မနက်ဖြန်ခရီးထွက်ရတော့မှာဆိုတော့နန်းတို့အားလုံးshoppingထွက်ကြတယ်။ခရီးသွားရင်၀တ်ဖို့အ၀တ်အစားအသစ်တွေထပ်၀ယ်ကြတယ်။
မဟာ"နင်တို့တွေ၀ယ်နေတာအနွေးထည်ပါးတွေချည်းပဲ။အနွေးထည်လည်း၀ယ်အုန်းလေ။ပြင်ဦးလွင်ကအေးတယ်နော်။"
စော"အခုကနွေရာသီကိုအဲ့လောက်ထိကြီးလည်းမအေးလောက်ပါဘူး။"
မိုး"ဟုတ်တယ်၊ငါလည်းအဲ့လိုပဲထင်တယ်။"
နန်း"အေးလေ၊နင်ကလည်းပိုပါ့။"
မဟာ"အေးပါ၊ဟိုရောက်မှငါ့ပြောတာမှန်တယ်ဆိုတာသိလိမ့်မယ်။"
မဟာစကားကိုနန်းတို့အားလုံးမသိကျိုးနွံပြုပြီးကိုလုပ်ချင်တာဆက်လုပ်နေကြတယ်။နန်းတို့shoppingထွက်ပြီးတော့ဗိုက်ဆာလာတာနှင့်resturantတခုမှာနေ့လည်စာ၀င်စားကြတယ်။ပြီးတော့မှအိမ်ပြန်ကြတယ်။နန်းအိမ်ပြန်ရောက်တာနှင့်ခရီးထွက်ဖို့ဟိုပစ္စည်းထည့်ဒီပစ္စည်းထည့်နှင့်အလုပ်ရှုပ်နေတယ်။နန်းလိုပဲစိုင်းလည်းအပေါ်တက်လိုက်အောက်ဆင်းလိုက်နှင့်အလုပ်ရှုပ်နေတယ်။ညနေစောင်းတော့နန်းတို့ခရီးထွက်ဖို့ပြင်ဆင်စရာရှိတာတွေပြင်ဆင်လို့ပြီးသွားတယ်။
ခဏနေတော့နန်းခရီးသွားဖို့မှာထားတဲ့ကားကိုဘိုးဘိုးcompanyကအလုပ်သမားကလာပို့တယ်။နန်းတို့ဆီမှာကအိမ်စီးကားအသေးတွေပဲရှိတာကြောင့်ကားကြီးလာပို့ခိုင်းထားတာဖြစ်တယ်။ညနေ၅နာရီလောက်ရောက်တော့နန်းရဲ့သူငယ်ချင်းတွေအားလုံးရောက်လာကြတယ်။နန်းနှင့်စော၊မိုးတို့ကနန်းအခန်းထဲမှာစုပြီးဖုန်းထဲကနေkorea seriesကြည့်ရင်းမုန့်တွေစားနေကြတယ်။မဟာကတော့စိုင်းနှင့်အတူဂိမ်းဆော့နေလေရဲ့။မဟာကစိုင်းနှင့်သူငယ်ချင်းဖြစ်သွားတော့နန်းတို့ကိုတောင်လှည့်မကြည့်တော့ဘူး။💮💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်းတို့seriesကြည့်ကောင်းနေတုန်းကမဟာကညစာစားဖို့လာခေါ်တယ်။နန်းတို့၃ယောက်ကသရေစာတွေအများကြီးစားထားတာကြောင့်ဗိုက်တွေတင်းနေတယ်။အဲ့တာကြောင့်ညစာမစားသေးဘူးလို့ပြောလိုက်တယ်။မဟာထွက်သွာတာနှင့်နန်းတို့seriesဆက်ကြည့်တယ်။မမနန်းတို့ကညစာမစားသေးဘူးဆိုတော့ကျွန်တော်နှင့်ကိုကြီးမဟာတို့ညစာအတူတူစားခဲ့တယ်။ကိုကြီးမဟာကတကယ့်ကိုခင်ဖို့ကောင်းတဲ့ကိုကြီးပါ။ဖော်ဖော်ရှိပြီးစိတ်ထားလည်းကောင်းတယ်။ဟာသတွေပြောတတ်သူမို့ကိုကြီးမဟာနှင့်ဆိုရင်ရယ်ရတာပါးစပ်မပိတ်ရဘူး။နန်းတို့seriesကြည့်တာည၉နာရီမှပြီးတယ်။နန်းတို့seriesကြည့်နေတုန်းကဗိုက်မဆာပဲseriesပြီးမှဗိုက်ထဲကနေအသံပေါင်းစုံမြည်လာတယ်။
မိုး"ဗိုက်ဆာလိုက်တာဟာ။နင်တို့ရောဗိုက်ဆာလား။"
စော"ငါလည်းဗိုက်ဆာတယ်၊မိုးရယ်။"
နန်း"ငါရောပဲ။အိမ်မှာထမင်းတော့ရှိတယ်။ဒါပေမဲ့ထမင်းမစားဘဲခေါက်ဆွဲပြုတ်စားမလား။"
မိုး"good ideaပဲနန်း။စောနတုန်းကoppaတွေကားကြည့်ကတည်းကခေါက်ဆွဲပြုတ်စားချင်နေတာနှင့်အတော်ပဲ။"
