❣️❣️❣️chapter-26❣️❣️❣️

373 8 0
                                    

စောတို့တွေပြင်ဦးလွင်မှာ၄ရက်လောက်နေရာအနှံ့လျှောက်လည်ကြတယ်။နေရာလည်းတော်တော်စုံအောင်ရောက်ပြီးသွားပြီ။မနက်ဖြန်ပြန်တော့မှာဆိုတော့နန်းတို့တွေဒီနေ့မီးပုံပွဲလုပ်ရင်းဘာဘီကျူးလုပ်စားဖို့စိတ်ကူးရတာနှင့်နန်းတို့တွေလိုအပ်တွေဝယ်ဖို့"RUBY"marketသွားကြတယ်။နန်းတို့ကင်စားဖို့ဝက်သား၃ထပ်သား၊အမဲသား၊အကင်မျိုးစုံ၊ပြည်ကြီးငါး.......စုံနေအောင်အကုန်ဝယ်လာလိုက်တယ်။ပြီးတော့အကင်စားရင်မပါမဖြစ်အအေးဘူးတွေလည်းပါလာခဲ့တယ်။လိုအပ်တာတွေဝယ်ပြီးတော့နန်းတို့တွေအိမ်ပြန်လာခဲ့တယ်။ညနေစောင်းတော့နန်းတို့တွေအကင်ဖိုစဖိုပြီးအကင်စကင်ကြတယ်။နန်းတို့မိန်းကလေး၃ကတော့အကင်ကင်ဖို့အဆင်သင့်လုပ်ပေးတယ်။စိုင်းနှင့်မဟာကတော့အကင်ကင်ပေးတယ်။ည၇နာရီလောက်ကြတော့နန်းတို့တွေစစားကြတယ်။
စိုင်းတို့တွေကင်ထားတာတော်တော်စားကောင်းတယ်။အနံ့လေးကိုသင်းနေတာပဲ။အကင်နံလေးကမွှေးပြီးတော့အရသာကလျှာထဲမှာစွဲပြီးကျန်ခဲ့တာ။နန်းစားဖူးတဲ့အကင်တွေထဲမှာဒီအကင်တွေကအကောင်းဆုံးလို့တောင်ပြောလို့ရတယ်။
နန်း"အကင်ကတော်တော်စားကောင်းတာပဲ။စိုင်းနှင့်မဟာကိုတော့အတော်ဆုံးစားဖိုမှူးဘွဲ့ပေးသင့်နေပြီ။"
မိုး"ဟုတ်ပါ့။ဘယ်လိုကင်ထားတာလဲမသိဘူး။အကင်တွေကနူးအိပြီးပျော့ပျောင်းနေတာပဲ။"
မဟာ"ငါကကင်နည်းမသိပါဘူးဟာ။စိုင်းပြောတဲ့အတိုင်းကင်လိုက်တာ။"
စော"ဟုတ်လား။ထင်တော့ထင်သားပဲ။စိုင်းရဲ့လက်ရာကတော့အမြဲတမ်းကောင်းပြီးသား။"
နန်း"ဒါပေါ့၊နန်းရဲ့မောင်ဆိုမှတော့တော်ပြီးသားပဲပေါ့။"
မိုး"ဟုတ်ပါတယ်၊ဟုတ်ပါတယ်။ပါရမီရှင်မောင်နှမနှစ်ယောက်ရဲ့။"
မိုးစကားကြောင့်နန်းတို့အားလုံးရယ်လိုက်ကြတယ်။

💮💮💮💮💮💮💮💮💮💮💮💮💮💮💮

မဟာ"အကင်စားရတာတော့အရသာရှိပါတယ်။ဒါပေမဲ့တခုခုလိုနေသလိုပဲ။"
စော"ဟုတ်တယ်။တခုခုလိုနေတယ်။"
နန်း"ငါလည်းတခုခုလိုနေသလိုခံစားရတယ်။"
နန်းစကားဆုံးတာနှင့်အားလုံးကဘာလိုနေလဲလို့စဥ်းစားလိုက်ကြတယ်။
အားလုံး"ခေါက်ဆွဲပြုတ်"
နန်းတို့ပြိုင်တူပြောလိုက်တယ်။နန်းတိုတွေခေါက်ဆွဲပြုတ်လိုနေမှန်းသိတာနှင့်ခေါက်ဆွဲပြုတ်လိုက်တယ်။ပြီးတော့အသားကင်ကိုခေါက်ဆွဲပြုတ်နှင့်ထည့်ပြီးစားလိုက်တယ်။အသားကင်နှင့်ခေါက်ဆွဲပြုတ်ကတကယ့်ကိုလိုက်ဖက်ညီတာပဲ။တကယ့်ကိုစားလို့ကောင်းတယ်။နန်းတို့တွေစားလို့ပြီးသွားတော့ဗိုက်တင်းတာလျှော့သွားအောင်အပျော်သဘောအနေနှင့်ကကြမယ်လို့တွေးမိတာနှင့်မဟာကအိမ်ထဲမှာရှိတဲ့bluetooth boxသွားယူပြီးသီချင်းဖွင့်လိုက်တယ်။ဘေးနားမှာကအိမ်ခြေလည်းသိပ်မရှိတော့နန်းတို့တွေသီချင်းအကျယ်ကြီးဖွင့်ပြီးကဲကြတာပေါ့။
နန်းတို့တွေအားလုံးစိတ်လွတ်ကိုယ်လွတ်နှင့်အပြီအပြင်ကဲကြတာပေါ့။ကလို့မောလာရင်အအေးသောက်ပြီးနားလိုက်တယ်၊ပြီးရင်ပြန်ကကြတယ်။နန်းတို့တွေည၉နာရီကျတော့ပင်ပန်းလာတာနှင့်အိပ်ယာဝင်ခဲ့ကြတယ်။မနက်၆နာရီလောက်ထပြီးနန်းတို့တွေတောင်ပေါ်မြို့လေးကိုစွန့်ခွာပြီးရန်ကုန်ရွှေမြို့တော်ကြီးကိုခရီးဆက်ခဲ့တယ်။နန်းတို့ညနေ၄နာရီအိမ်ပြန်ရောက်တယ်။နန်းရဲ့သူငယ်ချင်းတွေကတော့နန်းအိမ်မှာခဏနားပြီးတော့ကိုယ့်အိမ်ကိုယ်ပြန်သွားကြတယ်။နန်းခရီးပန်းလာလို့စောတို့ပြန်သွာတာနှင့်အိပ်ယာဝင်သွားတယ်။စိုင်းလည်းအတူတူပါပဲ။စောတို့ပြန်သွားတာနှင့်အိပ်ယာဝင်သွားတယ်။

