Chapter 2 - နယ်စပ်ဒေသမှာနှင်းတွေဖုံးလွှမ်းနေသောညတစ်ည (၂) (Zawgyi)

48 2 0
                                    

ကွေးရှောင်က ကောင်လေးရဲ့မျက်နှာအသွင်အပြင်ကိုသေချာမကြည့်ရဲတော့ပဲ ထုတ်ပြောလိုက်တယ်

"ငါသန့်စင်ခန်းခဏသွားလိုက်ဦးမယ်"

သူမနှလုံးသားကရုတ်တရက်လေးလံလာပြီး တဒုတ်ဒုတ်မြည်နေတဲ့နှလုံးခုန်သံဟာလဲ တဖြေးဖြေး အရှိန်အဟုန်မြင့်လာပြီး နာကျင်လာရသည်

"အန်တီ သန့်စင်ခန်းကအခန်းအပြင်မှာပါ ညာဘက်ကွေ့ပြီးအောက်ကိုဆင်းရင်လေးလွှာနဲ့ ငါးလွှာကြားမှာရှိပါတယ်"

ကောင်လေးကသူ့ထိုင်ခုံကနေထလိုက်ပြီး လေးလေးနက်နက်နဲ့ စားပွဲဘေးကထိုင်ခုံတွေကို ဆွဲထုတ်ပေးလိုက်ပြီးနောက်

"ဦးလေးတို့အန်တီတို့ ဒီမှာထိုင်ကြပါဦး အန်တီတို့ဦးလေးတို့က Erenhot မြို့ကိုလာလည်တာဆိုတော့ သားတို့ရဲ့ဧည့်သည်ပါပဲ"

အားလုံးကကောင်လေးကို ချီးမွမ်းနေတဲ့အသံတွေသူမ ကြားနိုင်စွမ်းမရှိတော့လို့ သူမရဲ့နောက်ကတံခါးကိုပိတ်လိုက်တယ်

ကွေးရှောင်တံခါးအပြင်ဘက်မှာရှိနေတုန်းပဲ သူမနှလုံးသားကတော့ကွဲကြေသွားသလိုပဲ

အသားကင်ထားတဲ့အနံ့ကိုခံစားမိပြီး တစ်ဝက်ကင်ထားတဲ့သိုးသားကိုသယ်လာတဲ့စားပွဲထိုးကိုမြင်သောခါ သူမနောက်ကိုနည်းနည်းဆုတ်ကာ လမ်းဖယ်ပေးလိုက်တယ်

သူမနှလုံးသားက ကတုန်ကယင်ဖြစ်နေပြီးအဲ့နေရာမှာတင်မတည်ငြိမ်နေတော့ဘူး

သူမ တစ်ခုခုဖြစ်နေတာကို တခြားသူတွေသတိထားမိမှာစိုးရိမ်လို့ ခုနကကောင်လေးလမ်းညွှန်ပေးလိုက်သလိုပဲသွားဖို့သူမဆုံးဖြတ်လိုက်တယ် လှေကားထောင့်နေရာမှာရှိတဲ့ လေးထပ်နဲ့ငါးထပ်ရဲ့ကြားကသန့်စင်ခန်းကိုရှာဖို့ သူမကော်ရစ်တာအဆုံးထိခြေလှမ်းကျဲကျဲနဲ့လျှောက်သွားပြီးနောက် ညာဘက်ကွေ့ကာ လှေကားထစ်အနည်းငယ်ကိုဆင်းလာလိုက်တယ်

ကွေးရှောင်ကတံခါးအပြင်မှာရပ်နေလျက် သန့်စင်ခန်းအပေါ်မှာကပ်ထားတဲ့ 'အမျိုးသားများသာ' ဆိုတဲ့သင်္ကေတကိုနားမလည်သလိုစိုက်ကြည့်ပြီးနောက် အချိန်အတော်ကြာတွေဝေနေတော့တာ

The Road Home (mm translation)Where stories live. Discover now