LOTS - 0.8

186 15 0
                                    

[Unicode]

ပန်းရောင်ဝတ်ရုံလေးကို ဘယ်ဘက်လက်ဖြစ် အသာမလို့ ရိပေါ်ဟာ ယွီရန်နန်းဆောင်ရှေ့ကို ရောက်လာခဲ့သည်။ယွီရန်ဟာ အဆောင်ရှေ့က အလှလေးပျောက်သွားမှာစိုး၍ မျက်တောင်တောင်မခတ်ရဲ။

"ဟေ့...ယွီရန်..."

ရိပေါ်ခေါ်လိုက်တော့ ယွီရန်ဟာ သတိဝင်သွားပြီ ရိပေါ်ကို လာပြေးတွဲကူတယ်။

"ခဏထိုင်နေပါ...ကြင်ယာတော်..."

ရိပေါ်လည်းယွီရန်ပေးထိုင်တဲ့နေရာလေးမှာ ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။ယွီရန်က တစ်ခုခုကို မြန်မြန်လုပ်လိုက်ပြီး ရိပေါ်ရှေ့ယူလာတယ်။

"ဒါက... ?"

"ဆေးတစ်မျိုးပါ...ကြင်ယာတော် ...."

ရိပေါ်လည်း ဆေးဆိုတဲ့အရာကိုသေချာကြည့်လိုက်သည်။ဆေးပုံစံက ရိပေါ်မြင်ဖူးတဲ့ဆေးတွေနဲ့လုံးဝပုံစံမတူ။ယွီရန်က ရိပေါ်ညာလက်ကိုဆွဲယူပြီး စမ်းသပ်သည်။

"ကျွန်တော်မျိုးနဲ့ ကြင်ယာတော်ရင်းနှီးချင်ပါရဲ့လား...."

"ငါကလား...အင်း...မင်းကစိတ်ထားကောင်းလို့...ငါကမင်းနဲ့မိတ်ဆွေဖြစ်ချင်တယ်....."

ယွီရန်အသက်မဲ့စွာပြုံးလိုက်မိတယ်။ကြင်ယာတော်ဟာ တစ်ကယ်ရိုးသားတဲ့သူလေးပင်။လနတ်ဘုရားလိုမျိုးတော့ ကြင်ယာတော်ဟာ မာနမရှိပေ။

"ကျွန်တော်မျိုးစလိုက်ပါတော့မယ်...ကြင်ယာတော်...."

ရိပေါ်ခေါင်းငြိမ်ပြလိုက်တာနဲ့ယွီရန်ဟာ ရိပေါ်ရဲ့ ညာလက်ကိုနှိပ်နယ်ပေးပြီး ခုနကဆေးဆိုတဲ့အရာဆီ ဂါထာတစ်ချို့ကိုရွတ်ပို့တယ်။ရိပေါ်ရဲ့လက်ချောင်းလေးလှုပ်ရှားလို့ရသွားတယ်။နောက်တစ်ချက်ယွီရန်ထပ်နှိပ်လိုက်တဲ့အချိန်မှာ ရိပေါ်ဟာ နာကျင်သွားရပြီး အသံမထွက်အောင်ထိန်းလိုက်သည်။

ယွီရန်ကမနာအောင်နှိပ်နေပေမဲ့လို့ ရိပေါ်ကတော့သေမတက်နာကျင်ကရတယ်။သူ့လက်လှုပ်ရှားလို့ရအောင်လုပ်ဖို့ ရှောင်ကျန့်ကို သူမပြောပြခဲ့ရဘူး။ရှောင်ကျန့်သာ သိသွားရင် ဘယ်လိုတုန့်ပြန်မလဲ သူသိပ်သိချင်ပါသည်။

Lengend of the sky [Hiatus]Where stories live. Discover now