" အကိုကြီး သားကို ပေါင် တစ်တုံး အရေခွံကြော် သုံးချောင်းပေး "
" သမီးက ပေါင်နှစ်ခုကို တစ်ယောက်ထဲစားမှာနော် မေမေ "
" ညီမကိုက ရင်အုံသားချည်းပဲ ၄ ခုပေးနော် အကို အဟင်း "
ကောင်မလေးတွေ ၊ အန်တီကြီးတွေ နှင့် ကလေးတွေရော ခွေးတွေပါ ဝိုင်းဝိုင်းလည်နေသော ကြက်ကြော်တွန်းလှည်းကို ခန့်ညီ စူပုတ်ပြီး စိုက်ကြည့်နေလိုက်သည်။
" မြေးကလည်း ဆိုင်ပေါက်ဝကြီး ပိတ်ရပ်နေပြန်ပြီ ၊ ကောင်တာမှာ သွားထိုင်နေပါလို့ဆိုနေ "
အဘွားဖြစ်သူ၏ ဆွဲခေါ်မှုကြောင့်ခန့်ညီ စူပုတ်ပုတ်နှင့်ဆိုင်ထဲပြန်ဝင်ကာ ကောင်တာမှာထိုင်ရင်း အဘွားကို လှမ်းမေးလိုက်၏။
" ဘွား အဲ့ကြက်ကြော်လှည်းက ဘာကိစ္စအဲ့လောက်တောင် ဝိုင်းဝိုင်းလည်ပြီး ဆူညံနေရတာလဲ "
ဘွားက ဆန်အိတ်အဝင်စာရင်းတွေကို မျက်မှောင်ကြီးကြုတ်ပြီး စစ်နေရင်းကနေ ခန့်ညီ အမေးကိုကြားတော့ ချက်ချင်း ပြုံးရွှင်သွားကာ ပြန်ဖြေလာသည်။
" လည်မှာပေါ့အေ တင်မောင်အေးလေးက အရမ်းသဘောကောင်းတာ ၊ သူကြော်တဲ့ ကြက်ကြော်ကလည်း အရသာရှိလိုက်သလားမမေးနဲ့ ၊ ဘွားတောင် သွားမကောင်းလို့ သိပ်မစားတာ ၊ မင့်အန်တီလေးဆို ကြိုက်လိုက်သမှ ၊ ပြီးတော့ ကြက်ကြော်သာရောင်းနေတာ ရုပ်ကလေးကလည်း ချောတာကိုး ၊ လိမ္မာရေးခြားကလည်း ရှိသေး ၊ မင့်အန်တီလေးတောင် အသက် ၄၀ နားကပ်နေလို့ မဟုတ်ရင် ဘွားက ပေးစားလိုက်တယ် "
" ဟာ ဘွားကလည်း ပေါက်ကရ အန်တီလေးက ယောကျာ်းမယူဘူးပြောထားတဲ့ဟာကို "
ထိုစဥ်မှာပင် ရုံးကပြန်လာပုံရသော အန်တီလေး၏ ချွဲပြစ်ပြစ် အသံကို ဆိုင်ရှေ့ ကြက်ကြော်လှည်းနားကနေ ကြားလိုက်ရသည်။
" မောင်လေးးး မ အတွက် ထုံးစံအတိုင်း ရင်အုံပဲနော် သိလား ၊ သြော် အိမ်မှာ တူလေးရောက်နေလို့ ပေါင်တစ်ချောင်းပါ ထပ်ထည့်ပေး ၊ သူက ပေါင်ပဲစားတာ "
YOU ARE READING
ကိုတင်မောင်အေးတွန်းလှည်းကြက်ကြော်
Romanceတွန်းလှည်းကြက်ကြော်သည် အကိုကြီးနဲ့ ဆန်ဆိုင်ပိုင်ရှင်ရဲ့မြေးလေးကြားက အကြောင်းအရာလေး