Ones in the Millions (Part-47)
' ငါ မေးနေတယ် ကလေး အဖေ ဘယ်သူလဲ လို့!!´
'ငါ မသိဘူး..! ငါ မသိဘူး..! ကျေနပ်ပြီလား? ငါ မသိဘူး..!´
Miyoung တစ်ယောက် ငိုရင်း Kibum အား ပြန်အော်လိုက်လေသည် ။
'ဘာ မသိဘူးလဲ? နင် မသိလို့ ဘယ်သူ သိမှာလဲ? ငါမေးနေတယ် မြန်မြန်..´
'ငါ...´
'Bor?!´
ရုတ်တရပ် ထွက်လာသော အသံကြောင့် Kibum သူ့ရှေ့က ကောင်လေး အား မော့ကြည့်လိုက်လေသည်
'ကလေး အဖေက ငါ လို့..´
'မဖြစ်နိုင်ဘူး!!!´
Minho ရဲ့ အဖြေကြောင့် Miyoung ရဲ့ အော်သံနှင့်အတူ Taemin ဆိုဖာ ပေါ်သို့ အရုပ်ကြိုးပျက် ထိုင်ကျ သွားလေသည် ။
'ဘာပြောလိုက်တယ်? !´
Kibum တစ်ယောက် Minho ရဲ့ ကုတ်အကျီ အား ဆွဲခါကာ နောက်တစ်ခေါက် ထပ်မေးလိုက်လေသည် ။
'မကြားတာလား မေးတာလား?! ထပ်ကြားချင်လို့ မေးတာလား?!´
'ဘာ..!´
Kibum ၏ အော်သံနှင့်အတူ Minho တစ်ယောက် ကြမ်းပြင် ပေါ်သို့ ပစ်ကျသွားလေသည်..။
'တော်ကြပါတော့...´
Taewoo မှာ ကြားထဲကနေ၍ ဝိုင်း ဖြန်ဖြေသော်လည်း အရာမတွင်လှ..။ Miyoung မှာ Onew အား ဖက်ကာ ငိုနေပြီး Taemin မှာတော့ ဆိုဖာပေါ်မှာပင် ကြောင်ကာ ထိုင်နေလေဆဲ...။
*
-Minho pov-
နှုတ်ခမ်း ထောင့်မှ ကျလာသော သွေးများအား သူ လက်ခုံ နှင့်သုတ်ကာ ကြမ်းပြင်ပေါ်မှ ထပြီး Kibum အား ပြန်ကြည့်လိုက်သည် ။
ကလေးအဖေ က Jonghyun ဆိုတာ သူ ကောင်းကောင်း ကြီး သိပေသည်..။ Miyoung က Jonghyun က လွဲ၍ ဘယ်သူ့ကိုမှ အထိခံ မှာ မဟုတ်တာ ကိုလဲ သူကောင်းကောင်း ကြီး နားလည်သည်..။
သို့သော်.. ဒီလို အခြေအနေ မျိုးမှာ.. Jonghyun အကြောင်း Miyoung ကို ပြောပြလိုက်၍ မဖြစ်..၊ Jonghyun ကို အသက်ရှင်ရက် ပြန်တွေ့နိုင်မည့် ရာခိုင်နှုန်း မှာ အလွန်နည်းကြောင်း သူတို့တွေ အကုန် သိပြီး ဖြစ်သည်..။ Jonghyun သာ တစ်ခုခု ဖြစ်သွားခဲ့ရင် ဒီလောက ကြီး အလယ်မှာ သူများတွေရဲ့ ကဲ့ရဲ့ ရှုံ့ချမှုအောက်မှာ Miyoung အလူးအလဲ ခံရတော့ပေမည်..။ အခုတောင် Result ထွက်ထွက်လာခြင်း Miyoung အချစ်ဆုံး သူငယ်ချင်း Kibum ရဲ့ အပြုအမူ ကိုပဲကြည့်..။ သူငယ်ချင်း တောင် ဒီလောက်ဆို တစ်ခြားသူတွေ ဆို ပိုတောင် ဆိုးဦးမည်..။ တစ်ခြားသူတွေရဲ့ ဝေဖန်တိုက်ခိုက်မှု ကို Miyoung ခံနိုင်မည် မဟုတ်ချေ...။ အနည်းဆုံး တော့ Miyoung ကလေး အတွက်..။ သူ ချစ်ရတဲ့ ကောင်မလေး ရဲ့ ကလေး အတွက် အမည်ခံ ဖခင် လိုပေသည် ။
YOU ARE READING
Ones in the Millions(Hiatus)
RomanceSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...