Part - {86}

1K 92 7
                                    

ကျွန်တော် အီဗန်နဲ့ ခွဲခွာရတဲ့ အချိန် ရှိလာမဲ့နေ့ဆိုတာကို တွေးတောင် မတွေးခဲ့ဖူးဘူး။ ကျွန်တော် မခွဲဘူး ကတိပေးထားပေမဲ့ မရင်းနှီးတော့သလို ခံစားရတယ်။ အဆင်ပြေပါ့မလား?

… မဟုတ်ဘူး။ ဟေးလ်ဗာဒီ။ စိတ်ခိုင်ခိုင်ထားကြတာပေါ့။ ဒီလိုသာဆက်သွားနေရင် တကယ်ကို ဆိုးရွားတဲ့ အချိန်တွေ ရောက်လာလိမ့်မယ်။

အဲဒီ့လို တွေးမိလိုက်တော့ ကျွန်တော့်ဘေးမှာ လှဲနေတဲ့ အီဗန့်ခန္ဓာကိုယ် အပူချိန်ကို ခံစားမိလိုက်တယ်။ ကျွန်တော့်ကို ရစ်ပတ်ထားတဲ့ ခန္ဓာကိုယ် သေးသေးလေးဆီကနေ ထွက်ပြေးဖို့အတွက် စိတ်ဆုံးဖြတ်ချက် ချထားပြီးပြီ။

ညနက်နေပြီ။ ဘေးဖက်ကနေ အသက်ရှူသံကို ကြားနေရတယ်။ အီဗန်က အထက်အောက် ပုံမှန်လှုပ်ရှားနေတဲ့ ကျွန်တော့်ရင်ဘတ်ပေါ်မှာ အိပ်နေမှန်း ကျွန်တော် သိတယ်။ ကျွန်တော် စမ်းသပ်တဲ့အနေနဲ့ နည်းနည်းလေး ဟိုဖက်ဒီဖက် လှည့်ကြည့်လိုက်တယ်၊ ဒါပေမဲ့ ကြည့်ရတာ အီဗန်က အတော်လေး အိပ်မောကျနေတဲ့ ပုံပဲ။

မနေ့ညတုန်းက ကျွန်တော့်ကို ဖက်အိပ်ထားတာမလို့ ကျွန်တော် ဘယ်မှ မသွားနိုင်ခဲ့ဘူးလေ၊ ပြီးတော့ ဒီနေ့မှာတော့ ကျွန်တော် ခပ်ခွာခွာ လှဲနေတုန်းပဲ။ အိပ်ရာသေးသေးလေးကနေ ဘယ်လောက် ခွာနိုင်မှာမလို့လဲ? အီဗန်က လတ်တလော အိပ်မပျော်ခဲ့တော့ ဒီနေ့ အတော်လေး အိပ်ချင်နေတာနေလိမ့်မယ်။

ကျွန်တော့်ကို ကျောပေးအိပ်နေတဲ့ အီဗန့်ခေါင်းနောက်ကို ကျွန်တော် ခဏလောက် ကြည့်နေမိတယ်။ ကျွန်တော် အိပ်ရာပေါ်ကနေ အနည်းငယ် ထလိုက်ရင်တောင် ကျွန်တော့်နောက်က မျက်လုံးအနက်ရောင်တွေက ပွင့်လာလိမ့်မယ်လို့ ခံစားနေရတယ်။

ကျွန်တော် ပထမဆုံး လုပ်တာက လည်ပတ်ကို ဖြုတ်တာပဲ။ တုန်လှုပ်နေတဲ့ လက်တွေကြောင့် လည်ပတ်ရဲ့ သော့ကို ဖြည်လို့ မရနေဘူး။ ကျွန်တော့်လက်တွေကို နည်းနည်းလေးပဲ အသာလှုပ်လိုက်တာတောင် ပွတ်တိုက်သံက ကျွန်တော် ထင်ထားတာထက် ကျယ်လောင်စွာ ထွက်ပေါ်လာတာမို့ ချွေးစေးတွေနဲ့ ချွဲနစ်နေတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော် ဝှက်ထားတဲ့ ဖန်ကွဲစကို လှမ်းယူလိုက်တယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now