❣️❣️❣️chapter-22❣️❣️❣️

443 13 0
                                    

           ခေါက်ဆွဲပြုတ်ရတော့ကျွန်တော်မမနန်းတို့စားဖို့သွားပေးလိုက်တယ်။နန်းတို့၃ယောက်စိုင်းပြုတ်ပေးတဲ့ခေါက်ဆွဲပြုတ်ကို၃ယောက်ခွဲပြီးစားလိုက်တယ်။စိုင်းတို့၂ယောက်ကတော့မနက်ကားမောင်းရမှာမို့အိပ်ယာဝင်သွားခဲ့တယ်။နန်းတို့ကတော့ခေါက်ဆွဲပြုတ်စားပြီးတာနှင့်အခန်းထဲပြန်ဝင်သွားပြီးနောက်ထပ်seriesထပ်ကြည့်ကြလိုက်တယ်။နန်းတို့၃ယောက်ည၁နာရီလောက်မှအိပ်ကြတယ်။မနက်၄နာရီကြတော့alarmမြည်ပေမဲ့နန်းတို့မကြားပဲဆက်အိပ်နေတယ်။၄နာရီခွဲကျတော့မဟာနှင့်စိုင်းကနန်းတို့ကိုလာနိုးတယ်။နန်းတို့လည်းအဲ့ကျမှအိပ်ယာကနိုးကျတယ်။နန်းတို့၃ယောက်အိပ်ချင်မူးတူးမျက်နှာသစ်အဝတ်အစားလဲလိုက်တယ်။အိပ်ချင်မူးတူးနှင့်ဆိုတော့နန်းတို့တယောက်နှင့်တယောက်မမြင်ဘဲတိုက်မိကြသေးတယ်။မနက်၅နာရီတိတိမှာနန်းတို့အိမ်ကစထွက်ခဲ့တယ်။
            မှောင်နေတော့အကြီးဖြစ်တဲ့မဟာကကားမောင်းတာပေါ့။နန်းတို့၃ယောက်ကတော့ကားစမောင်းတာနှင့်စအိပ်ပြီးအိပ်လိုက်တယ်။ကျွန်တော်ကိုကြီးမဟာကိုစကားပြောရင်းအဖော်ပြုပေးလိုက်တယ်။မနက်၇နာရီလောက်ရောက်တော့မနက်စာစားဖို့ဆိုင်တခုမှာရပ်လိုက်တယ်။
မဟာ"ကဲ၊မမတို့ရေ၊မနက်စာစားဖို့ထကြပါ။"
မဟာ့စကားကြောင့်နန်းတို့၃ယောက်နိုးလာတယ်။နန်းတို့အားလုံးစားသောက်ဆိုင်ထဲဝင်ပြီးမနက်စာစားကြတယ်။မနက်စာစားပြီးတော့ကိုကြီးမဟာတရေးအိပ်လို့ရ​အောင်ကျွန်တော်ကားမောင်းလိုက်တယ်။မမနန်းတို့ကတော့အိပ်ရေးမဝသေးတော့ဆက်အိပ်နေကြတယ်။ကျွန်တော်ကားဘတ်မှန်ကနေအိပ်ပျော်နေတဲ့မမနန်းကိုကားမောင်းရင်းနှင့်ခိုးကြည့်နေမိတယ်။ကိုကြီးမဟာကနာရီဝက်လောက်ပဲမှေးပြီးကျွန်တော့်ကိုစကားပြောရင်းအဖော်လုပ်ပေးတယ်။

