RoommateZ

226 1 0
                                    

ကားနက်ထဲမှအလျင်အမြန်ဆင်းကာ ကုမ္ပဏီအတွင်းသို့အလောတကြီးပြေးဝင်လာတဲ့ကောင်မလေးတစ်ယောက်.. ၆လွှာလောက်ကဆင်းလာတဲ့ ဓာတ်လှေကားကိုတောင်မစောင့်နိုင်တော့ပဲ အရေးပေါ်လှေကားဖြင့်သာ ပြေးတက်လာခဲ့သည်။ သူမရဲ့အနောက်မှာ အလောတကြီးပြေးလိုက်လာတဲ့ခြေသံတွေ

"သူရော သူဘယ်မှာလဲ!!"

"ယွန်းနာ့ စိတ်လျော့ စိတ်ကိုအရင်ငြိမ်အောင်ထား"

အခုလိုအချိန်မှာ ဘယ်လိုလုပ်စိတ်ငြိမ်အောင်နေလို့ရမှာလဲ ဘယ်အီကရယ်စရာတွေအရမ်ပြောတတ်တာပဲ ဒါပေမယ့် သူမအရယ်နိုင်ပါ

"သူဘယ်မှာလဲလို့ ငါ့ကိုပြောပြကြပါ"

အသံတွေပါဝင်ပြီးမေးနေတဲ့ ဆောယွန်းကို မန်ဘာတွေက စိတ်မကောင်းစွာပင်ကြည့်နေကြသည်။ ဆောယွန်းရဲ့ပုံစံက ချက်ချင်းပြိုလဲကျတော့မယ်လူလိုပင် ဒါပေမယ့် သူမတို့မှာ ဘာမှလုပ်ပိုင်ခွင့်မှမရှိကြတာ

"အစ်မဂျင်နီထွက်သွားပြီ မနက်အစောကတည်းက"

ငိုယိုကာပြောလာတဲ့ အငယ်ဆုံးလေးစကားအဆုံးမှာ ဆောယွန်းကြမ်းပြင်ပေါ်သို့ ခွေလျက်လဲကျသွားတော့သည်။

သူအတို့သိပ်ကိုပျော်ရွှင်ပြီး အလိုက်ဖက်ဆုံးတွေဖြစ်ခဲ့ကြတာလေ ဘာတွေကဘယ်နေရာမှာစမှားခဲ့တာလဲ.. အခုဘာတွေဆက်ဖြစ်မှာလဲ

~~~~~~~~~~~~~~~~~~~~~~~
"Sulljin are real?"

"ဟား မင်းတို့အဲ့လိုထင်ကြတာလား"

"ခစ်ခစ်..မင်တို့ကြိုက်သလိုထင်နိုင်ပါတယ်"

၁နာရီကျော်လောက် live လွှင့်ပြီးတော့ ဆောယွန်းခါးတွေပါညောင်းကိုက်လာသည်။ ဘေးနားက သူမအကောင်ပေါက်လေးကလဲ ပင်ပန်းသွားသည်ထင်သည် သူမရင်ခွင်ထဲသို့တိုးဝင်လာတာကြောင့် အလိုက်သင့်ပြန်ဖက်ထားပေးလိုက်သည်။

"ဘာလို့nswerတွေကို ကြိုက်သလိုထင်လို့ပြောလိုက်တာလဲ သူတို့်တွေရိပ်မိကုန်လိမ့်မယ်"

"ဟာ အချစ်ကလဲ သူတို့ထင်တာလဲမှန်နေတာပဲကို ဘာလဲ အချစ်ကငါနဲ့အကြောင်းမသိစေချင်ဘူးလား"

ရင်ခွင်ထဲကအတင်းရုန်းနေတာကြောင့် ဒီအကာင်ပေါက်စိတ်ဆိုးနေပြီဆိုတာ ဆောယွန်းရိပ်မိလိုက်သည်။

If The Right To Change (One Short)Where stories live. Discover now