LOTS - 0.6

262 37 5
                                    

[Unicode]

"ဘယ်လိုဖြစ်ရတာလဲ ယွီရန်"

လနတ်ဘုရားဟာ အလောတကြီးယွီရန်ဆီသို့ရောက်လာကာရိပေါ်ဘယ်လိုဖြစ်သွားကြောင့်မေးလိုက်သည်။

"ကျွန်တော်မျိုး အိပ်နေတဲ့ရေတံခွန်ကရေကိုထိလိုက်လို့ အခုလိုဖြစ်သွားတာပါ အရှင်"

"အခုချက်ချင်း ငါ့ကိုသူ့ဆီခေါ်သွားပေး..."

"ကျွန်တော်မျိုးလမ်းပြပါရစေအရှင် .."

ယွီရန်ဟာ ပန်းနတ်သမီးမှမွေးတဲ့သားတော်လေးပင်။သက်တမ်း ၁၀၀၀သာရှိသေးသော နတ်သူငယ်လေးဖြစ်တာမို့ ယွီရန်ဟာ အခုချိန်ထိ သူ့မိခင်ရင်ခွင်မှာသာနေပြီး အဆောင်ခွဲမနေပေ။

ယွီရန်ရဲ့အဆောင်ရှေ့ရောက်တော့ ယွီရန်ဟာလမ်းလျှောက်တာ ရပ်လိုက်ပြီး ရှောင်ကျန့်ဘက်သို့လှည့်ကာ...။

"ကျွန်တော်မျိုးမဝင်တော့ပါဘူး အရှင်..."

"ကောင်းပြီ..."

ရှောင်ကျန့်အဆောင်တံခါးကိုဆွဲဖွင့်လိုက်ပြီး အထဲသို့ဝင်ခဲ့လိုက်သည်။ယွီရန်ရဲ့ ကုတင်ထက်အဖြူရောင်လေးကိုတွေ့လိုက်ရတော့ ရှောင်ကျန့်ဟာလုံးဝအံ့သြသွားခဲ့သည်။

ပြေပြစ်နေတဲ့နဖူးပြင်ထက်က အမှတ်အသားလေး။ဆံနွယ်တွေက အနည်းငယ်ရှည်သွားပြီး မျက်နှာပြင်ဟာ အေးစက်မှုအသွင်ဆောင်ထားတယ်။

ရှောင်ကျန့်အချိန်ဆွဲမနေတော့ဘဲ ရိပေါ်ရဲ့ နဖူးပေါ်က အမှတ်အသားလေးကို တို့ထိလိုက်တော့သည်။ဂါထာတစ်ချို့ကိုရွတ်လိုက်တာနဲ့ ရိပေါ်ရဲ့ဝတ်ရုံဟာ လရောင်နဲ့ကြယ်လေးတွေစီချယ်ထားတဲ့ဝတ်ရုံအဖြစ်ပြောင်းလဲသွားတော့တယ်။ရိပေါ်နဖူးပေါ်က လက်ကိုဖယ်လိုက်တာနဲ့ရိပေါ်ဟာ ချက်ချင်းမျက်လုံးပွင့်လာတော့သည်။

"ဘာ...ဘာလုပ်တာလဲ...."

"....."

ရှောင်ကျန့်က ဘာမှပြန်မဖြေတာမို့ ရိပေါ်ကြောင်ငေးကြည့်နေရင်း ခန္ဓာကိုယ်ကတစ်ခုခုထူးဆန်းနေတာကို သတိထားမိသွားသည်။

"ငါ့လက်....အီးးး....ဘာဖြစ်သွားတာလဲ...ဟင့်...."

ရိပေါ်ရဲ့ညာလက်ဟာ လုံးဝလှုပ်ရှားမှုမရှိတော့တာမို့ ရိပေါ်ဝမ်းနည်းကာ ငိုမိတော့သည်။ဘယ်လိုပဲ ၀တ္ထုထဲမှာပဲဖြစ်နေပါစေအုံး လက်တစ်ဖက်မသန်တဲ့လူတော့သူမဖြစ်ချင်ပါ။ဝတ္ထုထဲမှာလည်း ဇာတ်ကောင်ဟာ လက်နှစ်ဖက်စလုံးသန်နေသည်လေ။အခုသူကျ ဘာလို့ဒီလိုဖြစ်ရတာလဲ။

Lengend of the sky [Hiatus]Where stories live. Discover now