41.uni

625 29 4
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း‌(41)

သူမ အားနည်းချည့်နဲ့နေတဲ့ကိုယ်ကိုအားတင်းမတ်တပ်ရပ်လိုက်ကာသူ့ရှေ့ကလှည့်ထွက်လာပေမဲ့

"ရပ်လိုက်"

"ဘာလဲ"

"‌ဝူလင်းယန်နဲ့မင်းရဲ့ဆက်ဆံရေးကဘာလဲ"

"..........."

မုယွမ်ယွမ်ရဲ့စိတ်အခြေအနေဟာ အင်မတန် ဆိုးရွားနေတာကြောင့် သူမနာကျင်သလို သူ့ကိုလဲနာကျင်စေချင်တယ်

အဲ့လိုတွန်းအားတွေကြောင့်ပဲ မုယွမ်ယွမ်တစ်ယောက် အရွဲ့တိုက်မိတော့တာပဲ

"ငါတို့ပြန်အဆင်ပြေတော့မှာ ဒါပေမဲ့ နင်ရောက်လာတော့ ဒီလိုဖြစ်သွားတယ် ငါ့ကိုလွတ်ပေးရင်လဲ သူ့ဆီပြန်သွားမှာ နင် ..."

"ခွမ်းးးးးးးး"

"အားးးးးး "

သူမမှာပြောလို့မပြီးသေး သူက ဗီဒိုကိုလက်သီးနဲ့ထိုးချလိုက်တာကြောင့် သူမလန့်ဖြန့်သွားခဲ့တယ်

ကြောင်တောင်တောင်နဲ့သူ့ကိုကြည့်လိုက်တော့ သွေးတစက်စက်ကျနေတဲ့လက်ကလက်သီးကိုကျစ်ကျစ်ဆုပ်ကိုင်ထားကာ သူမကိုသွေးလိုနိရဲတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတာကိုတွေ့လိုက်ရတယ်

သူမချစ်ခဲ့ဖူးတဲ့ရိုးသားကြိုးစားမာနကြီးတဲ့ကောင်လေးက အခုတော့ ဒီလိုအရမ်းကြောက်ဖို့ကောင်းတဲ့အကြည့်နဲ့နတ်ဆိုးလိုထိတ်လန့်စေတယ်

သူလုံးဝပြောင်းလဲသွားတာပဲ သူမအဲ့လိုတွေးမိလိုက်ပေမဲ့ ဘာကြောင့်ဖြစ်‌သွားစေသလဲဆိုတဲ့အကြောင်းအရင်းကိုတော့မကြားချင်ခဲ့ဘူး

ဒါပေမဲ့ သူတကယ်ကြောက်ဖို့ကောင်းလာတာကိုတော့ သူမ လက်ခံလိုက်ရတယ် အခုလဲ သွေးထွက်နေတာကိုဘယ်လိုမှမနေပဲ သူမနားကပ်လာကာ သူမလည်ပင်းကိုညစ်လာခဲ့တယ်လေ

သူ့ရဲ့အံကြိတ်သံကိုကြားနေရပြီးတော့ သူမကိုသတ်တော့မလို‌သွေးနီရောင်တောက်ပနေတဲ့အဲ့မျက်ဝန်းတွေကိုပဲ သူမတကယ်ပဲမုန်းလိုက်တာ

"မုယွမ်ယွမ် မင်းက ငါ့အပိုင်ပဲ ငါ့ကိုစွန့်ပစ်ဖို့လုံးဝမတွေးနဲ့ မင်းငါ့ကိုစွန့်သွားတဲ့နေ့ အဲ့ကောင်သေတဲ့နေ့ပဲ"

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Donde viven las historias. Descúbrelo ahora