အခန်း-၂

1.5K 133 1
                                    

"ဟဲ့ အဲ့ဆရာဝန်မကလိုက်မယ်မထင်ဘူးနော် အတာ "

"မမရီကလည်း လုပ်ပါအတာအားလုံးကိုကုန်ကျခံမှာလေ မမရီ ။ဒီသင်္ကြန်လေးရက်လုံး မမရီကိုစပွန်ဆာပေးမှာ ။အကုန် အကုန် "

မမရီတို့အိမ်က ဧည့်ခန်းမှာTVထိုင်ကြည့်နေတဲ့ မမရီနားအတာပူးကပ်ရင်းအပူကပ်တော့ ရီမုဒ့်ကိုင်ထားတဲ့မမရီကမျက်ခုံးတွေပင့်တက်နေသည် ။

"နင်မသိလို့ပါအတာရယ် ။သူကအခါကြီးရက်ကြီးတွေဆို တရားစခန်းဝင်နေကျ ။ဒီနှစ်မှငါက အိမ်မှာအလှူလေးလည်းရှိလို့ ဝိုင်းကူပေးပါ မဝင်ပါနဲ့ပြောထားရတာ ။ကုသိုလ်ရေးကိုပိတ်ပင်ထားရတာနဲ့ကို ငါ့မှာငရဲကြီးနေပါပြီဟယ် ။ကားနဲ့လျှောက်လည်မှာကိုတော့ လိုက်မယ်မထင်ဘူး ။လှိုင်းက အရမ်းအရှက်ကြီးတာ "

မမအကြောင်းကို မမရီကနေတဆင့်အတာအကုန်လုံးနီးပါးသိထားတာကြောင့် မမဘယ်လောက်အရှက်ကြီးမှန်းသိသည် ။မမမှာ သူငယ်ချင်းဆိုလို့ အလယ်တန်းထဲကခင်လာသည့် မမရီတစ်ယောက်သာရှိသည်တဲ့လေ ။အရမ်းလည်းအနေအေးတဲ့ ရေပြာလှိုင်းလေး ။

အတာတို့ကအရင်ကမန္တလေးမှာနေသည် ။ဖေဖေ ရန်ကုန်ကိုပြောင်းရွေ့မိန့်ကျတော့မှာသာ ဒီရပ်ကွက်ကိုပြောင်းလာတာ ၅နှစ်လောက်သာရှိသေးသည် ။
ပြောင်းပြီးတော့လည်း အတာကဘွားဘွားနဲ့သာမန္တလေးကျောင်းတက်ဖြစ်တော့ ထိုအမျိုးသမီးငယ်အားစောမတွေ့ခဲ့တာပင် ။

"အဲ့ဒါဆိုဒီလိုလုပ်ရင်ရော မမရီမနေ့က shareထဲတဲ့ lipstick ၄ရောင်လုံးမှာပေးမယ် ။ဘယ်လိုလဲ "

အတာဆီကို ချက်ချင်းရောက်ချလာတဲ့မျက်ဝန်းတောက်တောက်တွေ ။

"အတာလေးတကယ်ပြောတာနော် "

"မမရီသာ မမကိုရအောင်ခေါ်ခဲ့ပေး ။မနက်ဖြန်လိုချင်လာ ၄ရောင်လုံးကို "

"အိုကေ "

မမနှင့်မမရီဘယ်လိုများအပေါင်းအသင်းဖြစ်သွားသည်မသိ မမကအနေအေးပြီးတည်ငြိမ်သလောက် မမရီကတော့တခြားဆီ ။အခုထိကလေးသာသာဖြစ်နေဆဲ မမရီ ။

အတာကိုယ့်အကြံနှင့်ကို အလုပ်ဖြစ်ပါစေလို့သာဆုတောင်းနေရတော့သည် ။

အတာ့ရင်ခုန်သံ လှိုင်းWhere stories live. Discover now