35...

25.2K 1.3K 34
                                    

Part 35

ငုံ့မိုးကာနမ်းနေသည့်စနေ့ကိုအကြင်နာ,လည် ပင်းကနေသိုင်းဖက်ထားလေသည်။စ‌နေဦးခိုက်၏လည်ပင်နဲ့ပုခုံးကြားကနေရာလေးတွင်သူ့မျက်နှာလေးကိုကပ်ထားပြီးတစ်အင့်အင့်ရှိုက်ငိုနေပြန်သည်။အကြင်နာရဲ့ငိုသံကြောင့်စနေဦးခိုက်၏အပြုမူတွေလှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ကလေးမကြည်ဖြူပဲသူဘာကိုမှမလိုချင်သလို၊သူ့ရဲ့အပြုမူ‌တွေကြောင့်လန့်သွားသူလားဟုလည်းစိတ်ပူသွားရသည်။အိပ်ယာပေါ်ကအကြင်နာကိုစနေဦးခိုက်ခါးကနေပွေ့ချီကာဆွဲထူလိုက်လေသည်။

"ဘာဖြစ်လို့လဲ ကိုကိုနမ်းတာမကြိုက်လို့လား ။ကလေးမကြိုက်ရင်ကိုကိုမထိတော့ပါဘူး။တော်ပြီကွာမငိုနဲ့တော့"

"ကိုကို! အကြင်နာကြောက်တယ်။အရမ်းကြောက်တယ်"

ကိုယ့်ကိုယ်ကိုယ်သာစနေဦးခိုက်အပြစ်တင်မိတော့သည်။သူအတင်းရယူသလိုဖြစ်သွားတာမို့ကလေးလန့်သွားတာဖြစ်၏။ဒါပထမဆုံးအကြိမ်ကလေးသူ့ကိုငြင်းတာလည်းဖြစ် သည်။စိတ်မကောင်းပေမဲ့ကလေးဘက်ကမကြည်ဖြူရင်‌ရှေ့ဆက်တိုးဖို့ဆိုတာရှိလာမည်မဟုတ်ပါ။

"ကိုကိုတောင်းပန်ပါတယ်။ကလေး,မကြည် ဖြူရင်ကိုကိုရှေ့ဆက်မတိုးပါဘူး။ကိုကို့မျက် နှာကိုကြည့်ပါဦးကွာ"

သူ့ကိုဖက်ထားသည်ကိုပင်မလွှတ်သေးပဲလက်လေးနှစ်ဖက်ကိုပိုတင်းကြပ်အောင်ဖက်လာသေးသည်။ကျောပြင်လေးကိုပွတ်သပ်ပေးနေရင်းစနေဦးခိုက်စိတ်ထဲကနေမိမိကိုယ်ကိုဒေါသထွက်နေမိသည်။

"ကလေး..

"အကြင်နာ့ကိုမထားခဲ့ပါ‌နဲ့။မောင်နဲ့အတူခေါ်သွားပါနော်။မောင်နဲ့အတူလိုက်ချင်တယ်"

"ကလေး! ဘယ်လိုခေါ်လိုက်တာလဲ ဟင် ပြန်ခေါ်ပါဦးကွာ"

သူစွဲလမ်းရတဲ့နာမ်စားလေးကိုကြားလိုက်ရသည်မို့စနေဦးခိုက်မယုံကြည်နိုင်အောင်ဖြစ်နေရသည်။သူခြိမ်းခြောက်ပြီးခေါ်ခိုင်းသည်မှလွဲရင်အကြင်နာ့နှုတ်ဖျားမှထိုသို့ထွက်လာဖူးတာမဟုတ်ပေ။

"‌အကြင်နာ့ကိုမချစ်တော့ဘူးမလား။အကြင် နာ အများကြီးငိုနေတာတောင် မောင် နေနိုင်တယ်"

Love is born, because of you(Complete)Où les histoires vivent. Découvrez maintenant