Part - {96}

1K 92 1
                                    

အီဗန့်ရဲ့ အိတ်တွေ အကုန်လုံး မရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ နွေရာသီ အားလပ်ရက်အတွင်း စုပုံသွားတဲ့ ဖုန်မှုန့်ဖြူဖြူတွေက အိတ်တွေပေါ်မှာ တင်ကျန်နေတုန်းပဲ။ ကြမ်းပြင်က အေးစက်နေပြီး ဒီဒုတိယနှစ်ဝက်အတွင်း ဒီအခန်းထဲကို ကျွန်တော် တစ်ယောက်တည်းသာ ရောက်လာခဲ့ကြောင်း ပြောပြနေသလိုပဲ။

"ငါကတော့လေ... ဟား"

ကျွန်တော် ဘာကို မျှော်လင့်နေခဲ့တာလဲ? အီဗန်ကို ဒီအခန်းအလယ်မှာ ရပ်ပြီး ကျွန်တော့်ကို ကြိုဆိုစေချင်နေတာလား?

စိုးရိမ်စိတ်တွေကို ဖုံးကွယ်ဖို့ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်တယ်။ သေချာ မီးပူတိုက်ထားတဲ့ ရှပ်အင်္ကျီက ချက်ချင်းပဲ တွန့်ကြေကုန်တယ်။ ဒါပေမဲ့ ဟားတိုက်လိုက်တဲ့ ရယ်သံက စိတ်ပျက်မှုကိုတော့ မဖုံးကွယ်နိုင်ဘူး။

အခု အဆင်ပြေပါတယ်။ သူ ဘာလို့ မလာရမှာလဲ? အဲဒီ့အစား အခု မတွေ့ကြသေးတာ ပိုကောင်းတာပေါ့။ ကျွန်တော်လည်း စိတ်ရှင်းဖို့ရာ အချိန်လိုတယ်လေ။ အီဗန်က ကျွန်တော့်ကို အကျဥ်းပြန်ချပြီး ပိုင်ဆိုင်လိုစိတ် ကြီးတဲ့လူလို ပြန်လုပ်နေရင် ဘယ်လိုလုပ်မလဲ? ကိုယ့်ဘာသာ ဦးနှောက်ဆေးနေသလိုမျိုး ထပ်ခါထပ်ခါ ရေရွတ်လိုက်တယ်။

"... ဒါက အဆင်ပြေပါတယ်။ ဒါက ပိုကောင်းတယ်။"

အီဗန့်အကြောင်း တွေးလိုက်တာနဲ့ ကျွန်တော့် ဘယ်ဖက် လက်သန်းကြွယ်က တဆစ်ဆစ်နဲ့ ကိုက်ခဲလာတယ်*။ 'ငြိမ်ငြိမ်နေ'။ အဲဒီ့ ထင်ယောင်ထင်မှားဖြစ်တဲ့ အမိန့်သံတွေကို ပြန်ကြားလာရပြီး ဗိုက်ထဲက အောင့်တက်လာတယ်။။ နာကျင်နေတဲ့ ဗိုက်ကို အုပ်ကိုင်ပြီး ညည်းနေမိတယ်။ အနည်းငယ်လှမ်းတဲ့ နေရာက ကျွန်တော့ ကုတင်နဲ့ စားပွဲကို တွေ့လိုက်တယ်။ အီဗန် ကျန်နေခဲ့တဲ့ ခြေရာလက်ရာတွေကို မမြင်ရအောင် စောင်ထဲ တိုးဝင်သွားလိုက်တယ်။
(T/N : အဲဒီ့နေရာက အီဗန် ဟေးလ်ကို လက်စွပ်ဆိုပြီး ကိုက်ခဲ့တဲ့ နေရာပါ။ နောက်ပြီး ကိုယ်ဖတ်ဖူးတာတော့ ဘယ်ဖက်လက်သန်းကြွယ်က သွေးကြောက နှလုံးနဲ့ တိုက်ရိုက် ဆက်နေတာတဲ့။)

အခု ကျွန်တော် အိပ်လိုက်မယ်ဆိုရင် အရာအားလုံး အဆင်ပြေသွားမှာ။ စိုးရိမ်စိတ်နဲ့ အီဗန့်ပုံရိပ်က ကျွန်တော့် ခေါင်းထဲ နေရာယူထားရာကနေ တဖြည်းဖြည်း ပျောက်ကွယ်လာတယ်။ ကျွန်တော် ဒီလိုပဲ ယုံကြည်ချင်တယ်။ စိမ်းသက်သွားတဲ့ အခန်းထဲမှာ ကျွန်တော့် မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now