စော"ပြောနေတာကြာတယ်။အခုပဲငါတို့အတူတူခေါက်ဆွဲသွားပြုတ်ကြမယ်။"
နန်း"အေး၊သွားကြမယ်။"
နန်းတို့၃ယောက်မီးဖိုခန်းထဲအတူတူဆင်းလာကြတယ်။နန်းခေါက်ဆွဲ၃ပွဲစာရေတွေထည့်လိုက်တယ်။ပြီးတော့ရေဆူတာစောင့်နေတယ်။ရေဆူတော့နန်းခေါက်ဆွဲထည့်ဖို့ခေါက်ဆွဲထုတ်ဖောက်လိုက်တယ်။နန်းကအားနှင့်ဖောက်လိုက်တော့ခေါက်ဆွဲထုတ်ကအလည်ကနေကွဲထွက်ပြီးအောက်တွေအကုန်ပြုတ်ကြကုန်တယ်။💮💮💮💮💮💮💮💮💮💮💮💮💮💮💮
စောကပြုတ်ကြသွားတဲ့ခေါက်ဆွဲထုတ်တွေကိုသိမ်းဖို့တံမြတ်စည်းနှင့်ဂေါ်ပြားပြေးယူတယ်။စောကအမြန်ပြေးလာတော့ရှေ့ခြေထောက်နှင့်နောက်ခြေတောက်တိုက်မိပြီးချော်လဲသွားတယ်။နန်းနှင့်မိုးလည်းစောကိုထူဖို့ပြေးလာကြတယ်။နှစ်ယောက်ပြိုင်ပြီးစောကိုထူဖို့ခေါင်းငုံ့လိုက်တာခွပ်ခနဲနန်းနှင့်မိုးခေါင်းချင်းတိုက်မိသွားတယ်။နန်းနှင့်မိုးနှင့်ခေါင်းမူးသွားတယ်။ကျွန်တော်နှင့်ကိုကြီးမဟာအောက်ထပ်ကနေဆူညံသံတွေကြားလို့အခန်းထဲကနေထွက်လာပြီးအောက်ထပ်ဆင်းလာတယ်။ဖိုးဖိုးလည်းအသံတွေကြားလို့အခန်းထဲကထွက်လာပြီးကျွန်တော်တို့နှင့်အောက်ထပ်အတူတူဆင်းလာတယ်။မီးဖိုခန်းထဲမီးဖွင့်ထားလို့မီးဖိုခန်းထဲဝင်ကြည့်လိုက်တော့မှောက်ရက်လဲနေတဲ့မမစောရယ်၊နဖူးမှာဒဏ်ရာကိုယ်စီနှင့်မမနန်းနှင့်မမမိုးကိုတွေ့လိုက်တယ်။
ဦးအောင်ကျော်"မြေးလေးတို့ဘယ်လိုဖြစ်တာလဲ။လူတွေလည်းဒဏ်ရာတွေနှင့်။ပြီးတော့ကြမ်းပြင်မှာလည်းခေါက်ဆွဲခြောက်တွေပွပလဲနေတာပဲ။"
နန်း"ပြောမနေပါနှင့်တော့ဘိုးဘိုးရယ်။နန်းတို့ကိုကကံဆိုးတာပါ။နန်းတို့ဗိုက်ဆာလို့ခေါက်တွဲပြုတ်မလို့လုပ်ရင်း.............။"
နန်းစောကိုထူလိုက်ပြီးဖြစ်ခဲ့သမျှကိုပြောပြလိုက်တယ်။
ဦးအောင်ကျော်"မြေးလေးတို့ကတော့ဖြစ်ရမယ်။သတိထားပြီးလုပ်မှပေါ့။"
နန်း"ဟုတ်ကဲ့ပါ၊ဘိုးဘိုးရဲ့။နောက်တခါနန်းသတိထားပါ့မယ်။"
ဘိုးဘိုးကနန်းတို့ကိုပြောစရာရှိတာပြောပြီးတာနှင့်အနားယူဖို့အပေါ်ထပ်တက်သွားတယ်။
မဟာ"နင်တို့ဟာလေလုပ်လိုက်ရင်အရာရာနှင့်အကြောင်းကြောင်းပဲ။လုပ်လိုက်မှဖြင့်။"
စိုင်း"မမနန်းတို့ဧည့်ခန်းမှာသွားနားနေလိုက်ပါ။ကျွန်တော်ခေါက်ဆွဲပြုတ်ပေးထားပါတယ်။"
နန်း"ကျေးဇူးပဲနော်စိုင်း။မဟာ၊နင်ကတခုခုဆိုငါတို့ကိုပြောဖို့ပဲ။ငါ့မောင်နှင့်များကွာပါ့။"
နန်းစကားကိုစောနှင့်မိုးကလည်းထောက်ခံကြတယ်။မမနန်းတို့၃ယောက်ကပြောချင်တာတွေပြောပြီးတော့မီးဖိုခန်းထဲကထွက်လာကြတယ်။မမနန်းတိုထွက်သွားတော့ကျွန်တော်မမနန်းတို့အတွက်စားစရာပြင်ဆင်ပေးတယ်။ကိုကြီးမဟာကလည်းကျွန်တော့်ကိုကူလုပ်ပေးတယ်။🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
Chapter-22coming soon💌💌💌.
🎀🎀Author-yoon mieno🎀🎀
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...