ကျွန်တော်တို့အိမ်မပြန်ခင်ညဈေးညစာဝင်ဝယ်လိုက်တယ်။မုန့်တွေစားထားကြလို့ဗိုက်ပြည့်နေကြလို့ပါဆယ်ပဲဝယ်သွားဖို့ဆုံးဖြတ်လိုက်တယ်။ကျွန်တော်တို့တွေဝယ်ဝာာတွေကတော့အစုံပါပဲဗျာ။ညဈေးမှာရှိတဲ့ပြောင်းဖူးပြုတ်၊ဒင်ဆမ်း၊ရေမုန့်၊ဖက်ထုပ်ကြော်၊ငါးကင်၊အကင်၊တုတ်ထိုးအကုန်ဝယ်လာလိုက်တယ်။အိမ်ရောက်တော့နန်းတို့တွေအဝတ်အစားလဲပြီးတော့ခဏနားလိုက်တယ်။ရာသီဥတုကအေးနေတော့နန်းတို့တွေအနွေးထည်တွေထပ်ဝတ်လိုက်တယ်။အနွေးထည်ကပါးတော့နန်းတို့၃ယောက်ချမ်းနေကြတယ်။မဟာစကားနားမထောင်မိတာမှားပြီလို့နန်းတို့တွေးလိုက်တယ်။မဟာကတော့နန်းတို့ချမ်းနေမှန်းသိတော့သူ့အမေရဲ့အနွေးထည်တွေသွားယူပေးတယ်။အဲ့ကျမှနန်းတို့လည်းချမ်းတာလျှော့သွားတယ်။
နန်းတို့တွေပျင်းနေတာနှင့်gameတခုလောက်ကစားဖို့ဆုံးဖြတ်လိုက်တယ်။
နန်း"gameကစားဖို့ကဟုတ်ပါပြီ။ဘာကစားကြမှလဲ။"
မဟာ"ငါတို့တူတူပုန်းတိုင်းကစားကြမလား။"
စော"စပြောကတည်းကမဟုတ်တာပြောနေတယ်။ညဖက်ကြီးကိုတူတူပုန်းတမ်းမကစားချင်ပါဘူး။"
စိုင်း"အဲ့ဒါဆိုကျွန်တော်တို့ပဟေဠိမေးကြမလား။"
နန်း"ကောင်းတယ်။ပဟေဠိဖွက်တမ်းပဲကစားကြမယ်လေ။ဘယ်လိုလဲ။"
မိုး၊စောနှင့်မဟာတု့ကသဘောတူတာကြောင့်နန်းတို့တို့တွေပဟေဠိဖွက်တမ်းကစားလိုက်ကြတယ်။
မဟာ"gameဆော့တယ်ဆိုတာအလျော်အစားပါမှပိုပြီးစိတ်ဝင်စားဖို့ကောင်းတာ။အလျော်အစားအနေနှင့်ပဟေဠိမဖြေနိုင်တဲ့သူကိုနဖူးတောက်ခံရမယ်။ဘယ်လိုလဲ။"
နန်း"စိန်လိုက်လေ၊မဟာ။"
စော"မဟာရယ်၊တို့ကိုကြောက်တယ်များထင်နေလား။စောရဲ့ကိုယ်ထဲမှာကြောက်သွေးမပါဘူးနော်။မှတ်ထားလိုက်။"
မိုး"ဟုတ်တယ်၊ကြောက်သွေးပါရင်ဖောက်ထုတ်လိုက်မယ်။ရှင်းတယ်နော်။"
စိုင်း"အဲ့ဒါဆိုပွဲစကြတာပေါ့။"💮💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်းတို့တွေကျောက်တုံး၊စက္ကူ၊ကတ်ကြီးကစားနည်းနှင့်ပဟေဠိမေးမဲ့သူကိုရွေးကြတယ်။ပထမဆုံးမေးရမဲ့သူကကိုကြီးမဟာပဲဖြစ်တယ်။
မဟာ"ကဲ၊ငါနိုင်တာဆိုတော့စမေးမယ်ပြီနော်။အသံလေးကအရမ်းသာယာတယ်။ဒါပေမဲ့လည်ပင်းကတော့အရှည်ကြီးပဲ။အဲ့ဒါဘာလဲ။"
နန်း"မဟာစာအုပ်မှာအဖြေချရေးထားနော်။"
မဟာ"အေးပါ။ငါရေးမှာပါ။"
နန်းတို့အားလုံးမဟာ့မေးခွန်းကိုစဥ်းစားခန်းဝင်နေကြတယ်။
စော"သိပြီ၊သိပြီ။တံမြတ်စည်းမလား။"
မဟာ"တလွဲပြောပြီ။အသံလေးကသာယာပါတယ်ဆို။တံမြတ်စည်းကသီချင်းဆိုနိုင်လို့လား။"
စော"ဟုတ်သားပဲ။"
မိုး"သစ်ကုလားအုတ်လား။"
မဟာ"မဟုတ်ဘူး။တိရိစ္ဆာန်ကသီချင်းဆိုတာနင်တွေ့ဖူးလို့လား။"
မိုး"ကာတွန်းထဲမှာဆိုတယ်လေဟာ။"
မိုးစကားကြောင့်နန်းတို့အားလုံးရယ်လိုက်ကြတယ်။
စိုင်း"အသံလေးကသာယာတယ်၊လည်ပင်းကတော့အရှည်ကြီးပဲဆိုတော့.......။မဟုတ်မှလွဲဲရောဂီတာမလား။"
