Unicode(အပိုင်း၄)

95 5 0
                                    

လူကြိတ်ကြိတ်တိုးနေသောဈေးတန်း၏မနက်ခင်းပိုင်းဖြစ်သည့်အလျောက် အန်တီမြင့်ရဲ့အသားဆိုင်မှာလည်းလူကျနေသည်။ တော်သေးတာက ရာဇ ကူရောင်းပေးနေလို့သာသက်သာ၏။

ပြောရလျှင် ကူရောင်းပေးတယ်လို့ပဲအမည်တင်တာ တကယ်ဆိုအသားကိုတစ်တို့မှတို့မကြည့်စေပဲ ရှည်သွယ်ဖြူဖွေးသောလက်ပိုင်ရှင်အားငွေအမ်း ငွေယူဖို့ပဲခိုင်းထားပါသည်။

" သား...ဒီကမေကြီးကို ၂၃၀၀အမ်းပေးလိုက်"

" ဟုတ်အမေ.........ဒီမှာပါဗျ နောက်လည်းလာအားပေးပါဦးမေမေကြီး။"

အခြားဝယ်သူကိုအသားခုတ်ပေးနေသည့်အန်တီမြင့်က ဝယ်ပြီးတဲ့အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်ထံငွေအမ်းခိုင်းသည်။ ချိုသာသောအပြုံးနှင့်ဖော်ရွေမှုကိုကမ်းပေးလိုက်သည့်အခါ ထိုအမျိုးသမီးကြီးကခေါင်းတညိတ်ညိတ်နဲ့နှစ်ခြိုက်စွာပြုံးရင်းချီးကျူးသည်။

" မြေးတို့ဆီပဲလာဝယ်မှာပေါ့ ဒီလောက်ချောမောတဲ့ကောင်လေးရှိတာကိုဖွားကဘယ်ဆိုင်သွားရဦးမှာလဲ။"

" ဟဟ....ကျေးဇူးပါမေမေကြီး"

ခေတ်ဆန်ဆန်နှင့်လူကုံထံပိုင်းကဖြစ်ပုံရသည့်ထိုအမျိုးသမီးကြီးရဲ့စကားကြောင့် ရာဇ ဂုတ်ပိုးကိုပွတ်သပ်ရင်းပြန်ပြောသည်။

ဤသည်ဖြင့်အမေ့အားကူရောင်းပေးနေရင်း ဈေးဝယ်သွားလာသူများကြား အတင်းတိုးဝှေ့ပြီး မျက်​ေစာင်းထိုးအလွဲရှိ မုန့်ဟင်းခါးဆိုင်ထဲဝင်သွားသည့်တစ်ယောက်သောသူကိုမြင်လိုက်သည်။

ဒီနေ့တော့တမူထူးစွာဖြင့် အဖြူရောင်ပေါ်ပန်းကနုတ်ရေးရေးပါသည့်ထမီနှင့်အရောင်တူရင်ဖုံးလက်ရှည်ကိုဝတ်ထား၍၊ လှိုင်းတွန့်ဆံနွယ်များကိုလည်းကပိုကယိုပုံလေးဖြင့် ခပ်မြှင့်မြှင့်ထုံးထားသည်။နောက်ပြီး ခပ်ပါးပါးသာလွှမ်းထားသည့်နှုတ်ခမ်းသားထက်ကပန်းဆီရောင်ခြယ်ကလည်းနေရောင်နှင့်တဖျတ်ဖျတ်လူးလှပ်ကာ အရည်ရွှမ်းရွှမ်းပန်းသီးလေးပမာဖြစ်နေသေး၏။

ဆိုင်ရဲ့ရှေ့ဘက်မှာဝင်ထိုင်ပြီး စားပွဲထိုးကောင်လေးအား တစ်စုံတစ်ခုမှာနေတဲ့ကျောပြင်ကိုငေးကြည့်မိသော် အတွေးကဖျတ်ခနဲဝင်လာသည်။

(မမရဲ့ရာဇ)Where stories live. Discover now