Unicode
တခါတလေ ပြောင်းလဲတတ်တဲ့သဘောသဘာဝ ကို ဂျီမင် ကြောက်တတ်လာသည်။
ယွဲ့ချင် ဆိုတဲ့ မိန်းကလေးသည် သခင်ကြီးအတွက် အထောက်အပံ့ကောင်းဖြစ်သည်။ သခင်ကြီးသည် အခုတလော ညစာစားပွဲတွေ တတ်လေ့ရှိပြီး တတ်သောပွဲများတွင်လည်း ယွဲ့ချင် ဆိုသော မမလေးနှင့် ခေါင်းစဉ်အမျိုးမျိုးဖြင့် သတင်းစာမှာသော်လည်းကောင်း၊ ရေဒီယို ထဲတွင်လည်းကောင်း ပါလာတတ်သည်။
ရီအိမ်တော်ကမမလေးနှင့် မြို့အုပ်ကင်မ်၏ အချစ်ရေး
မြို့အုပ်ကင်မ်၏ မဟေသီ
မြို့အုပ်ကင်မ် နှင့် ရီအိမ်တော်တို့ရဲ့ဆက်ဆံရေး
မိသားစု နှစ်ခု ရင်းနှီးကြပုံ
မြို့အုပ်ကင်မ်နှင့် မမလေးယွဲ့ချင် တို့ရဲ့ ငယ်စဉ်ဘဝက ကစားဖော်များဖြစ်ပုံ
မြို့အုပ်ကင်မ်၏ ငယ်ချစ်၊
အချစ်ဦး ယွဲ့ချင်အစရှိသည့် သခင်ကြီးနှင့် ယွဲ့ချင်မိန်းကလေးတို့၏ အကြောင်းကို သခင်ကြီး အရင်က သူအတွက်ဝယ်ပေးခဲ့တယ် ရေဒီယိုလေးမှာ တနေ့တနေ့ နားထောင်နေရသည်။
"ဒါဆိုရင် ကျွန်မတို့ရဲ့မြို့အုပ်ကြီးက ရီအိမ်တော်ထဲက ပန်းပွင့်လေးကို အရင်ထဲက ချစ်မြတ်နိုးနေတာပေါ့"
"ရွှေနဲ့ ရွှေ ဆိုတော့ မြို့အုပ်တို့အတွဲက လိုက်ဖက်မြဲပေါ့"ရေဒီယိုထဲက လူနှစ်ယောက်သည် အပြန်အလှန် သခင်ကြီးတို့အကြောင်းကို ပြောနေကြသည်။ ပုံမှန်ဆို ညနေ့ ၄နာရီဆို တနေ့တာ စကားဝိုင်း ဆိုတဲ့အစီအစဉ်လေးသည် ဂျီမင် အနှစ်သက်ဆုံး ဖြစ်သည်။ယခုမူ ဂျီမင် မကြိုက်တော့ချေ။
အိမ်ရှေ့တွင် သခင်ကြီးကားရပ်သံကြားတော့ကြောင့် အလျင်အမြန် ရေဒီယိုကိုပိတ်ပြီး သခင်ကြီးကို တံခါးဝ ကဆီးကြိုလိုက်သည်။
"ဒီနေ့ ပြန်ရောက်တာ စောတယ်နော် သခင်ကြီး"
"အိမ်မှာ ကိုယ်ကိုလွမ်းနေတဲ့ကောင်လေးရှိတယ် ပြောလို့ အလုပ်တွေလတ်စသတ် လာတာ"
သခင်ကြီးသည် အပေါ်ထပ် အင်္ကျီကို ချွတ်ပြီး အနီးက ထိုင်ခုံပေါ်ပစ်တင်ရင်း ပြောလိုက်သည်။
YOU ARE READING
အမုန်းရန်မပါ ချစ်ကြိုးလေးနဲ့သွယ်ပါမယ်
Fanfictionခြံစောင့်လေးဘဲ ခေါ်မိတာပါ ဘာလို့များ ကျုပ်နှလုံးသားထဲအထိ ဝင်ရောက်နေထိုင်နေရတာလဲ။