(U)"နေ့လယ်စာအတွက် ကျေးဇူးပဲ .. ကောင်းကောင်းစားခဲ့ရပါတယ်"
"ကိုယ်ရောပါပဲ"
"ဒါဆို ကျွန်တော်သွားတော့မယ်"
"ခဏ ! Baekhyun"
Chanyeolကိုကျောပေးရာကနေ Baekhyun လှည့်ကြည့်လိုက်သည်။ Chanyeolပုံစံက တစ်ခုခုပြောချင်တာကို ပြောရမလိုလို ထိန်းချုပ်ထားရမလိုလို ပုံစံဖြင့်။
"ဘာလဲ ပြောစရာရှိလို့လား"
"ဟို .. ညနေကျရင် ပွဲတစ်ခုတက်စရာရှိလို့လေ Partnerလိုလို့ မင်းများလိုက်နိုင်မလားလို့ပါ"
"အဲ့ဒါလေးပြောမလို့ကို တွေဝေနေတာလား ?"
Baekhyun Chanyeolကိုကြည့်ရင်း ခေါင်းခါလိုက်သည်။ တစ်ဆက်တည်းဆိုသလို ပြုံးမိသည်။
"ကျွန်တော်တို့နှစ်ယောက်က ဟန်ဆောင်လက်ထပ်ထားတယ်ဆိုပေမယ့် အများအမြင်မှာတော့ မိသားစုတစ်စုကိုတည်ဆောက်နေကြတဲ့သူတွေပဲမလား .. ဒီလောက်တော့ ကျွန်တော်လုပ်ပေးနိုင်ပါတယ်"
"ကျေးဇူး Baekhyun .. မင်းအားတယ်ဆိုရင် ကိုယ်တို့ညနေအတွက် အ၀တ်အစားသွား၀ယ်ရအောင်လေ"
"ဟမ် ? အင်းအင်း .. ဘယ်မှာသွား၀ယ်ကြမှာလဲပြောလိုက်လေ
ကျွန်တော့်မှာကားပါလာတယ်""ကားကိုထားခဲ့ပြီး ကိုယ်နဲ့လိုက်ခဲ့ .. ပြီးရင် ကိုယ်ဒီကိုပြန်ပို့ပေးမယ် ဟုတ်ပြီလား"
"အင်း ပြီးတာပါပဲ"
ဤသို့ဖြင့် အ၀တ်အစားသွားဝယ်မည့်အစီအစဉ်က သေချာသွားပြီး Baekhyunလည်း Chanyeolကားပေါ် လိုက်ပါခဲ့ရပါတော့သည်။
"ဘာအရောင်ကြိုက်လဲ Baekhyun"
"ကျွန်တော်လား .. ကျွန်တော်က အဖြူရောင်ကြိုက်တယ်"
Baekhyun ဖုန်းကြည့်နေရင်း Chanyeolအမေးကို ပြန်ဖြေလိုက်သည်။ ထိုမျှသာမေးပြီး ပြန်တိတ်ဆိတ်သွားတာကြောင့် Baekhyunလည်း ဘာမှဆက်မပြောတော့ဘဲ ဖုန်းဆက်ကြည့်နေလိုက်သည်။
!!
သတင်းတစ်ခုအရောက် Baekhyunမျက်လုံး အလိုလိုပြူးကျယ်သွားသည်။ မယုံနိုင်သဖွယ် သေချာကြည့်မိတော့ မြင်ရတာတွေက အမှန်ဖြစ်နေလေသည်။