22unizg

2.9K 170 5
                                    

....မင်းသည်သာ... 🍁🍁🍁...
      .....အပိုင်း (၂၂)

"လေးနက်ချင်းဆိုတဲ့အရာက...
သိပ်ကိုအားပြင်းတာ....."

🍁🍁🍁🍁🍁

"အစ်ကို.အဆင်ပြေရဲ့လား.."

"အွန်းရတယ်..ငါ့ကိုညှာမနေနဲ့..ဟိုကောင်တွေလိုက်ချင်လိုက်လာမှာ.သူတို့နဲ့မတွေ့ခင်.ငါတို့.ဒီနေရာလွှတ်မှဖြစ်မယ်..ဆက်သွယ်လို့ရနိုင်တဲ့တစ်နေရာရာတွေ့မှဖြစ်
မယ်.အဲတာမှဂျောင်ဂုကို.ဆက်သွယ်နိုင်မှာ..."

သော..တစ်ယောက်.အစ်ကို့ခြေထောက်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေရပါသည်။.သူပေါ့ဆလို့သာ..ဒီလိုတွေဖြစ်
ခဲ့ရတာမဟုတ်လား...၊အစ်ကို့ကိုဖေးမတွဲရင်းသာ..သူတို့လျှောက်လှမ်းလာခဲ့သည်..။.တဖြေးဖြေးနဲ့.သူတို့လျှောက်လာသည်မှာ.ညပင်မိုးချုပ်စပြုနေချေသည်.။ခုထပ်ထိ..လူနေတဲ့နေရာကိုသူတို့မတွေ့သေးပေ။.ဒီတိုင်းဆိုမဖြစ်ချေ၊.အစ်ကို့ခြေထောက်က.နေ့ခင်းကထပ်..ပိုနာလာသည်မှာ..သူ့ခါးကိုဖက်ထားတဲ့အစ်ကို့လက်တွေက.သက်သေပင်...။သူ့ခါးကို တင်းနေအောင်ဆုပ်ကိုင်ထားတဲ့.အစ်ကိုလက်တွေကိုဖြေလွှတ်လိုက်ပြီး.အစ်ကို့ရှေ့မှာ.ဒူးထောက်ကျောပေးထိုင်ချလိုက်သည်...။အစ်ကိုကသူ့ကို.နားမလည်သလိုကြည့်နေတာကြောင့်..အစ်ကို့ကိုမော့ကြည့်ရင်းပြုံးပြလိုက်သည်....။

"ကျွန်တော့်ကျောပေါ်ကိုတက်အစ်ကို..အစ်ကို့ခြေထောက်ကဒီထပ်ပိုဆိုးရင်မကောင်းတော့ဘူး.."

သူပြောတာကို.နားမထောင်ချင်သလို.မျက်မှောင်ကြုံနေပြီး
မှ...သော..ကျောပေါ်ကိုတက်လိုက်လေသည်...။သော..လည်း.သူ့ကျောပေါ်ရောက်လာတဲ့အစ်ကို့ကြောင့်..သူ့ရင်ထဲ ကြည်နူးမှုဖြစ်ထွန်းသွားရသည်...။အသ်ကို့ကို ကျောပိုးလျှက်သား.မတ်တပ်ထရပ်လိုက်ပြီး.မှောင်လာတဲ့ဝန်းကျင်ကြောင့်.သူတို့နားခိုလို့ရနိုင်မဲ့နေရာတစ်ခုကို.အမြန်ရှာဖွေရန်သူ့ခြေလှမ်းတွေကို..စတင်ရွေ့လျားလိုက်သည်....။

ဤသို့ဖြင့် အစ်ကိုနဲ့သူ...အချိန်တော်ကြာသည်ထိ...လူသူရှိမဲ့နေရာကိုမှန်းလာခဲ့သည်..။.ဒီလိုနဲ့..ကွင်းပြင်တစ်ခုထဲမှာ.တဲလေးတစ်လူံးနဲ့..မီးစနီနီလေးမြင်တာကြောင့်..အစ်ကိုရောသူရော.အတိုင်းဆမဲ့ပျော်ရွှင်သွားရသည်..။သူ့ခြေလှမ်းတွေကိုထို​နေရာသို့ အရှိန်မြှင့်ဦးတည်လိုက်သည်...။တဲလေးနားကိုရောက်တော့..အဘိုးတစ်ဦးနဲ့အဘွားရွယ်အသံတွေကို..သူတို့ကြားလိုက်သည်..သူတို့အတွက်အန္တရာယ်မရှိနိုင်တာကြောင့်..သော..အသံပြုလိုက်သည်....။

မင်းသည်သာ.🍁🍁🍁Where stories live. Discover now