တနင်္လာနေ့ဖြစ်၍ယနေ့ဈေး၌လူပါးသည်။ မနက်ခင်းစောစောလူထပ်တုန်းအမေ့ဆိုင်မှာကူပေးခဲ့ပြီး ရောက်တုန်းရောက်ခိုက်ဒီမှာရှိသော သူငယ်ချင်းတစ်စုနှင့်ချိန်းထားသည်ကြောင့်နေ့လည်ရောက်တာနဲ့အိမ်ပြန်၊ ရေမိုးချိုးပြီးခဏစောင့်နေလိုက်သည်။
သွားမှာကလက်ဖက်ရည်ဆိုင်ပဲဆိုသော်ငြား သူငယ်ချင်းတွေတွေ့ရမှာဖြစ်တဲ့အတွက်၊ ညကတည်းကအမေမီးပူတိုက်ပေးထားသည့် ရှပ်အင်္ကျီအဖြူရောင်အား ကြယ်သီးနှစ်လုံးလောက်ဖြုတ်ကာ အနက်ရောင်ပန့်ထဲသို့တစ်ခြမ်းထည့်ဝတ်ထားသည်။အပြင်သွားတိုင်းစီးနေကျ ဂွင်းထိုးဖိနပ်အနက်ကိုပါစီးလို့၊ အရောင်ချွတ်ထားတဲ့ဆံပင်တွေကိုနဖူးပေါ်ဝဲကျအောင်အထိဖွာလိုက်သည်။ထပ်ပြီး ရေနံချောင်းတုန်းကနွှယ်ခဲ့ဖူးသည့်ကောင်မလေးလက်ဆောင်ပေးလိုက်သော ဆလင်ဒါအသေးသဏ္ဍာန်ဖန်စီနားဆွဲကိုလည်းပန်လိုက်သေး၏။
၃နာရီလောက်ရောက်တော့ဆိုင်ကယ်တစ်စီးဖြင့်လာခေါ်သည့် မင်းသက်ကြောင့်လိုက်သွားသည်။ မင်းသက်တို့အုပ်စုနှင့်က online ပေါ်တွင် friendဖြစ်ထားတာတော်တော်လေးကြာပြီဖြစ်သည်။
ကိုယ့်မြို့သားချင်းချင်းဆိုတော့သူတို့အလုပ်နားရက်မှာ တွေ့ဖို့ချိန်း၏။ ထိုသို့ဖြင့်ရောက်လာသည်က မန်းသူရ ကဖေးဖြစ်သည်။
" ငါတို့ဒီမှာရာဇ!"
လင်းလက်က စားပွဲဝိုင်း၏ရှေ့ဘက်ခပ်ဆွေဆွေကနေလက်ပြလှမ်းခေါ်သည်ကြောင့် ကျွန်တော်နဲ့မင်းသက်ဝင်ထိုင်လိုက်သည်။ တခြားပါလာတဲ့နှစ်ကောင်ကလည်းစသရောနောက်သရောနဲ့မို့ onlieပေါ်ကထက်အပြင်မှာပို၍ပင်ခင်ဖို့ကောင်းပါသေးသည်။
" ငါ့ကောင်တွေ ဘာစားမလဲ မှာကြလေ"
လင်းလက်ကမေးတော့ မင်းသက်ကဖြေသည်။
" ငါက ဖာလူဒါ....ရာဇမင်းရော"
" ချိုကျတစ်ခွက်ပဲ"
" ဟ....မုန့်လေးဘာလေးလုပ်ပါကွမင်းကလည်း"
" အေးကွာ ချချ"
ဘေးကကောင်တွေကပါဝင်ပြောသည်ကြောင့် လက်ခံလိုက်ရတော့သည်။ ဤသို့ဖြင့် အချင်းချင်းစကားစမြည်ရာမှ လင်းလက်ရဲ့ စကားဦးကကျွန်တော့်ထံလှည့်လာသည်။ သေချာတာကတော့ သူ့အကျင့်အတိုင်းရွှတ်နောက်ပေဦးမည်။

YOU ARE READING
(မမရဲ့ရာဇ)
Romance" ရာဇ...ရာဇ...ဘယ်သူ့ရာဇ?" " မမရဲ့ရာဇ!" Nomal OC (Sweet & Romance ) ကူးယူရေးသားခြင်းခွင့်မပြု⚠