Unicode
" Emergency case... Emergency case..."
" Oxygen ... oxygen..."
Ambulance ယာဉ် တစ်စင်းပေါ်မှာ အသံတို့က ဆူညံလျက်။
Accident တစ်ခု။
တိတိကျကျ ပြောရလျှင် မိန်းကလေး တစ်ဦးကို ကားတစ်စီး ဝင်တိုက်မိသော Accident တစ်ခု။Ambulance ပေါ်မှာက သွေးအလိမ်းလိမ်းဖြင့် မိန်းကလေး တစ်ဦး။
ငါ ဘယ်ရောက်နေတာလဲ...
တစ်ကိုယ်လုံးကို ကိုင်ရိုက် ခံထားရသလို နာကျင်နေတာက လွဲရင် ဘာကိုမှ မှတ်မိနိုင်စွမ်းမရှိ။
အသက်ရှူရ ခက်လိုက်တာ။ကြားနေရတာ ဘာသံတွေလဲ ဆိုတာ သိနိုင်ဖို့ ဦးနှောက်ကို အလုပ်ပေးလိုက်ရသည်။
နောက်ဆုံးမှတ်မိသည်က Taxi တစ်စီးပေါ် ပြေးတက်လာခြင်း။
ပြီးတော့ရော.....။
" တီ.... တီ.....တီ....."
"My god !! CPR....CPR..."
ဘယ်သူ နှလုံး ရပ်သွားလို့လဲ။
ထိုအချိန်မှာပင် နားထဲမှာ ကြားနေရသော အရေးပေါ် ဆူညံသံများ ရုတ်တရက် ပျောက်ကွယ် သွားရကာ ထွက်ပေါ်လာသည်က တယောသံ ခပ်တိုးတိုး။
ကိုယ်ခန္ဓာမှ နာကျင်နေမှုများသည်လည်း ရုတ်ချည်း ဆိုသလို ပျောက်ကွယ်သွားပြီး ပေါ့ပါးသွားရသည်။
နားထဲမှာ ကြားလိုက်ရသည်က လေသံ ခပ်ဖွဖွ။
" တွေ့ရတာ ဝမ်းသာပါတယ် နိုရာလ်"
ပီပီသသ ကြားလိုက်ရသော စကားသံကြောင့် ဘေးဘီဝဲယာ ကို လှည့်ကြည့်မိသည်။
ခေါင်မိုးထပ် တစ်ခုလား။
ဟုတ်သည်။
ဘွန်ဇိုင်းပင်လေးတွေ လှပစွာ နေရာယူထားသော ခေါင်မိုးထပ် တစ်ခု။" ရာလ်ရဲ့ ခန္ဓာကိုယ်က အခုဆို operation room ထဲ ရောက်နေရောပေါ့။ အခြေအနေ ကတော့ မျှော်လင့်ချက် မရှိတော့ဘူး ဆိုပေမဲ့ ကိုယ် ကူညီပေးနိုင်ပါတယ်။
ရာလ်မှာသာ ဆက်ပြီး ရှင်သန်ချင်စိတ် ရှိဖို့ပဲ လိုတာ "" ရှင် က ဘယ်မှာလဲ။ ပြီးတော့ ကျွန်မ ကရော ဘယ်သူလဲ။ ပြီးတော့... ဘာတွေ ပြောနေတာလဲ ။ ဘာကြောင့် ကျွန်မ နာမည်ကို အဖျားဆွတ်ပြီး ခေါ် နေရတာလဲ "