Just Say My Name

472 39 13
                                    

" ဟဲ့ ဟဲ့ ယူဂျင်း နင့်လူ ရောက်နေပြန်ပြီ "

နောက်ကနေ ခါးကိုအသာတို့ပါလို့ မှန်ကောင်တာထဲက မုန့် menu တွေ စစ်တာလိုလို စီပြီးသားခွက်တွေကိုပဲ ဟိုဟိုဒီဒီကောက်ကိုင်ပြီး ပြန်ပဲ စီနေသလိုလိုလုပ်ရင်း ဆိုလာတဲ့ မင်ဆိုဟီးကြောင့် မှန်အပြည့်ကာထားတဲ့ ကော်ဖီဆိုင်ရဲ့ ရှေ့ကို လှမ်းကြည့်လိုက်တော့ တကယ်ပါပဲ သွားတန်းဖွေးဖွေးတွေ ပေါ်လာတဲ့အထိ လခြမ်းကွေးသဏ္ဏာန်မျက်ဝန်းတွေ မှိတ်ကျသည်အထိ ပြုံးပြရင်း ယူဂျင်းဆီ လက်တွေ ဝှေ့ယမ်းပြလာသည်။

တကယ်ပါပဲ ဒီလူဟာ ကျောင်းမှာလည်း ကျောင်းမှာမို့ အချိန်ပိုင်းအလုပ်လည်း အချိန်ပိုင်းအလုပ်အထိ ဇွဲကြီးလှသည်။

ဆောင်းဝင်နေပြီမို့ ဆိုးလ်ရဲ့ ည ၆ နာရီဟာ အနည်းငယ် မှောင်ရီဝင်စ ဖြစ်နေပြီး အေးစိမ့်စိမ့်။ ယူဂျင်းက သူ့ရဲ့ဂျူတီချိန်ပြီးနောက် ဝင်လာတဲ့ဆိုဟီးနဲ့ နေရာချင်းလဲလိုက်ပြီး အေပရွန်ကို ချွတ်ကာ စတိုခန်းရဲ့နံရံတိုင်မှာ ချိတ်ထားတဲ့ ကျောပိုးလွယ်အိတ်ကို လွယ်လျက် ပြန်ထွက်လာသည်။

" ငါ ပြန်ပြီနော် ဆိုဟီး။ ဒါဆို ဆက်ပြီးတာဝန်ကျေလိုက်ပါဦး "

" အားကျလိုက်တာ .. သူများတွေများ အလုပ်လည်း စောစောဆင်းရပြီး လာကြိုပေးမယ့်လူကလည်း အသင့် "

ဆိုဟီးရဲ့ ခပ်နောက်နောက်စကားကြောင့် ယူဂျင်းက ပါးလေးတွေပင် နီလာရကာ ရှူးဆိုပြီး နှုတ်ခမ်းနားလက်ညှိုးလေးတစ်ချောင်းထောင်ပြီး မျက်စိပြူးပြလိုက်ရသည်။ မကြားနိုင်မှာမှန်းသိပေမယ့် မလုံမလဲဖြစ်စွာ ဆိုင်အပြင်ဘက်က လူကိုလည်း တစ်ချက်လှမ်းကြည့်လိုက်မိသေးသည်။

ယူဂျင်းထွက်လာတာ မြင်တာနဲ့ ထိုလူက ချက်ချင်းပင် သူ့ပုခုံးပေါ်က ကျောပိုးလွယ်အိတ်ကို ခပ်တင်းတင်း ကိုင်ထားလိုက်ရင်း အသင့်အနေအထားနဲ့ ရပ်နေလေသည်။ အနီးကပ်သေချာမြင်လိုက်ရမှ ထိုလူ့ရဲ့ မျက်နှာဟာ အအေးဒဏ်ကြောင့် ထင်ပါရဲ့ အနည်းငယ် နီထွေးလို့နေသည်။

" အိမ်လိုက်ပို့ပေးမယ် "

" .... "

ယူဂျင်းဟာ ဘာတစ်ခွန်းမှ မတုန့်ပြန်မိဘဲ ခေါင်းငုံ့ပါလို့ ရှေ့ကနေ ခပ်သွက်သွက်ထွက်သွားတာကို မြင်လျှင် ထိုလူက ခပ်ဟဟ ရယ်မောပါလျက် နောက်ကနေ မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ ထပ်ကြပ်မကွာ လိုက်လာလေရဲ့ ။

You've reached the end of published parts.

⏰ Last updated: Jun 06, 2023 ⏰

Add this story to your Library to get notified about new parts!

SAY MY NAMEWhere stories live. Discover now