(AN/ သီချင်းလေးအရင်နားထောင်ပြီးမှ ဖတ်ရင် ပိုကောင်းပါတယ်)
မညီမျှဘူး။ ဘာက မညီမျှတာလဲဆို Taeraeက သူနဲ့တွဲနေရက်နဲ့တောင် ရည်းစားဟောင်းဖြစ်တဲ့ သူ့အချစ်ဦးကိုပဲ လွမ်းနေတာ....
ကော်ဖီဖျော်လက်စ လက်တွေဟာ ဒီအကြောင်းတွေခေါင်းထဲဝင်လာတော့ တုံ့ဆိုင်းသွားရပြန်သည်။
သူ့အပေါ်ဆို အမြဲမငဲ့ကွက်တတ်တဲ့ လူသားကိုပဲ သူဟာ အဆိပ်မိသလို ချစ်နေခဲ့တာ....တွေးမိတိုင်း Jeonghyeon ပြုံးမိသည်။
အရူးတစ်ယောက် ပြုံးနေသလိုမျိုး၊ သူ့ဘဝတစ်ခုလုံးကို သူကိုယ်တိုင် ပြန်ပြီးလှောင်ရီနေသလိုမျိုး ပြုံးမြဲသာ ပြုံးနေမိသည်။
အချစ်ဆိုတဲ့ ရိုးရှင်းမှုထဲကို Taeraeက သူ့ရည်းစားဟောင်းဆိုတဲ့ ပကာသနလေးတစ်ခု သွင်းလာတဲ့အခါ သူဟာ ဒီအတိုင်း အရှုံးသမားဖြစ်သွားရတယ်။
Taeraeရဲ့အချစ်ဆုံးလည်း ဖြစ်ခွင့်မရနိုင်သလို သူဟာ Taeraeအတွက် အချစ်ဦးဆိုတဲ့ နာမ်စားလေးလည်း ဖြစ်ခွင့်မရှိခဲ့ဘူး။ ဒါကိုတွေးမိတိုင်း Jeonghyeonက ကောက်ချက်ချတယ်။ သူဟာ သိပ်ဝမ်းနည်းစရာကောင်းတဲ့ ကောင်ပဲ! သနားလိုက်တာ!!!!
တစ်ခါတစ်လေ စိတ်ပင်ပန်းတယ်။ Taeraeက သူ့ရည်းစားဟောင်းကိုလွမ်းနေတာ မြင်ရတိုင်း ပိုပြီးပင်ပန်းရတယ်။
"Jeonghyeon! ကော်ဖီက ကြာလိုက်တာ"
"လာပြီ Taerae.... ခနလေး မောင်က Taerae လျှာအပူလောင်မှာဆိုးလို့ မှုတ်ပြီးအအေးခံနေတာ"
Taeraeက သူ့ထက်အသက်ကြီးပေမယ့် ယခုထိတော့ နုပျိုတဲ့ လူငယ်လေးတစ်ယောက်။ မျက်မှန်ကိုင်းတွေကို ပင့်တင်ပြီး စာရင်းစာအုပ်တွေနဲ့အလုပ်များနေတဲ့ ဥက္ကဋ္ဌငယ်လေးတစ်ဦးသာ ဖြစ်တယ်။
ဂျယ်ဂျူမှာရှိတဲ့ သစ်သီးဖျော်ရည်စက်ရုံအားလုံးနီးပါးကိုလည်း ပိုင်ထားသေးသည်။ သူ့ကိုအချိန်မပေးနိုင်တဲ့ Taeraeက သူ့နောက်ကွယ်မှာ လူတစ်ယောက်နဲ့တွေ့နေတာကိုလည်း သိနေပေမယ့် Lee Jeonghyeonဘာဆိုဘာမှ အပြစ်မတင်မိပါ။
ဒီဆက်ဆံရေးမှာ သူဟာ နောက်လူပဲ။ အရေးပါတယ်ထင်ရပေမယ့် အရေးမပါတဲ့ အမှိုက်....။
YOU ARE READING
Inequation • ʲᵉᵒⁿᵍʳⁱ
Romance[Burmese] 𝗟𝗲𝗲 𝗝𝗲𝗼𝗻𝗴𝗵𝘆𝗲𝗼𝗻 × 𝗥𝗶𝗰𝗸𝘆 𝗦𝗵𝗲𝗻 [oneshot] ➶ 𝗝𝘂𝗻𝗿𝗮𝗲 (𝗳𝘁.) ➶ 𝗼𝗻𝗲-𝘀𝗶𝗱𝗲𝗱 𝗹𝗼𝘃𝗲 ➶ 𝘀𝗲𝗾𝘂𝗲𝗹 𝗼𝗳 𝗣𝗔𝗜𝗡 (boys planet book) ➶ 𝘄𝗿𝗶𝘁𝘁𝗲𝗻 𝗶𝗻 𝗕𝗨𝗥𝗠𝗘𝗦𝗘