Part - {102}

1.5K 127 4
                                    

ကျွန်တော့်ဝတ်စုံပေါ်က နှင်းတွေကို ခါချနေရင်းက သစ်ကိုင်းဖြူဖြူလေးတစ်ခုကို မြင်လိုက်ရတယ်။ သစ်ကိုင်းအစွန်းမှာ ခိုတွဲနေတဲ့ နှင်းပွင့်တွေက လက်ဆန့်လိုက်ရုံနဲ့တင် ဖမ်းမိတော့မလို ခံစားရစေတယ်။ ကျွန်တော့်မျက်လုံးနဲ့ မြင်နိုင်တော့မဲ့ အချိန် မရှိလောက်တော့ဘူးလို့ တွေးခဲ့တဲ့အချိန်လည်း ရှိတယ်။ အခုတော့ ဟေးလ်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့မိလို့ ဘယ်လောက်တောင် ကံကောင်းလိုက်လဲလို့ တွေးနေမိမှန်းတောင် မသိတော့ဘူး။

ဒီလိုမျိုး နှင်းပွင့်တွေကို ထိလို့ရတယ်လေ။

ဇာတ်ကြောင်းပတ်လမ်း ပြီးသွားတော့ ပထမဆုံးအကြိမ်အဖြစ်၊ ကျောင်းဆိုတာနဲ့ ကျောင်းပြီးပြီးနောက် အချိန်တွေကို ကြုံတွေ့ရတာပဲ။ တစ်ချိန်တည်းမှာပဲ ရပ်တန့်နေခဲ့တဲ့ အရပ်ကလည်း အလျင်အမြန် ရှည်လာပြီး 180 စင်တီကိုတောင် ရောက်နေပြီ။ ဟေးလ်နဲ့စာရင် အတော် ပုသေးပေမဲ့ အဆင်ချောနေတာပဲလေ၊ ဒါပေမဲ့ ဒီလောက်ပဲဆို ဘယ်လိုလဲ?

ကျွန်တော် ရယ်လိုက်ပြီး လက်ဆန့်ကာ သစ်ကိုင်းကို ပုတ်ချလိုက်တယ်။ ကျွန်တော် အရင်ကနဲ့ လုံးဝ မတူတော့တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတာ ယုံကြည်ဖို့တောင် ခက်ခဲတယ်။

ဟေးလ်ကြောင့်သာ မဟုတ်ရင် ကျွန်တော် ပြုံးနေနိုင်မှာ မဟုတ်ဘူး။ ဗာဒီရဲ့ အရိပ်အောက်ကနေ မလွတ်မြောက်နိုင်ပဲ ဘာက မှားနေမှန်း သိမှာ မဟုတ်ဘူး။

သစ်ပင်အောက်မှာပဲ ခြေတစ်လှမ်း လှမ်းလိုက်တယ်။ ပုံနေတဲ့ နှင်းခဲတွေဆီက အေးစက်မှုက သားရေဖိနပ်ကိုတောင် ထိုးဖောက်ပြီး ဝင်ရောက်လာတယ်။ ဒါပေမဲ့ ဒီလို အေးစက်မှုကတောင်မှ အိပ်မက်လို ခံစားနေရတယ်။ အဲဒီ့လောက်အထိကို ဒီအချိန်၊ လက်ရှိအခြေအနေကို ကျွန်တော် မယုံနိုင်သေးဘူး။

ခြေတစ်လှမ်းစီတိုင်းက ဟေးလ်ဆီကို ဦးတည်နေတယ်။ ဟေးလ်ကို မနေ့က တွေ့ထားပြီး ဒီနေ့လည်း တွေ့ရအုန်းမှာ၊ ဒါပေမဲ့ အချိန်တစ်ခုစီတိုင်းက ကျွန်တော့်ရင်ကို အမျိုးမျိုး ခုန်လှုပ်စေတယ်။ အရင်အပတ်ကဆိုရင် အချိန်အတော်ကြာ မတွေ့ခဲ့ရတဲ့ ကာမန်ဟိုင်မွန်က တီဗီကြည့်ရင်း ပြောနေတာကို သတိရသေးတယ်။

အဓိကဇာတ်ကောင်Shouအဖြစ်မှ ကြမ်းရမ်းတဲ့Gongဘဝသို့ : Myanmar Translation (Unicode)Where stories live. Discover now