Part - {99}

1.1K 99 1
                                    

အဲဒီ့စကားလုံးတွေက မြစ်ကို ဖြတ်ပြီး ဆက်သွယ်ထားတဲ့ တံတားပေါ်ကိုပါ ပဲ့တင်ထပ်သွားတယ်။ အီဗန်က ကျွန်တော့်ပါးကို ထိရုံသာ ထိပြီး၊ တစ်နည်း သူ့လက်သည်းတွေနဲ့ ထိရုံလေးသာ ထိပြီး ပြန်ရုတ်သွားတယ်။

ရေလှိုင်းတွေက ကျောက်ခဲတွေကို ရိုက်ချပြီး တိုက်စားသွားတယ်။ တံတားပေါ်ကနေ ရထားခုတ်မောင်းသွားသံကို ကြားနေရပြီး အနီရောင် ကောင်းကင်ယံကလည်း အိပ်မက်ထဲက သွေးပြင်လိုမျိုး ပတ်ဝန်းကျင်ကို ရက်စက်စွာ အနီရောင်တွေ မှုန်းခြယ်ထားတယ်။ ဖိနပ်ထိပ်မှာ ရွှံ့ခဲလေးတွေ အဖြစ် စုခဲသွားပြီး အဲဒီ့ရွှံ့ခဲတွေပေါ်ကို ကြည်လင်တဲ့ တစ်စုံတစ်ရာ စီးကျသွားပြန်တယ်။ အနက်ရောင် ပြောင်းသွားတဲ့ ရေကွက်ရာက ရွှံ့ခဲထဲကို စိမ့်ဝင်သွားတယ်။

“ရက်စက်တဲ့ အရာတွေကို ပုံမှန်လို ပြောဆိုနေတာမျိုးကို ကြောက်တယ်၊ မင်းရဲ့ အထိအတွေ့တွေ၊ မင်းရဲ့ မျက်လုံးတွေကိုတောင်မှပဲ။”

စကားလုံးတွေက ဓားတွေလို ဖြစ်လာပြီး ကျွန်တော့်နှလုံးကို ထိုးဖြတ်နေသလို ထွက်ကျလာတယ်။ အေးမြနေတဲ့ မြစ်ပြင်လေပြေတွေကလည်း အနီရောင်ပြောင်းစ သစ်ရွက်တွေကို ဝေ့ဝဲကြွေကျလာစေတယ်။

ကျွန်တော် ဆုပ်ကိုင်ထားတဲ့ ပုခုံးတွေကို ဆွဲလိုက်ပြီး ဆွဲခေါ်ရာနောက် အလွယ်တကူ ပါလာတဲ့ အီဗန်ကို ဖက်ထားလိုက်တယ်။ မြစ်ပြင်ကနေ ရလာတဲ့ ငါးညှီနံ့နဲ့ ငံကျိကျိ အနံ့တွေက စင်ထွက်လာတဲ့ ရေစက်တွေနဲ့ ရောပါလာတယ်။ အီဗန်က ကျွန်တော့်ကို ပြန်မဖက်ဘဲ တောင့်တင်းနေလျက်သား ရပ်နေရှာတယ်။ သူ့မျက်နှာမှာ နာကျင်မှုတွေ ပေါ်လွင်နေပြီးမှ ခက်ခက်ခဲခဲနဲ့ ပြန်ပျောက်သွားတယ်။

ဆောင်းဦးရာသီ လေညှင်းသွဲ့သွဲ့က အီဗန်ရဲ့ အသက်ရှူသံကို သယ်ဆောင်လာတယ်။ ကျွန်တော့်လက်ထဲက အီဗန့်ကိုယ်အပူချိန်က အတုအယောင်တစ်ခုလို ကြောက်ဖို့ကောင်းနေတယ်၊ ဒီလိုက ပိုပြီးတောင် ကောင်းသေးတယ်။ အဲဒါကြောင့် ပိုလို့တောင် တိုးဖက်လိုက်တယ်။ ကျွန်တော် အီဗန်နဲ့ အဝေးမှာ မနေနိုင်တော့ဘူး။ အလောင်းကောင်လို တောင့်တောင့်ကြီး ရပ်နေတဲ့ အီဗန့်ကို ဝန်ခံလိုက်တော့တယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now