Part - {88}

1.1K 101 0
                                    

ရင်ထိတ်ဖွယ်ရာ အထိအတွေ့ကြောင့် ကျွန်တော့်ခြေထောက်ကို အလိုအလျှောက် လှုပ်မိသွားတယ်။ သတိမထားမိလိုက်ဘဲ လုပ်မိလိုက်တဲ့ အပြုအမူဆိုပေမဲ့ ကန်ချက်အဖြစ် ထိသွားတဲ့ပုံပဲ၊ အားမပါဘူးဆိုရင်တောင်ပေါ့။ အီဗန့်ပါးစပ်ကနေ ညည်းသံ ထွက်လာတယ်လေ။

“အာ့…”

ဟုတ်သားပဲ၊ မနေ့ညက အီဗန်က ကျွန်တော့်ခြေထောက်ကို ဖြတ်ပစ်တော့မလို ချဥ်းကပ်လာတော့ ကျွန်တော် ကြောက်အားလန့်အာနဲ့ ကန်လိုက်မိတာပဲ။ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မျက်ရည်တွေပါ ကျလာတာကို ကျွန်တော် သတိရသွားပြီ။

“မလှုပ်နဲ့လေ ဟေးလ်”

အသံနိမ့်နိမ့်နဲ့ ပြောလာတဲ့ စကားသံက ဒေါသထွက်နေပုံ ရလို့ ကျွန်တော် ကြောက်သွားခဲ့တာ။ ကျွန်တော် အခု နောက်ဆုတ်ချင်ရင်တောင် အိပ်ရာအစွန်းမို့ အကန့်အသတ်နဲ့ ချောင်ပိတ်သွားပြီ။ အိပ်ရာပေါ်မှာ နေရင်း ဆွဲလိုက်ရုံနဲ့တင် ကျွတ်လာမဲ့ အဝတ်တွေ ဝတ်ထားရတာကို ကျွန်တော် စိတ်ညစ်လာတော့တာပဲ။

“ဟေးလ်ကို မလှုပ်နဲ့လို့ ပြောနေတယ်လေ”

အဲဒီ့စကားလုံးတွေနဲ့တင် ကျွန်တော် ပိုရုန်းကန်လိုက်တယ်။

အဲဒီ့တော့မှ လျင်မြန်စွာ ဝေ့ဝဲကြည့်လိုက်မိတဲ့ မျက်လုံးတွေက ဗလာဖြစ်နေတဲ့ အခန်းကို သတိထားမိတော့တယ်။ အစကတည်းက ပစ္စည်းအများကြီး ရှိတဲ့ အခန်းတော့ မဟုတ်ပေမဲ့ အခုတော့ ပန်းတွေ၊ အရုပ်တွေနဲ့ ဗီရိုအံဆွဲတွေ တစ်ခုမှကို မကျန်တော့ဘူး။ အရာအားလုံးက ကွယ်ဝှက်ထားခံရသလိုမျိုး ဖယ်ရှားခံလိုက်ရတယ်။ လက်လှမ်းကိုင်စရာ ဘာတစ်ခုမှကို မရှိတော့တာ။ ကျွန်တော် မြင်သမျှက စိတ်ကျန်းမာရေးဆေးရုံလို ဖြစ်နေတဲ့ အဖြူရောင်နံရံ တစ်မျိုးတည်းပဲ။

ဆွံ့အသွားတဲ့အချိန် အီဗန်က ကျွန်တော့်ခြေထောက်ကို ခြေချင်းဝတ်ကနေ ဆွဲပြီး အိပ်ရာအောက်ကို ဆွဲချလိုက်တယ်။ ရေနွေးပူပူနဲ့ ကျွန်တော့်ခြေချောင်းတွေ ထိသွားတာနဲ့ တပြိုင်နက် ကျွန်တော့်တစ်ကိုယ်လုံး လျှပ်စစ်ရှော့တိုက်လိုက်သလို တုန်လှုပ်သွားတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Onde histórias criam vida. Descubra agora