Final

1.8K 72 23
                                    

For Unicode

"ဂျောင်ကု...ဂျောင်ကု ... ဂျွန်ဂျောင်ကု"

ရေချိုးခန်းတံခါးအား လက်နဲ့ခေါက်ကာ ထယ်ယောင်းဂျောင်ကုနာမည်ကိုအော်ခေါ်နေမိသည်။
ဂျောင်ကုရေချိုးနေတာ သိပ်ကိုကြာနေပြီမဟုတ်လား။

ရှေ့ရက်တွေတုန်းက သိပ်ကိုထိရှလွယ်ခဲ့တဲ့ ဂျောင်ကုအား ထယ်ယောင်းအရိပ်တကြည့်ကြည့် ဂရုစိုက်ခဲ့ရသည်။

အပြန်အလှန်ပေးခဲ့တဲ့ စိတ်ဒဏ်ရာတွေ အနာမကျက်သေးခင်မှာတင် ဖခင်ရဲ့ရုတ်တရင်သေဆုံးမှုကိုကြုံတွေ့လိုက်ရတော့ ဂျောင်ကုရဲ့ ကြောက်ရွံ့စိတ်တွေပိုတိုးလာတယ်ထင်ပါရဲ့။

ဆိုးဆိုးရွားရွားတော့ မဟုတ်ပေမဲ့ ရံဖန်ရံခါတိတ်ဆိတ်နေတတ်သည်။ အတွေးများနေရင် ကောင်းလာမှမရှိတာကြောင့် ထယ်ယောင်းသူ့ကိုအာရုံလွဲပေးရတာ တစ်ကြိမ်နှစ်ကြိမ်မက။

ဂျောင်ကုအဖေရဲ့ ဈာပနကအစ အိမ်ပြန်လမ်းတစ်လျှောက်လုံးထိ ဂျောင်ကုက ထယ်ယောငါးကို မျက်စိအောက်ကအပျောက်မခံခဲ့။ ထပ်ပြီးဆုံးရှုံးရမှာ ကြောက်နေပုံပေါ်သည်။

ဂျောင်ကုအမေဖြစ်သူကို ဂျောင်ကုက သူနဲ့အတူ ဆိုလ်းကို လိုက်ခဲ့ဖို့ခေါ်သော်လည်း မလိုက်လိုဟုငြင်းဆိုလေ၏။ ဒါပေါ့ သူလည်းနေသားကျပြီးသားနေရာကို စွန့်ခွာလိုပါ့မလား။ ယောက်ျားဖြစ်သူခေါင်းချသွားတဲ့နေရာလည်းဖြစ်သလို သားငယ်လည်းသူ(မ)နဲ့အတူရှိနေတာပဲလေ။

ဆိုလ်းကိုပြန်ရောက်တော့ ဂျောင်ကုက ချက်ချင်းဆိုသလို အလုပ်သစ်တစ်ခုရှာသည်။ အရင်သူဌေးရဲ့ အာဏာကြောင့်ထင်ပါ့။ ခက်ခက်ခဲခဲပင် အလုပ်မရှာလိုက်ရ။ ဂျောင်ကုရဲ့ အရည်အချင်းကို အားလုံးက သိပြီးသားပင်ဖြစ်နေသည်။ မစ္စတာအိုကူညီပေးတာလည်း ပါတာပေါ့။

ဒီနေ့က ဂျောင်ကုပထမဆုံး အလုပ်ဆင်းရမည့်နေ့။ ဒါ့ကြောင့်လည်း စိတ်လှုပ်ရှားနေသည် ထင်၏။ ထယ်ယောင်းရေချိုးခန်းတံခါးကို အကြိမ်ကြိမ်ခေါက်နေမှပင် ရေစက်လက်နဲ့ ထွက်ချလာတော့သည်။

"လာပါပြီ Amberရယ်... ဇွတ်ပဲ"

"ကျွန်တော်ကဇွတ်တာလား ခင်ဗျားကလိပ်လိုလုပ်နေတာလား...နှေးကိုနှေးတာ"

𝘾𝙧𝙖𝙯𝙮 𝘼𝙢𝙗𝙚𝙧  (Completed)Donde viven las historias. Descúbrelo ahora