Chapter - 109

1.5K 279 4
                                    

Unicode

၁၀၉။ ရေခဲမုန့်အမှုန့်
_________________

ရှန်ဖူ Alanဆီက ဖုန်းရတဲ့အချိန်မှာ ဇွန်လအစပိုင်းဖြစ်သည်။ တစ်ဖက်ကနေ Alanဘာပြောလိုက်တယ်ဆိုတာကို သူ မကြားမိတော့မလိုဖြစ်သွားပြီး ထိန်းချုပ်မရတဲ့အ‌ပျော်မျက်နှာနဲ့ အချိန်အတော်ကြာငေးငိုင်နေပြီးမှ ဖုန်းချလိုက်နိုင်သည်။

လင်ရှုယီက အခန်းထဲမှာစာဖတ်နေတာဖြစ်ပြီး ရှန်ဖူ အခန်းထဲဝင်လာတဲ့အသံကိုကြားတဲ့အခါ Alanဘာပြောသွားတာလဲ‌လို့မေးမည်ပြင်ကာရှိသေး ရုတ်တရက် ဆိုဖာပေါ်လဲကျသွားကာအပေါ်ကနေဖိအုပ်ထားခြင်းခံလိုက်ရတော့သည်။ သူ့နှုတ်ခမ်းတွေက စကားလေးတစ်ခွန်းပင်ဟဖို့အချိမ်မရလိုက်ဘဲ ချိတ်ပိတ်ခြင်းခံလိုက်ရရှာသည်။

ရှန်ဖူက လင်ရှုယီကို မြိုချချင်နေသလိုမျိုး ကြမ်းကြမ်းတမ်းတမ်းနမ်းခဲသည်။ လင်ရှုယီက ရှန်ဖူ့ကို ဘာဖြစ်နေတာလဲလို့မေးဖို့ကြံထားသော်ငြား အနမ်းကြမ်းကြမ်းအောက်မှာ သူ့အသက်ရှူသံတွေက မညီမညာဖြစ်လာသည်။ ရှန်ဖူက သု့အပေါ်မှာအုပ်မိုးထားကာ သူ့ကိုစနောက်နေတာမို့ လင်ရှုယီရဲ့စိတ်က ရှုပ်ထွေးနေပေမယ့် ထောင်ထောင်က ဘေးအခန်းထဲမှာနေ့ခင်းတစ်ရေးတစ်မောအိပ်နေတာကို သူ သတိရသေးပြီး ထောင်ထောင်ရုတ်တရက်နိုးလာမှာကို သုစိုးရိမ်သွားသည်။

သို့သော်ငြား လင်ရှုယီရဲ့ရှပ်အင်္ကျီက သူ့ရင်ဘတ်နားရောက်တဲ့အထိ မတင်ခံလိုက်ရပြီးနောက်မှာ ရှန်ဖူတစ်ယောက် စောစောစီးစီးပင်ရပ်လို့သွားသည်။ သူက ငုံ့ချကာ လင်ရှုယီရဲ့ကိုယ်ကို အနမ်းဖွဖွတစ်ချက်ပေးသည်၊ လင်ရှုယီရဲ့စိတ်ဝိဉာဉ်မှာ အားနည်းသွားရကာ သူ့ကိုယ်ကပျော့ခွေသွား၏။

ရှန်ဖူက ကိုယ်ကိုပြန်မတ်လိုက်ပြီး လင်ရှုယီစကားပြောလာမှာကိုမစောင့်ဘဲဆိုသည်။

"လက်ထပ်ကြရအောင် ရှောင်ယီ။"

ခဏမျှအံ့ဩသွားရပြီးနောက် လင်ရှုယီကရယ်ကာဆို၏။

"အင်း။"

ရှန်ဖူ့ရယ်သံက ပိုမိုနူးညံ့လာသည်။

"ကောင်းတယ်၊ ဒါဆို ဇွန်လကုန်ရင် ကိုယ်တို့ လော့စ်အိန်ဂျလိစ်ကိုသွားကြမယ်။"

I'm a Chef in the Modern Era [Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang