အခန်း {၂}

4.2K 348 33
                                    

Jisoo နှစ်ရက်လောက် အပြင်းဖျားသွားသည်မို့ ကျောင်းပျက်ခဲ့သည်။ Chae ထွက်သွားမှုကို ဘာမှမဖြစ်သလိုဟန်ဆောင်ရင်း လာခဲ့ပေမဲ့ Jisoo ခုံဘေးနားက လွတ်နေတဲ့ Chae ခုံလေးကိုမြင်တော့ ရင်ထဲလှိုက်ခနဲ။ နေကောင်းကာစမို့ နုံးသလိုဖြစ်နေသေးတာရော၊ Chae ခုံလေးကို မမြင်ချင်တာကြောင့်ရော Jisoo မှောက်အိပ်လိုက်သည်။ ကျောင်းတက်ခါနီးပြီမို့ တဖြည်းဖြည်းအခန်းဟာ ဆူလာတော့ Jisoo Earphone လေးနှင့်ချိတ်ထားသည့် Mp4 လေးကိုထုတ်လိုက်ရင်း သီချင်းနားထောင်ဖို့ ပြင်လိုက်သည်။

"ဟဲ့ အဆင်ပြေရဲ့လား Jisoo"

အတန်းထဲက ကောင်မလေးနှစ်ယောက်ဟာ Jisoo အရှေ့လာရပ်ကာမေးလေသည်။

"အွန်း ပြေပါတယ် နည်းနည်းဖျားရုံပါ"

"နှစ်ရက်လောက်ကျောင်းပျက်သွားလို့ စိတ်ပူနေတာ။ Chaeyoung ကလည်း ကျောင်းထွက်သွားတယ်ဆိုတော့လေ"

သတင်းလာမေးသလိုနှင့် Chae အကြောင်းလာစပ်စုတယ်ဆိုတာကို Jisoo သိလိုက်သည်။ ဒါနဲ့ Chae နဲ့ကလွဲလျှင် ဘယ်သူနဲ့မှ မပေါင်းချင်တာ။ Chae အကြောင်းတွေးမိပြန်တော့ရင်ထဲက တစစ်စစ်နာလာပြန်သည်။

"ဒီတိုင်း ရိုးရိုးဖျားတာပါ"

"လူကနေကောင်းသွားပေမဲ့ စိတ်ရောအဆင်ပြေရဲ့လား Jisoo... ငါတို့လည်း Chae ကျောင်းထွက်မယ်မထင်ဘူး ရုတ်တရက်ဆန်လွန်းလို့ အံ့ဩရသလို ဝမ်းလည်းနည်းမိတယ် နှုတ်တောင်မဆက်လိုက်ာဘူးလေ"

"နင်ရော Chae ကျောင်းကထွက်သွားတာကြိုသိတာလား Jisoo... သိလောက်တယ်မလား နင်တို့က အချစ်ဆုံးသူငယ်ချင်းတွေဆိုတော့"

အရှေ့ကရပ်နေသည့် နှစ်ယောက်မှ တစ်ယောက်တစ်ပေါက်ပြောလာသည်မို့ Jisoo စိတ်ရှုပ်လာသည်။ ထိုအချိန် အတန်းထဲ ဝင်လာသည့် လူတစ်ယောက် Jisoo အာရုံကို ဖမ်းစားသွားသည်။ ထိုသူက Jennie Kim လေ။

"အာ Jennie လက်ကိုစိတ်ဝင်စားနေတာလား။ လက်ထိထားတယ်ပြောတာပဲ"

Jisoo မျက်မှောင်ကြုတ်မိသွားသည်။ Jisoo နဲ့ဖြစ်တုန်းက Jennie လက်ပွန်းပြီးသွေးအနည်းငယ်ထွက်သွားတာမှန်ပေမဲ့ ပတ်တီးစီးရလောက်တဲ့အထိတော့ မဖြစ်ပါလေ။ အခုတော့ Jennie လက်မှာပတ်တီးစီးလျှက်သား။ အရှေ့က နှစ်ယောက်ပြောတာတွေဘာမှမကြားတော့ပဲ Jennie ကိုသာ စိုက်ကြည့်နေမိသည်။

Falling In Love With Crazy Bit*hWhere stories live. Discover now