Zawgyi!!
One short!
ရှောင်းအိမ်တော်အတွင်းရှိ ဧည့်ခန်းထဲတွင်
အိမ်တော် အရှင်သခင်ဖြစ်သူ ရှောင်းသခင်လေးရှောင်းကျန့်ရဲ့ အသက်ရှူသံပြင်းပြင်းက
လွဲ၍ အရာရာဟာ တိတ်ဆိတ်ငြိမ်သက်လျက်…အတော်ကြာမှသာ ရှောင်းကျန့် ဘေးဖက်မှ အသံတိုးတိုးလေး ထွက်လာလေသည်။
ထိုအသံကလေးကတော့ ရှောင်းဖုရန်လေး
တစ်ဖြစ်လည်း ရှောင်းကျန့်ရဲ့ အသည်းအသက်ကလေး ရှောင်းရိပေါ် အသံသာ……"မောင် ဟို ငါကလေ မောင့်ကို စားစေချင်တဲ့ စေတနာ~"
"တော်တော့ ဝမ်ဝမ်"
"မောင် ငါနောက်တစ်ခါ ဒီလို မဖြစ်စေရပါဘူး"
"မောင့်ကို ငါက ချစ်တယ်လေ နော် စိတ်မဆိုးပါနဲ့"
ရှောင်းရိပေါ်ကလေးမှာတော့ မချော့တတ် ချော့တတ်ဖြင့် မိမိ ခင်ပွန်း ဖြစ်သူကို ချော့နေပါသော်လည်း ထိုသူက သူ့ကို အကြည့်တစ်ချက်တောင် မပေးလာတာမို့
အသည်းနုသူ ရှောင်းရိပေါ်ကလေးရဲ့ နှာလုံးထိပ်လေးမှာ ရဲတွတ်လာတော့သည်။မကြာခင်ပဲ ရှောင်းရိပေါ်ကလေးရဲ့ မျက်ပေတုံး မျက်ဝန်းကလေးများမှာ မျက်ရည်ပုလဲ တို့ဟာ ပါးဖောင်းကလေးပေါ်သို့ တွဲခို လှိမ့်ဆင်းလာပါတော့သည်…
"ရွှတ်……ဟင့်"
ရှောင်းကျန့်မှာ……မိမိစကားနားမထောင်ပဲ မိမိအိမ်မှာမရှိခင် အိမ်အနောက်ဘက် သရက်ပင်ပေါ်သို့ ခိုးတက်ပါသည့် အကြင်ခင်ပွန်းလေးကို စိတ်ဆိုးမိပါသည်။
မိမိမှာ အလုပ်မှ ပြန်ရောက်လို့ ခင်ပွန်းဖြစ်သူကို အရင် ပွေ့ဖက်နမ်းရှူံ့လို့ အမောဖြေချင်ပါသော်လည်း တွေ့ချင်သူက ပေါ်မလာတဲ့အခါ စိတ်ဆက်တက်သူ ရှောင်းကျန့်မှာ ဒေါသ ထောင်းခနဲ ထွက်သွားရတော့သည်။
အစေခံတွေကို မေးမြန်းသော်လည်း ခင်ပွန်းဖြစ်သူ ငမွှေထိုးလေး ဘယ်ထွက်သွားလည်း ဆိုတာ
သူတို့တွေလည်း မမြင်မိပါဘူးတဲ့လေ။ရှောင်းကျန့်မှာ စိတ်ကိုထိန်းလို့ အိမ်တော် တစ်လျှောက် ခင်ပွန်းလေးရှာပုံတော် ထွက်ရတော့သည်။
YOU ARE READING
မောင်မှားပါတယ် မောင့်အသက်ရယ်...
FanfictionZSWWYYDS!! For ... @khinthandartun happybirthday!!