❣️❣️❣️chapter-24❣️❣️❣️

391 10 0
                                    

နန်းတို့ပထမဆုံးသွားတဲ့နေရာကပြည်ချစ်ဘုရားလို့လူသိများတဲ့မဟာအံ့ထူးကံသာဘုရားပဲဖြစ်တယ်။အမကြီးတယောက်ကိုအကူအညီတောင်းပြီးနန်းတို့ငါးယောက်ဘုရားရှေ့ဓာတ်ပုံရိုက်တယ်။၅ယောက်ပုံရိုက်ပြီးသွားတော့နန်းတယောက်တည်းပုံရိုက်ချင်တာနှင့်စိုင်းကိုရိုက်ခိုင်းလိုက်တယ်။လေကအရမ်းတိုက်နေတော့နန်းဓာတ်ပုံရိုက်နေရင်းပုခုန်းပေါ်ကပုဝါလွှင့်သွားတယ်။ပုဝါကစိုင်းဖက်ကိုလွှင့်သွားကြောင့်စိုင်းကဖမ်းပေးထားတယ််။စိုင်းကနန်းရဲ့ပုဝါကိုပြန်လာပေးတယ်။
နန်း"ကျေးဇူးပဲနော်မောင်လေး။"
နန်းပြောရင်းစိုင်းကိုသွားလေးတွေပေါ်အောင်ထိရယ်ပြလိုက်တယ်။ကျွန်တော်မမနန်းပြုံးပြတာကြည့်ပြီးရင်ခုန်သံတွေမြန်လာတယ်။မမနန်းကဗမာဝတ်စုံဝမ်းဆက်လေးနှင့်လည်းတကယ်လှတာပဲ။မမနန်းကဘာပဲဝတ်ဝတ်လှနေတဲ့အလှဘုရင်မ​လေးပါ။။
စိုင်း"မမနန်း၊ကျွန်တော်နှင့်ဓာတ်ပုံတပုံလောက်ရိုက်ရအောင်။"
နန်း"ရတယ်လေ။"
ကျွန်တော်မမနန်းနှင့်coupleဓာတ်ပုံပထမဆုံးရိုက်တယ်။ကျွန်တော်တို့တွေဓာတ်ပုံရိုက်ပြီးတော့ပန်းသည်တွေဆီကပန်းဝယ်လိုက်ပြီးဘုရားပေါ်တက်သွားတယ်။ကျွန်တော်တို့တွေဘုရားကိုပန်းကပ်လိုက်ပြီးဘုရားရှိခိုးလိုက်တယ်။ပြီးတော့နန်းတို့တွေဘုရားကိုတပတ်ပတ်ပြီးဖူးလိုက်တယ်။နန်းဘုရားကြီးကိုအမှတ်တရဓာတ်ပုံရိုက်လိုက်တယ်။ပြီးတော့ပိတ်ချင်းမြောင်ဆက်သွားတယ်။ပိတ်ချင်းမြောင်ဂူထဲမှာကျောက်စက်ပန်းဆွဲတွေကသဘာဝအတိုင်းတည်ရှိနေတယ်။နန်းကျောက်စက်ပန်းဆွဲတွေနှင့်အမှတ်တရဓာတ်ပုံရိုက်ခဲ့တယ်။ကျောက်စက်ပန်းဆွဲတွေကနေရေလေးတွေစိမ့်ကျနေတာမို့ကြမ်းပြင်ကရေတွေနှင့်ချောနေတယ်။စောကသတိမထားပဲလျှောက်လိုက်တာကြောင့်ချော်လဲမလိုဖြစ််သွားတယ်။စောရဲ့နောက်မှာစိုင်းရှိနေတာကြောင့်စိုင်းကစောကိုချော်မလဲအောင်ထိန်းပေးလိုက်တော့စောကစိုင်းရဲ့ရင်ခွင်ထဲရောက်သွားတယ်။နန်းအဲ့ဒီ့မြင်ကွင်းကြောင့်စိတ်ထဲမကျေနပ်သလို၊ဒေါသထွက်သလိုဖြစ်သွားတယ်။
စော"ကျေးဇူးပဲနော်၊စိုင်း။စိုင်းကြောင့်သာမဟုတ်ရင်စောတော့ချော်လဲနေလောက်ပြီ။"
စိုင်း"ရပါတယ်၊မမစောရဲ့။"

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now