အပိုင်း 1

1.4K 44 2
                                    

🌿ဖူးစာဆုံသည့် ဒဏ္ဏာရီ🌿 အပိုင်း-1

ခွပ် ..ခွပ်.. ခွပ်...
ရား! ရား!!
ဘတ်ဂျယ်မြို့တံခါးဆီကို မြင်းဒုန်းစိုင်းပြီးစီးလာနေတဲ့ ခြေမြန်တပ်သားတစ်ဉီး

မြို့တံခါးရှေ့ရောက်တော့
" ရှီလာဘုရင်မရဲ့ ပြန်စာပါလာတယ် ဂိတ်တံခါးဖွင့်ပါ "
ဟုပြောကာအလံဖြူဝှေ့ယမ်းပြလိုက်သည် ထို့နောက်ဂိတ်တံခါးပွင့်ပြီး စစ်သည်ကမြင်းစီးကာ နန်းတော်သို့ အမြန်ဉီးတည်လိုက်သည်

ညီလာခံတွင် မှူးကြီးမတ်ရာအစုံအလင်ဖြင့် နိုင်ငံတော်အရေးဆွေးနွေးနေသော ဘတ်ဂျယ်ပြည့်ရှင် အသက်အားဖြင့် 50 ရှိနေသော်လည်း ခံညားတည်ကြည်၍ ဩဇာညောင်းသောအသံပိုင်ရှင်ဖြစ်သည်
ညီလာခံခန်းမရဲ့ထိပ်ဆုံး၊ ဘုရင်နဲ့အနီးစပ်ဆုံးနေရာမှာ အိမ်ရှေ့စံနမ်ဂျွန်းရှိနေပြီးမျက်နှာချင်းဆိုင်ဘက်တွင် မင်းသားဂျောင်ကုနဲ့ယွန်းဂီတို့ရှိနေသည်
အထူးတလည်အရေးကြီးသောနေ့တွင်သာ ဂျောင်ကုနဲ့ယွန်းဂီတို့ကညီလာခံတက်ရောက်လေ့ရှိသည်
ဘုရင်နဲ့မှူးမတ်တို့ တိုင်းပြည်ကိစ္စများ ပြောဆိုမေးမြန်းနေစဉ် ခန်းမတံခါးဖွင့်၍ ဖြည်းညင်းစွာလျှောက်လာသော သံတမန်ဟိုဆော့

hs-အရှင်မင်းကြီး ရှီလာဘုရင်မရဲ့ ပြန်စာရောက်ရှိလာပါပြီ
King-ဟုတ်ပြီ သဝဏ်လွှာပါအကြောင်းအရာကိုလျှောက်တင်စေ
hs-ရှီလာပြည်နဲ့ဘတ်ဂျယ်ရဲ့နှစ်နိုင်ငံပူးပေါင်းမှုကိုလက်ခံကြောင်း၊ ဘတ်ဂျယ်ကစတင်ကမ်းလှမ်းသောကြောင့်ဝမ်းမြောက်ကြောင်း၊ ရှီလာရဲ့ မင်းသားများနဲ့သံတမန်တို့လာရောက်ကာ ပူးပေါင်းမှုနှင့်ငြိမ်းချမ်းရေးအတွက်ဆွေးနွေးမည်ဖြစ်ကြောင်း ရေးသားထားပါတယ်

မင်းကြီးရဲ့မျက်နှာကကျေနပ်ဟန်ဖြင့်
King-အဟားဟုတ်ပြီ ငါတို့မျှော်လင့်တဲ့အတိုင်းပဲ ဘုရင်မကအမျှော်မြင်ရှိတာကိုး နှစ်နိုင်ငံပေါင်းစည်းရင် အင်အားပိုမိုတောင့်တင်းလာပြီး ဒီ့ထက်ပေါများကြွယ်ဝမှာသေချာတယ် ဟားဟားဟား ဟုတ်တယ်မလားမင်းသားတို့

nj,yg,jk-မှန်ပါတယ်အရှင်မင်းကြီး

ဟုလျှောက်တင်ကာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးပြုံးမိကြသည်

🌿ဖူးစာဆုံသည့် ဒဏ္ဏာရီ🌿(Complete)Where stories live. Discover now