"မျက်ရည်လေးတွေတောင်စို့နေပြီပဲ"
အနမ်းတွေရပ်စဲသွားသည့်ခဏအကြာမှာ Jennie သည် Jisoo မျက်လုံးတွေရစ်ဝိုင်းနေသည့် မျက်ရည်စတို့ကို သုတ်ပေးရင်း ပြောလာသည်လေ။ ထို့ကြောင့် Jisoo မရှိသည့်အားနှင့် Jennie ကိုတွန်းထုတ်လိုက်မိသည်။ သို့သော် အားနည်းလွန်းသည့်တွန်းအားကြောင့် Jennie ခြေတစ်လှမ်းလောက်ပဲ နောက်ရောက်သွားသည်။
"ဘာ...ဘာလို့..."
Jisoo တုန်ရီနေတဲ့ အသံတို့ဖြင့်ပြောရင်း သူ့နှုတ်ခမ်းတွေကို အကြိမ်ကြိမ်ပွတ်သပ်နေမိသည်။ အမှန်ဆို Jisoo ရဲ့ အနမ်းဦးဟာ Chae မရခဲ့ရင်တောင် Jennie တော့မဖြစ်သင့်ဘူး။
"ဟေး Kim Soo ဆက်မပွတ်နဲ့တော့"
Jennie က Jisoo လက်တစ်ဖက်ကိုဆွဲဖမ်းရင်း ပြောပေမဲ့ Jisoo ဟာ နောက်လက်တစ်ဖက်နှင့် ဆက်ကာပွတ်နေသည်လေ။ ထို့ကြောင့် Jennie နှစ်ဖက်လုံးကို ဆွဲချုပ်ထားရသည်။
"လွှတ်!... ငါ့ကိုလွှတ်စမ်း Jennie Kim"
"အဲ့လောက်ဖြစ်မနေပါနဲ့ ဒါက ငါ့ရဲ့ First Kiss ဆိုလည်းဟုတ်ပါတယ် အဲ့လောက်ရွံရှာပြနေစရာမလိုဘူး"
"ငါ့ကိုလွှတ်လို့ပြောနေတယ်နော်"
Jisoo သူနှင့်စကားမပြောချင်ပါ။ ဘယ်က ဘာကိုစပြောရမလဲလည်းမသိတော့။ ရုတ်ချင်းဆန်လွန်းသည့် အခြေနေတွေကြောင့် ဘာတွေဖြစ်ကုန်လည်း Jisoo ညဏ်သေးသေးလေးဟာ လိုက်မမှီတော့ချေ။ လောလောဆယ် Jennie ရှေ့က ခဏပျောက်သွားချင်သည်လေ။ ထို့ကြောင့် အားကုန်ရုန်းနေမိသော်လည်း Jennie ဟာလည်း အားကုန်သုံး၍ Jisoo ကို ဖမ်းဆုပ်ထားသည်ထင်ရသည်။ တင်းကျပ်လွန်းစွာဆုပ်ကိုင်ထားသည်မို့ လက်တွေနာကျင်လာသည်ကိုကြည့်။
"အဟင့်..."
နောက်ဆုံး Jennie မလွှတ်သည့်အဆုံးတွေ ရုန်းနေရင်း Jisoo ဆီက ရှိုက်သံလေးထွက်လာသည်။ အခု Jisoo ပုံစံက အနိုင်ကျင့်ခံရသည့်သူလို။ ဟင့်အင်း အနိုင်ကျင့်ခံနေရတာပဲမလား။ Chae သာရှိလျှင် ဒီလိုတွေဖြစ်မှာမဟုတ်ဘူးတွေးမိတော့ ပို၍ ဝမ်းနည်းလာသည်။
"နင်သိလား Kim Soo..."
Jisoo ကိုယ်လေးကို နံရံနှင့်ပြန်ဖိကပ်ထားရင်း နားအနားသို့တိုးလာကာ Jennie ဟာမေးသည်။ စတင်ငိုနေပြီဖြစ်တဲ့ Jisoo ဟာ မျက်ရည်သုတ်ခွင့်တောင်မရှိသည့်အနေထားဖြစ်နေ၍ ငိုသာချလိုက်တော့သည်။
