နှောင်(Gl short story)
မွေးခန်းရှေ့မှာ ရသမျှဘုရားစာ ရွတ်ရင်း ထလိုက်ထိုင်လိုက်ဖြစ်နေတဲ့ ငါ့ကိုကြည့်ပြီးယောက်ဖတို့ကတော့အမြင်ကပ်နေလောက်ပြီ။
"ထိုင်နေပါလားရှင်းသန့်ရယ် မင့်ဟာက မျောက်သစ်ကိုင်းလွတ်နေတဲ့အတိုင်းဘဲ။"
"ဟာယောက်ဖကလည်း သွန်းကမွေးခန်းထဲမှာလေ ဘယ်လိုလုပ်စိတ်ချလက်ချနေနိုင်ပါ့မလဲ။"
"ဟေ ငါလည်းကလေးမွေးဖူးပါတယ်၊အဲမဟုတ်ပါဘူး၊ငါ့မိန်းမလည်းကလေးမွေးဖူးပါတယ်။ အခုမင်းကပိုကိုပိုလွန်းတယ်။"
ပိုတယ်ဘဲပြောပြောဘယ်လိုဘဲပြောပြော ယောက်ဖပြောစကားအတိုင်းထိုင်ခုံမှာ ထိုင်နေရတယ်။ နို့မို့ဆိုရင် ငါ့ကိုပွစိပွစိပြောလို့ဆုံးမှာမဟုတ်တော့ဘူး။
တစ်နာရီလောက်ကြာတော့ ကလေးငိုသံလေးစကြားရလာတယ်။ ဒီအသံလေးဟာငါ့ကို မိခင်တစ်ယောက်အနေနဲ့ရော ဖခင်လိုစိတ်မျိုးနဲ့ပါလောကကြီးကိုရင်ဆိုင်ဖို့အားအင်ပေးနေသလိုဘဲ။
မွေးခန်းထဲက နာစ့်မထွက်လာတော့ ပြောခဲ့တဲ့စကားက ငါ့ကိုပိုလို့တောင် တွန်းအားပေးနေသလို။
"ဂုဏ်ယူပါတယ်ရှင် ယောက်ျားလေးမွေးပါတယ်။""ဟင် သား သားလေးတဲ့လား။မိန်းကလေးနှစ်ယောက်ရဲ့ဘဝထဲကိုပထမဆုံးဝင်ရောက်လာတာသားဦးလေးတဲ့လား။"
ငါဝမ်းသာလွန်းလို့ငေးကြောင်ပြီးတောင်ရပ်နေမိနေတယ်။
"ရှင်းသန့် သွန်းကိုအခန်းပြောင်းရမယ်။လိုအပ်တဲ့အဝတ်အစားတွေကို ကားထဲမှာသွားယူလိုက်အုံး။"
"အော် အေး အင်း။"လိုအပ်တာတွေ ကိုယူပြီးငါချစ်ရတဲ့သွန်းရဲ့အခန်းလေးဆီလာခဲ့တယ်။
သူမလေးကပင်ပန်းလွန်းလို့ထင်ပါရဲ့ အိပ်မောကျနေတယ်လေ။ အိပ်ပျော်နေတဲ့သွန်းရဲ့မျက်နှာလေးကို လက်နဲ့ပွတ်သပ်နေမိတယ်။အရင်ကဆိုအရမ်းအအိပ်ဆက်တဲ့သူမလေးက ငါနဲ့ထိနေတာကိုတောင်နိုးမလားဘူးတဲ့။"ရှေ့လျှောက်မင်းနဲ့ သားလေးအတွက် ကိုယ်တိုက်ခိုက်ပေးမယ်သွန်း။ကိုယ့်လက်ကိုစွဲကိုင်ဖို့စဥ်းစားပေးထားပါ။မင်းကိုချစ်တယ်သွန်းဆက်မေ။"
စောင်လေးကို ရင်ဘက်ပေါ်ထိလွှမ်းခြုံပေးပြီးအခန်းအပြင်ထွက်လာခဲ့တယ်။
အခုမှသတိရတယ်
သားလေးရော ဘာလို့တူတူရှိမနေတာလဲ။
"ယောက်ဖ သားလေးရော။"
"သူနာပြု ပြီးရင်ခေါ်လာလိမ့်မယ်။ကလေးလည်းကျန်းမာတယ်။သွန်းနဲ့ရော တွေ့ပြီးပြီလား။"
"သူအိပ်နေတယ် ယောက်ဖ။"
"ဟင် ဟုတ်လား။ခုနတုန်းကတော့နိုးနေပါတယ်။"
"ပင်ပန်းလို့နေမှာပါ။"
"ဟေ့ရှင်းသန့် နေမှာပါလုပ်မနေနဲ့။ငါနဲ့လိုက်ခဲ့ အောက်မှာတခုခုသွားစားမယ်။
မနေ့ညကတည်းက ဘာမှမစားရသေးဘူးမလား။။"
"ဟင် သွန်း သွန်းကရော။"
"မင်းအမရှိပါတယ် လာသွားမယ်။"