💮💮💮💮💮💮💮💮💮💮💮💮💮💮

နန်းတို့ခရီးကပြန်ရောက်ပြီး၂ရက်လောက်ကြာတော့မဟာကနိုင်ငံခြားပြန်သွားတယ်။နန်းတို့တွေမဟာ့ကိုလေဆိပ်လိုက်ပို့ကြတယ်။မဟာနှင့်ခွဲရတော့မှာဆိုတော့စိုင်းကအစမျက်နှာမကောင်းဖြစ်နေကြတယ်။မဟာကတော့သူ့အကျင့်အတိုင်းလေယာဥ်မတက်ခင်နန်းတို့ကိုပျော်အောင်စသွားသေးတယ်။နန်းကဒီနှစ်ဆိုကျောင်းတက်ပြီးရင်ကျောင်းပြီးတော့မှာဆိုတော့ကျောင်းပိတ်ရက်မှာဘိုးဘိုးရဲ့companyမှာအလုပ်ဝင်လုပ်ရင်းအတွေ့အကြုံယူဖို့ဆုံးဖြတ်လိုက်တယ်။စိုင်းကိုတော့ကျောင်းပိတ်ရက်မှာသင်တန်းတွေတက်ဖို့နန်းစီစဥ်ပေးလိုက်တယ်။နန်းဘိုးဘိုးကိုပြောပြီးအခုဆိုcompanyမှာအလုပ်ဆင်းနေပြီလေ။အလုပ်သင်အနေနှင့်ပေါ့။companyကလူတွေကတော့နန်းကိုဘိုးဘိုးရဲ့မြေးမှန်းမသိဘူး။နန်းကcompanyကဝန်ထမ်းတွေရဲ့စိတ်နေစိတ်ထားကိုသိချင်လို့အလုပ်သင်အ​နေနှင့်အလုပ်ဝင်တာဖြစ်တယ်။
companyကဝန်ထမ်းတွေအားလုံးကအလုပ်ကြိုးစားပြီးအချင်းချင်းကူညီတတ်တဲ့စိတ်ထားလေးတွေရှိကြတယ်။နန်းတို့companyမှာအခုလိုဝန်ထမ်းမျိုးတွေရှိလို့နန်းဝမ်းသာရပါတယ်။နန်းကျောင်းမဖွင့်ခင်ထိcompanyမှာအလုပ်သင်လုပ်တယ်။ကျောင်းဖွင့်ချိန်ရောက်တော့နန်းအလုပ်ကထွက်ပြီးကျောင်းပြန်တက်တယ်။နန်းcompanyကသူငယ်ချင်းတွေကိုဘာမှမပြောပဲဒီတိုင်းcompanyကထွက်လာလိုက်တယ်။နန်းအလုပ်လုပ်ရင်းcompanyကဝန်ထမ်းတွေနှင့်အများကြီးခင်ခဲ့တယ်လေ။companyမှာအလုပ်ဝင်လုပ်လိုက်တာမှန်သွားတယ်။အလုပ်အကြောင်းတွေ၊ဝန်ထမ်းတွေအကြောင်းတွေအကုန်လုံးသိခဲ့ရတာပေါ့။
နန်းရဲ့နောက်ဆုံးကျောင်းတက်နှစ်ဆိုတော့နန်းသူငယ်ချင်းတွေနှင့်ပျော်ပျော်ကြီးကျောင်းတက်ခဲ့တာပေါ့။တနှစ်ဆိုတဲ့အချိန်ကလည်းမြန်သား။နန်းတို့final examဖြေရမဲ့အချိန်တောင်ရောက်လာပြီ။စာမေးပွဲနောက်ဆုံးရက်ကဆိုရင်ခွဲခွာရမဲ့ကျောင်းတော်ကြီးကိုကြည့်ပြီနန်းအရမ်းဝမ်းနည်းတာပဲ။နန်းမျက်ရည်တောင်ဝဲသွားတယ်။နန်းရဲ့ကျောင်းတော်ကြီးရေ၊ထာဝရအတွက်နှုတ်ဆတ်လိုက်တယ်၊ပြီးတော့ကျောင်းသူလေးနန်းမွန်ရေ၊နင့်ကိုလည်းနှုတ်ဆတ်ပါတယ်!!!နန်းကျောင်းတော်ကြီးကိုကြည့်ပြီးစိတ်ထဲကနေပြောလိုက်ပြီး​ကျောင်း​တော်ကြီးကို​ကျောခိုင်းလိုက်တယ်။

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

Chapter-27 coming soon💌💌💌.

🎀🎀Author-yoon mieno🎀🎀

မကကျွန်​တော့်ရဲ့မီးအိမ်ရှင်Where stories live. Discover now