      💮💮💮💮💮💮💮💮💮💮💮💮💮💮💮

         ကျွန်တော်နှင့်ကိုကြီးမဟာလည်းတလမ်းလုံးစကားတွေပြောလာတာကျွန်တော်တို့တော်တော်တောင်ရင်းနှီးသွားတယ်။မနက်၉နာရီလောက်ရောက်မှမမနန်းတို့၃ယောက်အိပ်ပျော်တာကနိုးလာကြတယ်။မမနန်းတို့နိုးလာတော့ကျွန်တော်တို့ရဲ့စကားဝိုင်းကပိုပြီးစည်သွားတာပေါ့။ကျွန်တော်တို့တွေတလမ်းလုံးမုန့်တွေစားလိုက်၊စလိုက်နောက်လိုက်နှင့်တကယ့်ကိုပျော်ဖို့ကောင်းတယ်။ညနေ၃နာရီခွဲလောက်ပြင်ဦးလွင်ရောက်တယ်။ပြင်ဦးလွင်တောင်ပေါ်စတက်ပြီဆိုတာနှင့်လေအေးလေးတွေစတိုက်လာတယ်။နန်းရဲ့မျက်နှာကိုလေအေးလေးနှင့်ထိတွေ့ရတဲ့ခံစာချက်ကိုနန်းအရမ်းပဲသဘောကျတယ်။နန်းတို့resturantတခုမှာညစာဝင်စားတယ်။နန်းဆိပ်စွပ်ပြုတ်နှင့်ကော်ဖီနှပ်ခွက်မှာလိုက်တယ်။ဆိပ်စွပ်ပြုတ်လေးနှင့်ကော်ဖီပူပူလေးကပြင်ဦးလွင်ရာသီဥတုနှင့်တကယ်ကိုလိုက်ဖက်ညီတယ်။နန်းထမင်းမစားတော့ပဲဆိပ်စွပ်ပြုတ်၂ပွဲသောက်လိုက်တယ်။ညနေစောင်းနေပြီဆိုတော့ရာသီဥတုအေးလာတယ်။နွေရာသီတောင်ရာသီဥတုကအေးနေဆဲပါ။နန်းအေးချမ်းတဲ့ပြင်ဦးလွင်တောင်ပေါ်မြို့လေးကိုအရမ်းသဘောကျတာပဲ။
            နန်းတို့ညစာစားပြီးတော့မဟာရဲ့အိမ်ကိုခရီးဆက်ကြတယ်။မဟာရဲ့အိမ်ကတောရွာလေးထဲမှာလေ။မြို့နှင့်မနီးမဝေးမှာပေါ့။မဟာမိဘတွေကမြို့မှာနေရတာမွန်းကျပ်လာရင်ပြင်ဦးလွင်မြို့မှာလာပြီးအနားလာယူလေ့ရှိတယ်။တောရွာလေးတွေရဲ့အငွေ့အသက်ခံစားချင်တာကြောင့်သူ့မိဘတွေကအခုလိုရွာလေးမှာလာထားတာလို့မဟာကပြောပြတယ်။နန်းတို့မဟာ့အိမ်ရောက်တော့ခြံစောင့်ဦးလေးကြီးကခြံတံခါးလာဖွင့်ပေးတယ်။

  💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮

       မဟာ့ရဲ့ခြံကတစ်ဧကတောင်ရှိတယ်။အိမ်ကလည်းနှစ်ထပ်အိမ်အကြီးကြီးပဲ။နန်းမဟာ့အိမ်ကြီးကိုအရမ်းသဘောကျတာပဲ။ပန်းလေးတွေ၊သစ်ပင်ကြီးတွေကလည်းအများကြီးပဲ။နန်းတို့ကားပေါ်ကဆင်းလိုက်တာနှင့်ပန်းပင်လေးတွေရဲ့မွှေးရနံလေးတွေကနန်းကိုဆီးကြိုနေခဲ့တယ်။နန်းပန်းပင်လေးတွေရဲ့မွှေးရနံ့ကိုတဝကြီးရှုပြီးမှအိမ်ထဲဝင်လာတယ်။စိုင်းနှင့်မဟာကတော့အိမ်ရောက်တာနှင့်အခန်းထဲဝင်ပြီးတခါတည်းတန်းအိပ်တော့တယ်။နန်းတို့၃ယောက်ကကားပေါ်မှာအိပ်ထားတာကြောင့်မအိပ်ချင်သေးပေ။နန်းတို့၃ယောက်အိမ်အပေါ်ထပ်ကဝရံတာမှာလေညှင်းခံရင်းစကားပြောနေကြတယ်။ပြင်ဦးလွင်ကအေးလို့ကြောင့်ပဲလားမသိဘူး။နန်းတို့၃ယောက်အပြင်မှာစကားပြောနေကြတာခြင်မကိုက်သလို၊ခြင်တကောင်မှလည်းမရှိဘူး။ရန်ကုန်မှာဆိုခြင်အရမ်းကိုက်တာ။နန်းတို့၃ယောက်ခြင်မကိုက်တော့အပြင်မှာအကြာကြီးစကားပြောနေကြတယ်။၁၀နာရီလောက်ကြတော့နန်းတို့အိပ်ချင်လာတာကြောင့်နန်းတို့အားလုံးကိုယ့်အခန်းကိုဝင်ပြီးအိပ်ယာဝင်သွားတယ်။မနက်ရောက်တော့နန်းတို့အိပ်ယာကနိုးတော့ခြံထဲဘာပန်းတွေရှိမလဲလို့ဆင်းကြည့်ကြတယ်။နန်းတို့အားလုံးအံ့သြသွားတယ်။ဘာလို့လဲဆိုတော့............။

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

Chapter-23coming soon💌💌💌.

                    🎀🎀 Author-yoon mieno🎀🎀

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now