Part - {97}

1.2K 114 4
                                    

ကျွန်တော်နဲ့ အီဗန်က ရင်းနှီးကြတာလား? အခုတော့ မဟုတ်လောက်တော့ဘူး။ ဒါပေမဲ့ ပရော်ဖက်ဆာက ကျွန်တော် ပြန်ဖြေတာ မစောင့်ဘဲ ကျွန်တော်နဲ့ အီဗန် ရင်းနှီးကြတယ်လို့ တွေးပြီး ဆက်မေးနေတယ်။

“ပရီစတင်က တစ်ခုခု ဖြစ်လို့လား?”

“… မဟုတ်ပါဘူး”

“ဟုတ်လား? သူ အမှားတစ်ခုခု လုပ်ထားတာလည်း မဟုတ်ပဲနဲ့။ မင်း ပရီစတင်နဲ့ အဆက်အသွယ်ရလား?”

“မရပါဘူး၊ ဆက်ကြည့်ပြီးပြီ။”

“ဒါဆို မင်း အချိန်ရရင် ဆရာ့ကို ဆက်ကြည့်ပေးနိုင်မလား? မင်း ဆက်တာဆိုရင် ကိုင်လောက်ပါတယ်။”

“… ဟုတ်ကဲ့။”

“ကျေးဇူးပါပဲ။ သွားလို့ ရပါပြီ။”

ထွက်ပြေးသလို အရှိန်မျိုးနဲ့ ရုံးခန်းထဲကနေ ပြေးထွက်လာလိုက်တယ်။ ကျယ်ပြန့်တဲ့ စင်္ကြန်လမ်းတစ်လျှောက် ပြေးလာရင်း အီဗန်ရဲ့ နာမည်တွေကို ရှင်းလင်းဖို့အတွက် မရေမတွက်နိုင်လောက်အောင် နည်းလမ်းတွေ စဥ်းစားကြည့်သေးတယ်။ ဒါပေမဲ့ ဘယ်နေရာကိုပဲ ကြည့်ကြည့်၊ အီဗန်ပရီစတင်နဲ့ပဲ အဆုံးသတ်နေတယ်။

ကော်ရစ်ဒါတွေ၊ လှေကားတွေ၊ ကလပ်ခန်းတွေ၊ စာသင်ခန်းတွေ၊ အားကစားကွင်းတွေ။ အီဗန့်နာမည်နဲ့ မသက်ဆိုင်တဲ့ နေရာတစ်နေရာမှ မရှိဘူး။ ကျောင်းအဆောက်အဦဟောင်းကို ကြည့်လိုက်ရင်တောင် ရူဒယ်မဟုတ်ဘဲ အီဗန်ကိုသာ သတိရလာတာ။

ကျွန်တော်က အီဗန်ကို ဆက်သွယ်နိုင်ပါ့မလား? ဘာလို့ ‘ဟုတ်ကဲ့’လို့ ပြန်ဖြေမိတာလဲ? ကျွန်တော်က ဆက်သဘောကျနေတာပဲ။ ဟင့်အင်းလို့ပဲ ငြင်းခဲ့ရမှာ။ ကျွန်တော် အီဗန်နဲ့ သူငယ်ချင်း မဟုတ်တော့ဘူးလို့ ပြောခဲ့ရမှာ။

အိတ်ကပ်ထဲက ဖုန်းကို နှိုက်ယူလိုက်တယ်။ တစ်ချက်နှစ်ချက် ထိပြီးနောက် အီဗန်နဲ့အတူ အလင်းရောင်တောက်တောက် အောက်မှာ ရိုက်ထားတဲ့ နောက်ခံပုံလေးက ပေါ်လာတယ်။ ကျွန်တော်နဲ့ သူနဲ့ အားရပါးရ ပြုံးနေကြပုံတွေက အိပ်မက်ထဲကနဲ့ တစ်ပုံစံတည်း ဖြစ်နေတယ်။

ကျွန်တော့် ရင်ထဲမှာ တစ်စုံတစ်ခု(နှလုံး)က မြည်ဟီးလာတယ်။ ကျွန်တော့်လက်တွေက အရိုင်းဆန်ဆန် လှုပ်ရှားကုန်တယ်။ အချိန်ကြာသွားပြီးနောက် ကျွန်တော် အလွတ်မှတ်ထားတဲ့ နံပါတ်ကို ရိုက်ခေါ်လိုက်တယ်။ ဒါပေမဲ့ ခေါ်ဆိုသည် ဆိုတဲ့ အပြာရောင် ခလုတ်နားလေး ရောက်တော့ အသက်ရှူ ရပ်သွားပြီး လှုပ်ရှားနေတာလည်း ရပ်သွားတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)حيث تعيش القصص. اكتشف الآن