Unicode ver.....
42. ရှောင်းပိုင်နဲ့ ရှောင်းကျန့်က~~~
လေတစ်ချက်အဝေ့မှာ ပန်းရိုင်းလေးတွေက ယိမ်းနွဲ့နေတယ်။ စိမ့်စမ်းရေ စီးဆင်းသံ တိုးတိုးလေးရယ် လေညင်းတိုက်သံ ယဥ်ယဥ်ကလေးရယ်က လိုက်ဖက်ညီစွာပဲ အေးချမ်းမှုကိုဖော်ပြနေသည်။
အေးချမ်းနေတဲ့ ပတ်ဝန်းကျင်နဲ့ ဆန်ကျင်စွာ မျက်ဝန်းလှှလှလေးတစ်စုံကတော့ နာကျင်ရိပ် လွမ်းဆွေးရိပ်တို့တမ်းလို့ မျက်ရည်ကြည်လေးတွေ ပြည့်အိုင်နေလေသည်။
လျံကျလာခြင်းမရှိပါတဲ့ ထိုမျက်ရည်စက်လေးတို့ဟာ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ နာကျင်မှုကို အပြည့်အဝ ပုံဖော်နေလေသည်။
မျက်နှာသေနဲ့ ငြိမ်သက်စွာ ထိုင်နေတဲ့ ထိုလူသားလေးကို ကျန်တဲ့ လူတစ်ယောက်ကလည်း အဝေးကနေရပ်ကြည့်နေလေသည်။
ထိုလူကတော့~~~~
"သူ့ကို ဘယ်တော့ အမှန်တရား ပြောပြဖို့ စဥ်းစားထားလဲ"
"ကျွန်တော် မသိဘူး ရှစ်စွမ်း။ သူ့ကို ဒုက္ခရောက်အောင် အမျိုးမျိုးကြံစည်သူက ကျွန်တော် ဖြစ်နေတာမို့ ကျွန်တော် သူ့ကို ဘယ်လို မျက်နှာခြင်းဆိုင်ရမယ်ဆိုတာ တကယ်မသိတော့ဘူး"
"ဒါပေမဲ့ တစ်နေ့နေ့တော့ သူအမှန်တရားကို သိမှာပါပဲ တရားရေးနတ်မင်းဆုံးတာလည်း ၃လတောင်ရှိပြီလေ သူစိတ်တည်ငြိမ်လောက်မှာပါ"
"ဒါပေမဲ့ ကျွန်တော် ကြောက်နေမိတယ် သူလက်ခံနိုင်ပါ့မလား"
"ဒါကအမှန်တရားပဲလေ ရှောင်းပိုင်ရဲ့"
ဆရာ ဖြစ်သူရဲ့ စကားကြောင့် ရှောင်းပိုင် သက်ပြင်းချပြီး လူသေတစ်ယောက်လို ငြိမ်ငြိမ်သက်သက်ထိုင်နေတဲ့ ရှောင်းကျန့်ဆီ လျှောက်သွားလိုက်လေသည်။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်က ပျောက်ကွယ်သွားတဲ့ အမှန်တရားတစ်ခု ရှိခဲ့သည်။ ထိုအမှန်တရားကတော့ လူနတ် နယ်စပ်ဒေသမှာ ကြေကွဲဖွယ်ကောင်းစွာ ပျောက်ကွယ်သွားသော မိသားစုငယ်လေး အကြောင်းပင် ဖြစ်သည်။
ထူးဆန်းစွာပင် ထိုမိသားစုလေးမှာ မိန်းခလေး မိသားစုဝင်ဆိုတာ မရှိခဲ့ခြင်းပင်ဖြစ်သည်။
STAI LEGGENDO
Let me Cherish you, My Lord (ZSWW) [complete]
FanfictionPlease read this❗️ ဤ Fictionထဲ ပါသမျှ အကြောင္းအရာသည် စိတ်ကူးယဥ် သက်သက်သာ ဖြစ်သည္။ Romance လည်း ပါသလို Dramaလည်း ပါတာမို့ ဖတ်ချင်တယ်ဆိုမှ ဝင္ဖတ်ပါ။ Idolကိုခိုက်စေလိုစိတ် တစ်စုံတစ်ရာမရှိပေမဲ့ အကယ်လို့ မနှစ်သက္ရာ တစ်စုံတစ်ရာရှိသွားခဲ့ရင် ကျော်ခွသွားပေး...