အခန်း ၂၈ အပိုင်း ၃
ဒီအိမ်ကို အစေခံတွေက အမြဲစောင့်ရှောက်ပေးပြီး နေ့တိုင်း သန့်ရှင်းရေးလုပ်ထားသည်။ တကယ်တော့ ညစ်ပတ်တာ မဟုတ်သလို သူ့ကိုယ်ပိုင်ပစ္စည်းတွေလည်း မရှိဘူး။ သူဒီမှာ တစ်ခါမှ မနေဖူးဘူး။
အခုလေးတင် သူမက ဒီနေရာကို အထီးကျန်တယ်လို့ပြောခဲ့ပြီး တကယ်လဲ ဒီလိုပါပဲ။
ရှောင်းယိုနဥ်က လက်ဖက်ရည်ခွက်ကို ဆေးကြောပြီး ယဲ့ရှန်းအတွက် ရေအနည်းငယ်လောင်းထည့်ကာ ပြန်လာခဲ့သည်။ သူမက ပြုံးပြနေပြီး ခွက်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။ "ရေတွင်းရေကို စမ်းကြည့်တော့ အရမ်းသန့်ရှင်းပြီး ကြည်လင်တယ်။ တာအို ဘုန်းကြီးက အဲဒါကို ကြိုက် မကြိုက် မသိဘူး"
ကလေးမလေးက အိမ်ရှင်၏ဇနီးနှင့်တူနေသည်။ ယဲ့ရှန်းက သူမ၏ကြင်နာမှုကို မငြင်းဆန်ခဲ့ပေ။ သူ့ရဲ့ ဇီဇာကြောင်မှုတွေကို သည်းခံပြီး အေးမြတဲ့ ရေတွင်းရေအနည်းငယ်ကို ပါးစပ်ထဲ ငုံ့လိုက်သည်။
ဒီလိုရေအေးကို သောက်တာက သူ့အတွက် ပထမဆုံးပါပဲ။ အရသာက... အဆင်ပြေတယ်။
ဇီဇာကြောင်တတ်တဲ့ ပဉ္စမသခင်လေးယဲ့က ခေါင်းငုံ့ပြီး တစ်ငုံထပ်သောက်လိုက်သည်။ သောက်ရင်း ကြည့်လိုက်တော့ ကလေးမလေးရဲ့ အင်္ကျီလက်တွေ စိုနေတာကို တွေ့လိုက်ရသည်။ သူမ ရေတွင်းမှာ အခုမှ စိုခဲ့တာဖြစ်နိုင်သည်။
သူက သူမကို သတိပေးချင်ပေမယ့် သူ့မျက်လုံးတွေကို မော့လိုက်တဲ့အခါ သူမရဲ့ အပေါ်ရုံအင်္ကျီတွေလည်း စိုစွတ်နေတာကို တွေ့လိုက်ရသည်။ သူမရဲ့ ခါးနားတဝိုက်မှာ အခြားနေရာများထက် ပိုမိုစိုစွက်နေပြီး သူမ၏ အကွေးအကောက်များကို ပုံဖော်ပေးနေသည်။
သူ ခဏတာ အံသြသွားသည်။ ထိုနောက် အဝေးကို အမြန်ပြန်ကြည့်လိုက်ကာ ပါးစပ်ပိတ်နေဖို့ ပဲ ဆုံးဖြတ်လိုက်သည်။
သူသတိပေးခဲ့ရင် သူမ ရေတွင်းထဲက ရေတွေစိုနေပြီး သူမရဲ့ ခမ်းနားတဲ့ ကောက်ကြောင်းတွေ ပေါ်နေတာကို သူ မြင်လိုက်မှန်း သူမ သိသွားမှာ အသေအချာပါပဲ။ ထိုအချိန်ရောက်လာလျှင် ပိုပြီး အရှက်ရလိမ့်မည်။
YOU ARE READING
ဒုတိယအကြိမ်...လက်ထပ်ခြင်း
Historical FictionMyanmar Translation of China Web-Novel "Second Marriage" English Title : Second Marriage Original Authors : 喵蓝 English Translators : https://www.novelupdates.com/group/wordrain/ Episode : 66...