❣️❣️❣️chapter-18❣️❣️❣️

477 13 0
                                    

        နန်းgift boxကိုဖောက်ပြီးသွားတော့မဟာ့ကိုကျေးဇူးတင်စကားပြောချင်တာနှင့်vd callခေါ်ပြီးကျေးဇူးတင်စကားပြောလိုက်တယ်။သူငယ်ချင်းတွေအားလုံးလည်းဆုံတော့စကားပြောကြတာတော့အကြာကြီးပေါ့။နန်းရဲ့သူငယ်ချင်းတွေအတွက်စိုင်းကသူကိုယ်တိုင်မီးဖိုခန်းထဲဝင်ပြီးမာလာရှမ်းကောလုပ်ကျွေးတယ်။
စိုင်း"မမတို့မာလာရှမ်းကောစားလို့ရပြီနော်။"
နန်း"နန်းကတော့ဗိုက်ဆာနေပြီ။တို့တော့သွားစားပြီ။"
နန်းပြောပြီးတာနှင့်ထမင်းစားခန်းထဲပြေးဝင်သွားတယ်။
နန်းပြေးသွားတော့စောနှင့်မိုးပါနန်းရဲ့နောက်ကပြေးလိုက်လာတယ်။မမနန်းကကလေးလိုထမင်းစားခန်းထဲပြေးဝင်သွားတာကြောင့်ကျွန်တော်မမနန်းကိုသဘောကျစွာရီလိုက်မိတယ်။ကျွန်တော်မမနန်းတို့ရှိတဲ့ထမင်းစားခန်းထဲဝင်လာတယ်။ကျွန်တော်ထမင်းစားခန်းမမနန်းကမာလာရှမ်းကောကိုပန်းကန်ထဲခွဲထည့်ပေးနေတယ်။ပြီးတော့မမစော၊မမမိုးတို့ကိုမာလာရှမ်းကောထည့်ထားတဲ့ပန်းကန်တွေပေးလိုက်တယ်။
နန်း"စိုင်းစား​နော်၊နန်းစိုင်းအတွက်ထည့်​ပေးထားတယ်။။"
စိုင်း"ဟုတ်ကဲ့၊​ကျေးဇူးပဲ​နော်၊မမနန်း။"
နန်း"မလိုပါဘူး၊စိုင်းရဲ့။"
နန်းပြောရင်းစိုင်းအတွက်ထည့်ထားတဲ့မာလာရှမ်းကောပန်းကန်ပေးလိုက်တယ်။နန်းစိုင်းနှင့်သူငယ်ချင်းတွေအတွက်မာလာရှမ်းကောထည့်ပေးပြီးတော့ရေခဲသေတ္တာအအေးဘူးတွေထုတ်ပြီးအားလုံးကိုတဘူးဆီပေးလိုက်တယ်။နောက်တော့နန်းထိုင်ခုံမှာထိုင်လိုက်ပြီးမာလာရှမ်းကောစားလိုက်တာ။
စော"အရသာကအရမ်းကောင်းတာပဲ။အစပ်အဟက်ကတော့ကွက်တိပဲ။စိုင်းဘာလဲလုပ်လုပ်အရသာကတော့ရှယ်ပဲ။"
မိုး"ဟုတ်ပါ့။စားသောက်ဆိုင်ကြီးတွေကလက်ရာနှင့်တထပ်တည်းပဲ။"
နန်း"ငါ့မောင်လက်ရာစားသောက်ဆိုင်ကြီးတွေထက်ပိုပြီးကောင်းတယ်။"
စော"ဟုတ်ပါတယ်၊ဟုတ်ပါတယ်။"
မိုး"ဒီမောင်နှမနှစ်ယောက်ကတော့ပြောကိုမပြောချင်တော့ဘူး။"
မိုးတို့ရဲ့စကားဆုံးတော့အားလုံးရယ်လိုက်တယ်။

    💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮

      ကျွန်တော်တို့တွေစားရင်းနှင့်စကားတွေပြောကြတာအကြာကြီးပဲ။မမစောနှင့်မမမိုးတို့ညနေစောင်းမှအိမ်ပြန်သွားကြတယ်။၄လလောက်ကြာတော့မမနန်းရဲ့သင်ပေးမူကြောင့်ကျွန်တော်ကျွမ်းကျွမ်းကျင်ကျင်ကားမောင်းတက်သွားတယ်။ကားမောင်းတက်သွားပေမဲ့လိုင်စင်မလုပ်ရသေးတော့မြို့ထဲမောင်းလို့မရသေးဘူး။အခုကကျောင်းစာတွေနှင့်မအားသေးတော့ကျောင်းပိတ်မှပဲလိုင်စင်လုပ်ပေးမယ်လို့မမနန်းကကျွန်တော့်ကိုပြောတယ်။စာမေးပွဲနေ့နီးလာတော့ကျွန်တော်ညဥ့်နက်တဲ့အထိစာတွေကျက်ခဲ့တယ်။ကျွန်တော်ဥာဏ်ကောင်းတာတောင်စာတွေရအောင်မနည်းကျက်ရတယ်။မမနန်းညဖက်တွေကျွန်တော်စာကျက်နေမှန်သသိတော့ကျွန်တော့်ကိုဂရုစိုက်ရှာပါတယ်။နွားနို့ဆိုညတိုင်းကျွန်တော့်ကိုတိုက်တယ်။ပြီးတော့အားဆေးတွေလည်းတိုက်တယ်။အစားအသောက်လည်းဂရုစိုက်ပြီးကျွေးတယ်။
       မမနန်းကကျွန်တော့်ရဲ့angelလေးပါ။ကျွန်တော်စာမေးပွဲဖြေပြီးသွားတော့အရမ်းပျော်တာပဲ။ခေါင်းထဲပေါ့သွားသလိုမျိုးခံစားရတယ်။စာမေးပွဲပြီးသွားတော့အိမ်မှာတပတ်လောက်အနားယူလိုက်တယ်။တပတ်ကျော်လောက်ကြာတော့မမနန်းကကျွန်တော့်ကိုလိုင်စင်လိုက်လုပ်ပေးတယ်။မမနန်းကသေချာသင်ပေးထားတော့လိုင်စင်ဖြေတာတခါတည်းနှင့်အောင်ခဲ့တယ်။လိုင်စင်ရပြီးတပတ်လောက်ကြာတော့ကျွန်တော့်မွေးနေ့ရောက်လာတယ်။ဘိုးဘိုးအောင်ကျော်ကကျွန်တော့်အတွက်မွေးနေ့လုပ်ပေးတယ်။ဒီပွဲမှာဘိုးဘိုးကကျွန်တော့်ကိုမွေးစားလိုက်တယ်ဆိုတာတရားဝင်ကြေညာဖို့စီစဥ်ထားတယ်။

      💮💮💮💮💮💮💮💮💮💮💮💮💮💮💮

      မမနန်းကကျွန်တော့်မွေးနေ့အတွက်စီစဥ်စရာရှိတာတွေစီစဥ်ပေးတာပေါ့။ကျွန်တော်လည်းမမနန်းကိုကူညီနိုင်တာကူညီပေးတယ်။ဒီနေ့ကတော့ကျွန်တော့်ရဲ့မွေးနေ့လေးပေါ့။ကျွန်တော်ညတုန်းကသူငယ်ချင်းတွေနှင့်နောက်ကျတဲ့အထိgameဆော့နေတာကြောင့်အခုထိအိပ်ယာကမနိုးသေးဘူးလေ။ကျွန်တော်အိပ်နေတုန်းမမနန်းကကျွန်တော့်အခန်းထဲတိတ်တိတ်လေးဝင်လာပြီးကျွန်တော့်ကိုလာနှိုးတယ်။
နန်း"စိုင်း၊မထသေးဘူးလား။ထတော့လေ၊အိပ်ပုပ်ကြီးရဲ့။"
မမနန်းကျွန်တော့်ကိုကလိထိုးပြီးနိုးတယ်။
စိုင်း"ထပြီ။ထပြီမမနန်း။"
နန်း"စိုင်းမွေးနေ့မှာစိုင်းအတွက်surprise giftပြင်ပေးထားတယ်။"
စိုင်း"တကယ်၊ဘာလက်ဆောင်လဲ။"
နန်း"သိချင်ရင်နန်းခေါ်တဲ့နောက်လိုက်ခဲ့။"
စိုင်း"လိုက်ခဲ့မယ်။"
မမနန်းကျွန်တော့်ရဲ့မျက်လုံးကိုသူမရဲ့လက်လေးနှင့်ပိတ်ပြီးတနေရာကိုခေါ်လာတယ်။
နန်း"ကဲ၊ရောက်ပြီစိုင်း။မျက်လုံးဖွင့်ကြည့်လိုက်တော့။"
မမနန်းကကျွန်တော့်မျက်လုံးကိုအုပ်ထားတဲ့လက်လေးတွေကိုဖယ်ပြီးကျွန်တော့်ကိုပြောလိုက်တယ်။ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တော့ကားလေးတစီးဖြစ်နေတယ်။အဲ့ဒီ့ကားလေးကမမနန်းနှင့်car showroomသွားတုန်းကကျွန်တော်သဘောကျခဲ့တဲ့ကားလေးပဲ။
စိုင်း"မမနန်း၊ဒီကားက။"
နန်း"နန်းတို့car showroomသွားတုန်းကမင်းဒီကားကိုသဘောကျနေတာတို့သိပါတယ်။အဲ့တာကြောင့်မင်းကားမောင်းတက်ရင်ဒီကားလေးပေးမယ်ဆိုပြီးမရောင်းပဲချန်ခိုင်းထားတာ။အခုတော့မင်းအတွက်မွေးနေ့လက်ဆောင်ဖြစ်သွားတာပေါ့။happy birthdayနော်စိုင်း။"
နန်းပြောရင်းစိုင်းလက်ထဲကားသော့ပေးလိုက်တယ်။

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

chapter-19 coming soon.

                             🎀🎀 Author-yoon mieno🎀🎀

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now