Part - {84}

1K 93 5
                                    

အဲဒီ့နောက်တော့ ကာမန်ဟိုင်မွန်က ဟေးလ်ဆီ ရောက်လာသမျှ လက်ဆောင်တွေ အကုန်လုံးကို ကျွန်တော့်ကိုပဲ အရင်ပေးတော့တယ်။ အဲဒီ့ကျေးဇူးကြောင့်ပဲ ဟေးလ်က ကံအကြောင်းမလှစွာ ဒီလို စက်ဆုပ်ဖွယ် ပစ္စည်းတွေ လက်ခံရရှိတာမျိုး မရှိတော့ဘူး။ ဟေးလ်ရဲ့ ပုံရိပ်ကပဲ သွေးအေးလူသားအဖြစ် အတည်ဖြစ်သွားသလား၊ ဒါမှမဟုတ် ပေးတဲ့ လူတွေကပဲ မျှော်လင့်ချက်တွေ မထားဘဲ ပေးကြတာလားပဲ?
(T/N : ဟေးလ်ကို ပေးတဲ့ လူတွေအကုန်လုံးက ပေးပြီး ဘာမှ ဆက်မပြောကြ၊ မလုပ်ကြပဲ ငြိမ်နေကြလို့ပါ။)

အိုး၊ အဲဒီ့လို အချိန်တွေ ရှိသေးတာပဲ။ ဒါပေမဲ့ အဲဒီ့လိုမျိုး ဖွင့်ပြောလာတာတွေကို ကျွန်တော် ကိုင်တွယ်နိုင်သေးတယ်။ ရှားရှားပါးပါး ကျွန်တော်လည်း ဟေးလ်ကို တိုက်ရိုက်ဖွင့်ပြောလိုက်ချင်တဲ့ အရာတွေ ရှိသေးတယ်၊ ဒါပေမဲ့ အဲဒီ့အချိန်တုန်းကတော့ ကျွန်တော် လက်ပိုက်ပြီး ဟေးလ်ကိုပဲ စိုက်ကြည့်နေလိုက်တယ်။ အဲဒီ့နောက် ဟေးလ်က ပျာယာခတ်လာပြီး သူ့ကို လာဖွင့်ပြောနေတဲ့ စကားတွေကို သူမေ့သွားရော။

အဲဒါကို မြင်တဲ့ အချို့ကျောင်းသားတွေက ကျွန်တော်နဲ့ ဟေးလ် တွဲနေကြပါတယ်ဆိုပြီး ကောလဟာလတွေ ဖြန့်ကြပြီး ဟေးလ်ကို လာဖွင့်ပြောတဲ့ လူက နည်းသထက် နည်းလာတယ်။ ကာမန်ဟိုင်မွန်ကလည်း ကောလဟာလ ဖြန့်ဖို့ ကူညီပေးသေးတယ်။ အဲဒီ့ ကျေးဇူးကြွေးကြောင့်သာ မဟုတ်ရင် ကာမန်ဟိုင်မွန်ကို ဟေးလ်ဆီက ထွက်သွားဖို့ ဘာမဆို လုပ်မိမှာ။ ဟေးလ်နဲ့ သူငယ်ချင်းတွေ ဖြစ်နေကြတော့ တုံ့ဆိုင်းစရာ မရှိ၊ ဟေးလ်နဲ့ လွတ်လွတ်လပ်လပ် ဆက်သွယ်နေတာမျိုးကို ကျွန်တော် မဖြစ်စေချင်ဘူးလေ။

ဟေးလ်က ကျောင်းက ကိစ္စတွေကို စိတ်မဝင်စားတော့ သူနဲ့ ကျွန်တော် တွဲနေကြပြီဆိုတဲ့ ကောလဟာလကို သိပုံမရဘူး။ ဒီကျောင်းမှာ ဟေးလ်ဗာဒီကသာ ဒီကောလဟာလကို မသိတဲ့ တစ်ဦးတည်းသော လူပဲ။ လူတိုင်းက ဒီကောလဟာလကို မှန်တယ် ထင်နေကြတာ။

ကျွန်တော်လည်း ဒီကောလဟာလကို အမှန်တကယ် ဖြစ်စေချင်တယ်။

“ငါသဘောကျတယ်။ ချစ်သူတွေဆိုတာကို။”

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now