❣️❣️❣️chapter-20❣️❣️❣️

528 13 0
                                    

မမနန်းနှင့်တွဲကတဲ့အရမ်းချောတဲ့ကောင်လေးတယောက်ပါ။အသားဖြူဖြူအရပ်မြင့်မြင့်နှင့်တကယ့်ကိုလူ​ချောပါ။
နန်း"ကြွ​ရောက်လာကြတဲ့လူကြီးမင်းများအားလုံးကို​ဟောဒီကကိုလူ​ချောနှင့်မိတ်ဆတ်​ပေးချင်ပါတယ်။သူကနိုင်ငံခြားမှာ​ကျောင်းသွားတက်နေတဲ့ကျွန်မရဲ့ငယ်သူငယ်ချင်းမဟာပါ။"
နန်းမဟာ့ကိုဧည့်သည်​တွေနှင့်မိတ်ဆတ်ပေးလိုက်တယ်။နန်းစကားအဆုံးမှာလက်ခုပ်သံ​တွေကျယ်​လောင်စွာထွက်​ပေါ်လာတယ်။​​နန်းစ ကတည်းကမဟာဆိုတာသိပြီးသားပါ။မျက်နှာဖုံး​၀တ်ထားလည်းဒီမျက်နှာကိုနှစ်​ပေါင်းများစွာရင်းနှီးလာတာလို့မဟာဆိုတာတန်းပြီးမှတ်မိတယ်။
နန်း"မဟာ၊ဒါကငါ့​မောင်​လေးစိုင်းမွန်။စိုင်း၊ဒါကနန်းရဲ့ငယ်သူငယ်ချင်းမဟာ။"
မဟာ"​တွေ့ရတာ၀မ်းသာပါတယ်စိုင်း။"
စိုင်း"ဟုတ်ကဲ့၊ကျွန်​တော်လည်း​တွေ့ရတာ၀မ်းသာပါတယ်။"
ကိုကြီးမဟာကကျွန်​တော့်ကိုလက်ကမ်းတာ​​ကြောင့်ကျွန်​တော်လက်ဆွဲနှုတ်ဆတ်လိုက်ပြီးနှုတ်ဆတ်စကား​ပြောလိုက်တယ်။
နန်း"ဘယ်လိုလဲမဟာ။ငါ့​မောင်​ချောတယ်မလား။"
မဟာ"​ချောပါ့ဗျာ။​ချောပါ့။မိနန်း၊နင့်​မောင်ကိုအပြင်သိပ်​ပေးမထွက်နှင့်​နော်။"
နန်း"ဘာလို့လဲ။"
မဟာ"ဘာလို့လဲဆို​တော့၊နင့်​မောင်ကိုမိန်းက​လေး​တွေကားတင်​ပြေးသွားမှာဆိုးလို့​​။"
မဟာရဲ့စကား​ကြောင့်နန်း​ရော၊စိုင်းပါရယ်လိုက်တယ်။
မဟာ"​ရော့၊ဒါက​မွေး​​နေ့ရှင်​လေးအတွက်လက်​ဆောင်။"
ကိုကြီးမဟာက​ပြောရင်းလက်ထဲမှာရှိတဲ့ကား​သော့ကိုကျွန်​တော့်ကို​ကမ်းပေးတယ်။ကျွန်​တော်လည်းလက်ခံရမလားဆိုတဲ့အကြည့်နှင့်မမနန်းကိုကျွန်တော်ကြည့်လိုက်တယ်။မမနန်းကမသိမသာလေးခေါင်းငြိမ့်ပြတယ်။အဲ့တာနှင့်ကျွန်တော်လည်းကိုကြီးမဟာ့ဆီကကားသော့ယူလိုက်တယ်။

💮💮💮💮💮💮💮💮💮💮💮💮💮💮

စိုင်း"ကျေးဇူးတင်ပါတယ်ကိုကြီးမဟာ။"
မဟာ"ရပါတယ်ငါ့ညီရဲ့။ကားကဂိုထောင်ထဲရပ်ထားတယ်နော်။"
စိုင်း"ဟုတ်ကဲ့ပါကိုကြီး။"
နန်း"မဟာ၊နင်ပြန်လာမယ်ဆိုတာလည်းကြိုမပြောဘူး။လူကိုအံ့သြအောင်လုပ်တယ်။"
မိုး"ရှင့်သူငယ်ချင်းကမပြောနှင့်ဆိုတော့ကျွန်မတို့ကတမင်ပြောတာ။ရှင့်ကိုsurpriseလုပ်ချင်လို့တဲ့။"
စော"ဟုတ်တယ်။ငါတို့အားလုံးပေါင်းပြီးရှင့်ကိုsurpriseတိုက်လိုက်တာ။"
နန်း"ဟုတ်ပါပြီ၊ဟုတ်ပါပြီ။ဒီနေ့တော့နန်းsurpriseတွေအများကြီးသောက်လိုက်ရတာပေါ့။"
နန်းစကားဆုံးတော့နန်းအပါအဝင်နန်းရဲ့သူငယ်ချင်းတွေအားလုံးရယ်လိုက်ကြတယ်။နန်းရဲ့သူငယ်ချင်းတွေနှင့်ညစာစားကြရင်းစကားတွေပြောနေကြတယ်။မဟာပါတော့နန်းတို့ရဲ့စကားဝိုင်းကပိုပြီးစည်သွားတာပေါ့။မဟာကနန်းတို့ရဲ့jokerလေ။
ကျွန်တော့်မမနန်းတို့သူငယ်ချင်းတွေနှင့်စကားပြောနေတုန်းဘိုးဘိုးကျွန်တော့်ကိုဧည့်သည်တယောက်နှင့်မိတ်ဆတ်ပေးဖို့လှမ်းခေါ်တာကြောင့်ကျွန်တော်ဖိုးဖိုးသွားလိုက်တယ်။ကျွန်တော်လည်းဖိုးဖိုးမိတ်ဆတ်ပေးတဲ့ceo ဦးမိုးကိုကျွန်တော်နှုတ်ဆတ်လိုက်တယ်။ပြီးတော့ကျွန်တော့်သူငယ်ချင်းတွေကညစာအတူတူစားဖို့လှမ်းခေါ်တာကြောင့်ကျွန်တော်ကျွန်တော့်သူငယ်ချင်းတွေနှင့်အတူညစာစားလိုက်တယ်။ကျွန်တော်တို့ညစာစားပြီးတော့အကပြိုင်ပွဲမှာအနိိုင်ရတဲ့စုံတွဲကိုကြေညာတယ်။အနိုင်ရရှိတဲ့စုံတွဲကတော့နန်းနှင့်မဟာဖြစ်နေတယ်။

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now