part -16

687 13 3
                                    

အမုန်းလေးများ ကျေပါစေ♥️
အပိုင်း-16

&&&&&&&&&&&&&

*ကလေးလေး ဦးပြောစရာရှိတယ်*

*ပြောလေဦး *

ကုတင်ပေါ် ၌ ဦးရင်ခွင်ထဲကွေးကွေးလေး ဝင် ကာ
ဦးပြောမည့်စကားကို အာရုံစိုက်ကာ နားထောင်ဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။

*ဦးကို စိတ်မဆိုးပါဘူးလို့ ဂတိ အရင်ပေး*

*ဘာအကြောင်းမို့လည်း ဦးရဲ့ စိတ်မဆိုးဘူး
ဟုတ်ပြီလား ဂတိ*

*ဒီလိုကွာ ထားထားက ကလေးရဲ့ အမေအရင်းမဟုတ်ဘူး
ကလေးရဲ့ မိဘတွေက ထားထားရဲ့ အမအရင်း မမြိုင်တို့လင်မယား*

*ရှင် *

ညို အံ့ဩ တုန်လှုပ်မှုက ငယ်ထိပ်ထိပင် ထောင်းခနဲ ဖြစ်လာရသည်။ ညို ..ထင်သည်က ဒေါ်ထားထားကသာ အမေရင်းလို့ ထင်ထားခဲ့သည်။ အခုတော့ မိဘအရင်းတွေကိုသိရပြီ..

*ဦး တကယ်ပြောနေတာလားဟင် အာ့တာဆို
ဒေါ်ထားထား ဆုံးတာကော သိနေတာလား ဟင်*

*ဟုတ်တယ် ကလေးလေး စိတ်ညစ်မှာဆိုးလို့ ဦးမပြောခဲ့တာပါကွာ ဦးကို စိတ်မဆိုးနဲ့နော် ကလေးရဲ့ မိဘတွေ အုတ်ဂူကိုလည်း ဦးလိုက်ပို့မယ်နော် *

*အဟင့်ဟင့် ဦးလူလိမ်ကြီး အစကတည်းကပြောပြခဲ့ရမှာကို အဟင့်ဟင့် *

ငိုယိုပြီး ဘဝင့် ရင်ဘက်သို့ တဘုန်းဘုန်း ထုနေလေသည်။
ဒီကလေးလေးသာ စိတ်ကျေနပ်ရင် အသားနာနေလည်း ဂရုမစိုက်နိုင်ပါ..။
ကလေးမိဘတွေ အုတ်ဂူကို လိုက်ပို့ပြီး
တစ်နေကုန် ကလေးအားငယ်နေမှာစိုးလို့ အလုပ်မသွားတော့ဘဲ ဘေးနားမှာ အဖော်ပြုပေးလိုက်ပါသည်။

*ကလေးလေး အိပ်တော့နော် မငိုတော့နဲ့ကွာ
ကလေး မျက်ရည်တစ်စက်ကျတိုင်း ဦးရင်ကို တူနဲ့ ထုသလိုနာကျင်ရတယ် ကလေးရယ် *

*ဦး နာနေသေးလားဟင် ကလေး မငိုတော့ဘူးနော်
အိပ်တော့မယ် ကလေးကို ချော့သိပ်အုန်းနော် ဦး *

*အာဘွား ကလေးလေး အိပ်တော့နော် ဦး ဖက်ထားပေးမယ် ချစ်တယ် ကလေးရယ် *

*ဒါနဲ့လေ ကလေးကို ဦးတစ်ခုပြောရအုန်းမယ် *

*ပြောလေ ဦး*

အမုန်းလေးများ ကျေပါစေ(Completed)Where stories live. Discover now