရပြီးသားဖြစ်သည့် နံပါတ်ကို မြန်မြန် ရိုက်နှိပ်လိုက်ပြီး
အိမ်တော်မှာရှိသည့်ဖုန်းကို ဆက်လိုက်သည်။ တူ.....တူ ဟု အသံပေါ်လာပြီး နောက် 'ချန်ရီ အိမ်တော်ကပါ' ဟု အသံသေးသေးလေး ထွက်လာသည်။ဂျီမင် နဲ့သူ(ထယ်ယောင်း) သည် တစ်ခါမှ ဖုန်းမပြောဖူးပေ။ ထိုကြောင့် အခုအသံသည် ကြားနေကျမဟုတ်သည့် အသံမျိုး။ တနည်းအားဖြင့် သူ့ရင်ထဲ ကလိကလိ ဖြစ်သွားသည်။ ထယ်ယောင်း မှတ်ထားလိုက်သည် ဂျီမင်နဲ့ ဖုန်းပြော ဖို့အတွက်အချိန်ဖယ်ထားရမည်ကိုပင်။
"ချန်ရီ အိမ်တော်ကပါ"
"ကိုယ်ပါ"
ဂျီမင်၏ နောက်တကြိမ် အသံလေးထွက်လာမှ ပြန်ပြောလိုက်သည်။"သခင်ကြီးလား"
"အင်း ကိုယ်ပါဆို မင်းမှာ ဘယ် နှစ်ယောက် ရှိလို့လဲ"
"အာ မရှိပါဘူး သခင်ကြီးက တစ်ခါမှမဆက်ဖူးတော့ ထူးဆန်းနေလို့"
"ကိုယ် ဒီည မပြန်လာဖြစ်ဘူး အဲကြောင့်မစောင့်နဲ့တော့ မနက်မှပြန်လာခဲ့မယ်""ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်လေး မေးခွင့်ရှိလား သခင်ကြီး"
"ဟက် မေးတဲ့ပုံလေးက ချစ်စရာလေးကွာ
ကိုယ်အခု ကိုယ့်အမေအိမ်မှာ အမေ့မွေးနေ့ရှိတာကြောင့် ပွဲလုပ်တော့ အပြန်နောက်ကျနေတာမို့ အမေကမပြန်ခိုင်းလို့ပါ ခင်ဗျာ"
ထယ်ယောင်း ရိုးရိုးရှင်းရှင်း ငတုံးလေးနားလည်အောင် ပြောလိုက်သည်။"ဟုတ် အဲဆို မနက်မှ တွေ့မယ်နော် သခင်ကြီး ပြီးတော့ ချစ်တယ်"
"ဟုတ်ပါပြီဗျာ ကောင်းကောင်းအိပ်နော်"
ထယ်ယောင်း ဖုန်းချဖို့လုပ်နေတုန်း ဂျီမင် အသံဆူဆူလေးထွက်လာသည်။"ချစ်တယ်ပြန်ပြောလေ ဘာလဲ မချစ်ဘူးလား"
"ချစ်တယ် ချစ်ဆုံး ငတုံးလေး"
"ဟီး ကျွန်တော်ကပိုချစ်တယ်"ဂျီမင်သည် တုံးသည်။ အ သည်။ ဒါတွေရဲ့နောက်ကွယ်မှာ အဲလိုဖြစ်စေတဲ့အကြောင်းပြချက်တခုရှိသည်။ ဂျီမင်ငယ်စဉ်က အပြင်းအထန် အဖျားတခုဖြစ်ခဲ့သည်။ အဲတုန်းက မိဘနှစ်ပါးရှိစဉ်ဖြစ်ပေမဲ့ ဆေးဖိုးမတတ်နိုင်တာကြောင့် ဆေးမြီးတို နှင့်ကု ခဲ့ရသည်။စစ်ကြီးကာလကြောင့် အဖျားပိုး ကိုသေချာ မကုသနိုင်ပေ။ထိုကြောင့် ခဏခဏဖျားရသည်။ ဆရာဝန်မပြနိုင်တဲ့အခြေအနေမှာ ဂျီမင်၏အဖျားပိုးသည် ဦးနှောက်အထိ ထိသွားသည်။ သို့သော် စေတနာ ဆရာဝန် နဲ့ အချိန်မီ ကုသ လိုက်ရတာကြောင့် ကြီးကြီးမားမား မထိခိုက်ခဲ့ပေ။ ဦးနှောက်အာရုံကြော အနည်းငယ်ထိသွားခြင်းကြောင့် ဂျီမင်သည် သူများတွေထက် အလုပ်တခုခုကို လုပ်ရာတွေ စဉ်းစားနိုင်စွာ မရှိ။ တခုဆိုတခုသာ လုပ်တတ်သည်။
ဥပမာ ပန်းပင်ရေလောင်းခြင်းကို မနက်ပိုင်းတွင် လုပ်ရမည်ဟုပြောလျှင် ထိုအချိန်တွင် ရေလောင်းသည်။ မိုးရွာနေလျှင် ထီးဆောင်း၍ ရေလောင်းသည်။
YOU ARE READING
အမုန်းရန်မပါ ချစ်ကြိုးလေးနဲ့သွယ်ပါမယ်
Fanfictionခြံစောင့်လေးဘဲ ခေါ်မိတာပါ ဘာလို့များ ကျုပ်နှလုံးသားထဲအထိ ဝင်ရောက်နေထိုင်နေရတာလဲ။