"တို့ မင်းနဲ့ပြန်မလိုက်ဘူးနော်နွေအတာမောင် "
"မ.ကလည်းအဲ့ဒါက ရည်းစားဟောင်းပါဆို ။ရည်းစားဟောင်းပါ "
ချစ်သူရှေ့မှာရည်းစားဟောင်းဖြစ်ကြောင်းပြောနေတဲ့ ကလေးမကိုစည်းထားတဲ့ဆံပင်တွေကနေဆောင့်ဆွဲပစ်ချင်တာ ။မျက်စောင်းကိုမာန်ပါပါထိုးပစ်ပြီး ဂျူတီကုတ်အားလက်တစ်ဖက်ချိတ်ကာ ဆေးရုံဝန်းအပြင်ဘက်ထွက်ခဲ့တော့သည် ။ကားဌားပြန်တော့မည် ။ဒီကလေးနှင့်တော့မလိုက်နိူင် ။
"အို..မင်းလွှတ်..လွှတ် "
လှိုင်းအားကောက်ပွေ့သည် ။တွဲနေတဲ့ ၅လအတွင်းမှာ ချီနိူင်သည်ထိအရွယ်ရောက်လာတာလား ။အစတည်းကချီနိူင်သည်လားမသိပါဘူး အခုကတော့ချီတာပထမဆုံး ။
"ငြိမ်ငြိမ်နေ အတာဒေါသမထွက်ချင်ဘူး "
"ဘာ! "
ပြွတ်စ့်
"ငြိမ်ငြိမ်နေလို့ ထပ်နမ်းမှာနော် "
ပြုတ်ကျမှာကြောက်နေပေမဲ့ အတာ့လည်တိုင်အားလက်တွေကခိုတွဲမထား ။ရှပ်အင်္ကျီကိုသာဆုတ်ကိုင်ထားပြီး ခေါင်းငုံ့နေသည် ။မျက်ရည်တွေဝေ့နေမှာ အတာသိသည် ။မနေ့က အအေးဆိုင်ထိုင်နေရင်း တက္ကသိုလ်တုန်းကရည်းစားဟောင်းကောင်မလေးနှင့်တွေ့ခဲ့သည်ကို မ.ကစိတ်လုပ်နေခြင်း ။အခုထိ ။
ကားရဲ့ရှေ့ခုံမှာတင်ပေးကာ ခါးပတ်ပတ်ပေးပြီး အတာကတော့ မောင်းတဲ့ဘက်မှာဝင်ထိုင်ကာ စကားအေးဆေးပြောလို့ရမယ့်နေရာတစ်ခုဆီမောင်းရတော့သည် ။
"အင့် အဟင့် "
ကားမောင်းနေတဲ့တစ်လျှောက်လုံးငိုနေသည့် မ ။အတာကားကိုသာဂရုစိုက်မောင်းနေပေမဲ့ တစ်ချက်တစ်ချက် အမျိုးသမီးလေးအား ခေါင်းလှည့်ကြည့်နေရသည်ပင် ။
ကားကိုလူရှင်းကားရှင်းသည့် နေရာအရောက်မှာ ကားလမ်းပေါ်ကနေဆင်းပြီးသစ်ပင်ရိပ်တစ်ခုမှာရပ်လိုက်သည် ။ခါးပတ်ကိုချွတ်ပြီး ဘေးကခေါင်းငုံ့နေဆဲ မ.အားလည်းခါးပတ်ဖြုတ်ပေးကာ ခါးကနေပွေ့၍ အတာ့ကိုယ်ပေါ်တင်လိုက်သည် ။
"အင့် "
"တိတ်တော့ "
အတာ့ဆီကနေရုန်းချင်နေသည် ။ကိုယ်လေးအားကျစ်နေအောင်ဖက်ထားပြီး တိတ်တော့လို့ပြောတာကိုနားမထောင်ပဲ ပိုပိုကာငိုသည့် အမျိုးသမီးကြောင့်အတာငြိမ်နေရုံသာ ။
YOU ARE READING
အတာ့ရင်ခုန်သံ လှိုင်း
Romanceနွေဦးမှာ အတာဆီက မေတ္တာတွေရောယှက်ပါဝင်နေတဲ့ အဝါရောင်ပန်းတွေကိုလက်ခံသွားတာ ။