မဟာ"ဟုတ်တယ်။စိုင်းအဖြမှန်တယ်။"
မဟာကရေးထားတဲ့အဖြေကိုနန်းတို့ကိုပြရင်းပြောလိုက်တယ်။
မဟာ"စိုင်းကလွဲပြီးကျန်တဲ့သူတွေနဖူးတောက်တာခံရမယ်နော်။"
မဟာပြောရင်းနန်းတို့၃ယောက်ကိုနဖူးတောက်လိုက်တယ်။
မဟာ"စိုင်းစမေးတော့လေ။"
စိုင်း"မေးပြီနော်။အရပ်ရှည်ရှည်၊ဆံပင်စိမ်းစိမ်း။အဲ့တာဘာလဲ။"
ကျွန်တော်ပြောပြီးတော့စာအုပ်မှာအဖြေချရေးလိုက်တယ်။💮💮💮💮💮💮💮💮💮💮💮💮💮💮💮
နန်း"ပြောင်းဖူးလား၊စိုင်း။"
စိုင်း"မဟုတ်ဘူးမမနန်း။"
မဟာ"အဲ့တာဆိုkpop အဆိုတော်တွေလား။"
စိုင်း"မဟုတ်ဘူး၊ကိုကြီး။"
စော"စိုင်း၊hintလေးပေးပါလား။ဘယ်လိုစဥ်းစား၊စဥ်းစားစဥ်းစားလို့မရဘူး။"
စိုင်း"အဲ့တာဆိုပေးမယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့အရာပဲ။ဒီအိမ်ပတ်ဝန်းကျင်မှာတောင်ရှိသေးတယ်။"
မဟာ"ဒီအိမ်ပတ်ဝန်ကျင်မှာရှိတယ်၊ဟုတ်လား။ငါတောင်မသိဘူး။စဥ်းစားလိုက်အုန်းမယ်။"
နန်း"သိပြီ၊သိပြီ။အဖြေကသစ်ပင်၊ဟုတ်တယ်မလား။"
စိုင်း"ဟုတ်တယ်။မမနန်းဖြေတာမှန်တယ်။"
ကျွန်တော်ရေးထားတဲ့အဖြေကိုမမနန်းတို့ကိုပြရင်းပြောလိုက်တယ်။မမနန်းကလွဲပြီးကျန်တဲ့သူတွေကိုကျွန်တာာ်နဖူးတောက်လိုက်တယ်။ကျွန်တော်တို့ပဟေဠိဖွက်တမ်းကစားကြတာတနာရီကျော်လောက်ကြာတယ်။ကစားလို့ဝသွားတော့ဗိုက်ဆာလာတာနှင့်ညဈေးကဝယ်လာတဲ့မုန့်တွေစားလိုက်တယ်။ဗိုက်ပြည့်သွားတော့မျက်လုံးစင်းလာတာနှင့်နန်းတို့တွေအိပ်ယာ၀င်လိုက်တယ်။မနက်ရောက်တော့နန်းတို့တွေပြင်ဦးလွင်မြို့ထဲလည်ဖို့စောစောထွက်လာကြတယ်။
နန်းတို့မနက်စားပြီးတော့ကျောက်စိမ်းဘုရားသွားကြတယ်။ကျောက်စိမ်းအစစ်နှင့်တည်ထားတဲ့စေတီကြီးကတကယ့်ကိုကြည်ညိုဖို့ကောင်းတယ်။နန်းတို့တွေဘုရားဖူးပြီးတော့အမှတ်တရဓါတ်ပုံတွေအများကြီးရိုက်ကြတယ်။ကျောက်ဘုရားဖူးပြီးသွားတော့နန်းတို့တွေမန္တလေးအဆင်းနားမှာရှိတဲ့မြွေဘုရားသွားကြတယ်။နန်းတို့ဘုရားဖူးပြီးတော့ဘုရားမှာရှိတဲ့မြွေကြီးတွေကိုသွားကြည့်ကြတယ်။နန်းတို့တွေဘုရားဖူးပြီးသွားတော့ပြင်ဦးလွင်မြို့ပေါ်ပြန်တက်ခဲ့တယ်။🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
Chapter-26coming soon💌💌💌.
🎀🎀 Author-yoon mieno🎀🎀
YOU ARE READING
မကကျွန်တော့်ရဲ့မီးအိမ်ရှင်
Romanceစိုင်းမွန်ဆိုတဲ့မိဘမရှိဘဲပထွေးလက်ထဲမှာကြီးပြင်းခဲ့ရတဲ့ကောင်လေးကိုဂရုဏာသက်မိပြီးနန်းမွန်ဆိုတဲ့ကောင်မလေးကဆရာ၀န်ဖြစ်အောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဖြူစင်တဲ့မောင်နှမသံယောဇဥ်နှင့်အစပြုခဲ့တဲ့သူတို့နှစ်ယောက်က၁၅၀၀ဆိုတဲ့ချစ်မေတ္တာကိုကူးပြောင်းသွားတဲ...